ပက်ပေတစ်ယောက် မခံချင်စိတ်နဲ့ ခြေစွမ်းအစစ်အမှန်ကို ထုတ်ဖော်ပြနိုင်မှာလား

[UNICODE]

စံချိန်တင်ပြောင်းရွှေ့ကြေးရှင် နီကိုလပ် ပက်ပေအနေနဲ့ ရရှိလာတဲ့ အခွင့်အလမ်းတွေကို ဖမ်းဆုပ်ပြီး ခြေစွမ်းကောင်းတွေနဲ့ အရည်အသွေးအစစ်အမှန်တွေကို ထုတ်ဖော်ပြသနိုင်ဖို့ လိုအပ်နေပြီဖြစ်တယ်လို့ နည်းပြဖြစ်သူ အာတီတာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ပက်ပေအနေနဲ့ ယမန်နှစ်ရာသီတုန်းက အသင်းသစ်၊ တိုင်းပြည်သစ်၊ ပြိုင်ပွဲအသစ်တွေမှာ အံဝင်ခွင်ကျဖြစ်ဖို့ အချိန်ယူခဲ့ရတာမှန်ပေမယ့် ယခုရာသီမှာတော့ ရုံးကန်ခဲ့ရတာတွေကို မေ့ဖျောက်ပြီး မတူကွဲပြားတာတွေကို ပြသစွမ်းဆောင်နိုင်ဖို့ လိုအပ်နေပြီလို့ နည်းပြဖြစ်သူ အာတီတာကဆိုလိုက်ပါတယ်။

“သူက ကျွန်တော် နှစ်သက်ရတဲ့ ကစားသမားမျိုးပါ။ သူ ဘယ်လောက်ပေးဆပ်ကစားနိုင်လဲဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ အသင်းက သူ့အပေါ် အများကြီး မြှုပ်နှံထားပြီး သူကလည်း အရည်အသွေးရှိတဲ့အတွက် မျှော်လင့်ချက်ကြီးမားနေတာလဲ အမှန်ပါပဲ။ အခွင့်အရေးတွေ ဖန်တီးပေးနိုင်ဖို့၊ ဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်မိပါတယ်။ သူ့ရဲ့ အရည်အသွေးတွေကို အလိုရှိပါတယ်။ ပြောရရင် အရမ်းကို လိုအပ်တာပါ။ ဘာလို့လဲဆိုရင် သူလုပ်ပြနိုင်တာတွေ အများကြီးရှိနေတာကြောင့်ပါပဲ” လို့ စပိန်လူမျိးနည်းပြက ဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် “ကျွန်တော့် အမြင်ကို ပြောရရင် သူ့ခြေစွမ်းက လမ်းကြောင်းမှန်ပေါ်ကို ရောက်လာနေပါပြီ။ ပြီးခဲ့တဲ့ပွဲစဉ်က တုန့်ပြန်မှုကတော့ တစ်ပိုင်းပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူ မှန်မှန်ကန်ကန် ပြန်လည်တုန့်ပြန်နိုင်ခဲ့ပါတယ်။ လမ်းကြောင်းမှန်အတိုင်း ခြေစွမ်းကောင်းတွေယူဆောင်ပြီး ပြန်လာနိုင်ဖို့ မျှော်လင့်ရပါတယ်။ အပတ်တိုင်းခြေစွမ်းပြနိုင်ဖို့ဆိုတဲ့ ကိစ္စက သူ့လက်ထဲမှာတင်ပါ။ သူ့အပေါ်မှာပဲ မူတည်ပါတယ်” လို့လည်း အာတီတာက ဆိုခဲ့ပါသေးတယ်။

နောက်ဆုံးအနေနဲ့ အာတီတာက “ဘောလုံးလောကထဲမှာတော့ ရလာတဲ့အချိန်မှာ ရလာတဲ့ အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုရင် ခင်ဗျား အပတ်တိုင်း၊ ပွဲစဉ်တိုင်းမှာ အခွင့်အရေးရနေလိ့မ်မယ်လို့ ဘယ်သူမှ အာမ မခံပေးထားနိုင်လို့ပါ။ ဒါကြောင့် ကျွန်တော် ကစားသမားတွေကို မှာထားတာရှိပါတယ်။ ခုရလာတဲ့အခွင့်အရေးကို ခုပဲ အသုံးချပါလို့ပေါ့” လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

Source: Mail, Metro

[ZAWGYI]

စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရွင္ နီကိုလပ္ ပက္ေပအေနနဲ႔ ရရွိလာတဲ့ အခြင့္အလမ္းေတြကို ဖမ္းဆုပ္ျပီး ေျခစြမ္းေကာင္းေတြနဲ႔ အရည္အေသြးအစစ္အမွန္ေတြကို ထုတ္ေဖာ္ျပသႏုိင္ဖို႔ လိုအပ္ေနျပီျဖစ္တယ္လုိ႔ နည္းျပျဖစ္သူ အာတီတာက တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

