ပက်ပေ ဘာကြောင့် ခြေစွမ်းကောင်းတွေ ပြန်ရလာတာလဲ

[UNICODE]

စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အသင်းထံ ပြောင်းရွှေ့လာခဲ့ပေမယ့် ပရိတ်သတ်ကျေနပ်လောက်တဲ့ ခြေစွမ်းမျိုးမပြသနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရဖူးတဲ့ နီကိုလပ် ပက်ပေဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်မှာတော့ တည်ငြိမ်ပြီးထက်မြက်တဲ့ခြေစွမ်းမျိုးကို ပြန်လည်ပြသနိုင်ခဲ့ပါတယ်။

ပက်ပေတစ်ယောက် ခုလိုမျိုး ခြေစွမ်းကောင်းကို ပြန်လည်ပိုင်ဆိုင်လာတာဟာ နည်းပြအာတီတာ စီစဉ်ပေးခဲ့တဲ့ အချိန်ပိုလေ့ကျင့်ခန်းအစီအစဉ်တွေကြောင့်ဖြစ်တယ်လို့ ဂန္တဝင်ဟောင်း ကီဗင် ကမ်းဘဲလ်က ပြောဆိုသွားပါတယ်။

အဆိုပါ အထူးလေ့ကျင့်ခန်း အစီအစဉ်တွေကြောင့် ပက်ပေတစ်ယောက် ခြေစွမ်းပိုမိုတည်ငြိမ်လာခဲ့ပြီး တိုက်စစ်လိုက်ပါရာမှာလည်း ပြိုင်ဘက်ကို ပိုမိုအန္တရာယ်ပေးလာနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းနဲ့ အံဝင်မှုပိုင်းမှာ အားကောင်းလာသလို ဘောလုံးဆုံးရှုံးမှုလည်းနည်းပါးလာချိန်မှာ ယုံကြည်မှုလည်းတိုးလာခဲ့ပြီး သွင်းဂိုးတွေပါ ဆက်တိုက်သွင်းယူလာနိုင်ခဲ့တာပါ။

ကမ်းဘဲလ်ကတော့ ခုအနေအထားဟာ ပက်ပေရဲ့ အာဆင်နယ်ကစားသမားဘဝမှာ အချိုးအကွေ့တစ်ခုဖြစ်ပြီး ထိပ်တန်းအဆင့်ခြေစွမ်းတွေကို ထုတ်ဖော်ပြသနိုင်ဖို့အတွက် စာမျက်နှာသစ်တစ်ခုကို စတင်ဖွင့်လှစ်လိုက်နိုင်တာဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။

“အထူးလေ့ကျင့်ခန်းတွေ မလုပ်ခင်တုန်းကဆို သူ့ရဲ့ ခေါင်းက အမြဲငုံ့လျှိုးနေခဲ့တာပါ။ ခုတော့ ကွင်းထဲမှာ မော်ကြွားပြီး ပျော်ရွှင်နိုင်နေပါပြီ။ သူ့ရဲ့ အစွမ်းကိုသူပြန်ရပါပြီ။ အရာအားလုံးပြောင်းလဲနေပါပြီ။ သူ ကောင်းကောင်း ရှေ့ဆက်နိုင်တော့မှာပါ။ သူ ခုဆို ဂိုးတွေ ပိုသွင်းလာနိုင်သလို ပိုလည်း အန္တရာယ်ပေးနိုင်နေပါပြီ။ ပြောရရင် သူက ယူရိုပါလိဂ်မှာ ပိုခြေစွာနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ သက်သေထပ်ပြဖို့ လိုနေပါသေးတယ်” လို့ ကမ်းဘဲလ်က ဆိုခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ လိုင်လီအသင်းကနေ အာဆင်နယ်အသင်းထံ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နီကိုလပ် ပက်ပေဟာ ပြီးခဲ့တဲ့ရာသီမှာ ၁၆ ဂိုးသွင်းယူကာ ၅ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြီး အများစုကို ဒုတိယရာသီဝက်မှာ စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