ပက္ေပအေနနဲ႔ ယမန္ႏွစ္ရာသီတုန္းက အသင္းသစ္၊ တုိင္းျပည္သစ္၊ ျပိဳင္ပြဲအသစ္ေတြမွာ အံဝင္ခြင္က်ျဖစ္ဖို႔ အခ်ိန္ယူခဲ့ရတာမွန္ေပမယ့္ ယခုရာသီမွာေတာ့ ရံုးကန္ခဲ့ရတာေတြကို ေမ့ေဖ်ာက္ျပီး မတူကြဲျပားတာေတြကို ျပသစြမ္းေဆာင္ႏုိင္ဖို႔ လိုအပ္ေနျပီလို႔ နည္းျပျဖစ္သူ အာတီတာကဆိုလုိက္ပါတယ္။

“သူက ကၽြန္ေတာ္ ႏွစ္သက္ရတဲ့ ကစားသမားမ်ိဳးပါ။ သူ ဘယ္ေလာက္ေပးဆပ္ကစားႏုိင္လဲဆိုတာကိုလည္း ကၽြန္ေတာ္တို႔ သိပါတယ္။ အသင္းက သူ႔အေပၚ အမ်ားၾကီး ျမွဳပ္ႏွံထားျပီး သူကလညး္ အရည္အေသြးရွိတဲ့အတြက္ ေမွ်ာ္လင့္ခ်က္ၾကီးမားေနတာလဲ အမွန္ပါပဲ။ အခြင့္အေရးေတြ ဖန္တီးေပးႏုိင္ဖို႔၊ ဂိုးေတြ၊ ဂိုးဖန္တီးမႈေတြ ျပဳလုပ္ႏုိင္ဖုိ႔ ေမွ်ာ္လင့္မိပါတယ္။ သူ႔ရဲ႕ အရည္အေသြးေတြကို အလိုရွိပါတယ္။ ေျပာရရင္ အရမ္းကို လိုအပ္တာပါ။ ဘာလို႔လဲဆိုရင္ သူလုပ္ျပႏုိင္တာေတြ အမ်ားၾကီးရွိေနတာေၾကာင့္ပါပဲ” လို႔ စပိန္လူမ်ိးနည္းျပက ဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ “ကၽြန္ေတာ့္ အျမင္ကို ေျပာရရင္ သူ႔ေျခစြမ္းက လမ္းေၾကာင္းမွန္ေပၚကို ေရာက္လာေနပါျပီ။ ျပီးခဲ့တဲ့ပြဲစဥ္က တုန္႔ျပန္မႈကေတာ့ တစ္ပိုင္းေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ သူ မွန္မွန္ကန္ကန္ ျပန္လည္တုန္႔ျပန္ႏုိင္ခဲ့ပါတယ္။ လမ္းေၾကာင္းမွန္အတုိင္း ေျခစြမ္းေကာင္းေတြယူေဆာင္ျပီး ျပန္လာႏုိင္ဖို႔ ေမွ်ာ္လင့္ရပါတယ္။ အပတ္တုိင္းေျခစြမ္းျပႏုိင္ဖို႔ဆိုတဲ့ ကိစၥက သူ႔လက္ထဲမွာတင္ပါ။ သူ႔အေပၚမွာပဲ မူတည္ပါတယ္” လို႔လည္း အာတီတာက ဆိုခဲ့ပါေသးတယ္။

ေနာက္ဆံုးအေနနဲ႔ အာတီတာက “ေဘာလံုးေလာကထဲမွာေတာ့ ရလာတဲ့အခ်ိန္မွာ ရလာတဲ့ အခြင့္အလမ္းကို ဖမ္းဆုပ္ႏုိင္ဖို႔ လိုပါတယ္။ ဘာလို႔လဲဆိုရင္ ခင္ဗ်ား အပတ္တုိင္း၊ ပြဲစဥ္တုိင္းမွာ အခြင့္အေရးရေနလိ့မ္မယ္လို႔ ဘယ္သူမွ အာမ မခံေပးထားႏုိင္လို႔ပါ။ ဒါေၾကာင့္ ကၽြန္ေတာ္ ကစားသမားေတြကို မွာထားတာရွိပါတယ္။ ခုရလာတဲ့အခြင့္အေရးကို ခုပဲ အသံုးခ်ပါလို႔ေပါ့” လို႔လည္း ေျပာဆိုသြားခဲ့ပါတယ္။

Source: Mail, Metro

Leave a Reply