Source: TBR

[ZAWGYI]

စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ အသင္းထံ ေျပာင္းေရႊ႕လာခဲ့ေပမယ့္ ပရိတ္သတ္ေက်နပ္ေလာက္တဲ့ ေျခစြမ္းမ်ိဳးမျပသႏုိင္ခဲ့တာေၾကာင့္ ေဝဖန္မႈေတြ ခံခဲ့ရဖူးတဲ့ နီကိုလပ္ ပက္ေပဟာ ျပီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက္မွာေတာ့ တည္ျငိမ္ျပီးထက္ျမက္တဲ့ေျခစြမ္းမ်ိဳးကို ျပန္လည္ျပသႏုိင္ခဲ့ပါတယ္။

ပက္ေပတစ္ေယာက္ ခုလိုမ်ိဳး ေျခစြမ္းေကာင္းကို ျပန္လည္ပိုင္ဆုိင္လာတာဟာ နည္းျပအာတီတာ စီစဥ္ေပးခဲ့တဲ့ အခ်ိန္ပိုေလ့က်င့္ခန္းအစီအစဥ္ေတြေၾကာင့္ျဖစ္တယ္လို႔ ဂႏၱဝင္ေဟာင္း ကီဗင္ ကမ္းဘဲလ္က ေျပာဆိုသြားပါတယ္။

အဆုိပါ အထူးေလ့က်င့္ခန္း အစီအစဥ္ေတြေၾကာင့္ ပက္ေပတစ္ေယာက္ ေျခစြမ္းပိုမိုတည္ျငိမ္လာခဲ့ျပီး တုိက္စစ္လိုက္ပါရာမွာလည္း ျပိဳင္ဘက္ကို ပိုမိုအႏၱရာယ္ေပးလာႏုိင္ခဲ့တာျဖစ္ပါတယ္။ အသင္းနဲ႔ အံဝင္မႈပိုင္းမွာ အားေကာင္းလာသလို ေဘာလံုးဆံုးရံႈးမႈလည္းနည္းပါးလာခ်ိန္မွာ ယံုၾကည္မႈလည္းတိုးလာခဲ့ျပီး သြင္းဂိုးေတြပါ ဆက္တုိက္သြင္းယူလာႏုိင္ခဲ့တာပါ။

ကမ္းဘဲလ္ကေတာ့ ခုအေနအထားဟာ ပက္ေပရဲ႕ အာဆင္နယ္ကစားသမားဘဝမွာ အခ်ိဳးအေကြ႕တစ္ခုျဖစ္ျပီး ထိပ္တန္းအဆင့္ေျခစြမ္းေတြကို ထုတ္ေဖာ္ျပသႏုိင္ဖို႔အတြက္ စာမ်က္ႏွာသစ္တစ္ခုကို စတင္ဖြင့္လွစ္လိုက္ႏုိင္တာျဖစ္တယ္လို႔ သံုးသပ္သြားပါတယ္။

“အထူးေလ့က်င့္ခန္းေတြ မလုပ္ခင္တုန္းကဆို သူ႔ရဲ႕ ေခါင္းက အျမဲငံု႔လွ်ိဳးေနခဲ့တာပါ။ ခုေတာ့ ကြင္းထဲမွာ ေမာ္ၾကြားျပီး ေပ်ာ္ရႊင္ႏုိင္ေနပါျပီ။ သူ႔ရဲ႕ အစြမ္းကိုသူျပန္ရပါျပီ။ အရာအားလံုးေျပာင္းလဲေနပါျပီ။ သူ ေကာင္းေကာင္း ေရွ႕ဆက္ႏုိင္ေတာ့မွာပါ။ သူ ခုဆို ဂိုးေတြ ပိုသြင္းလာႏုိင္သလို ပိုလည္း အႏၱရာယ္ေပးႏုိင္ေနပါျပီ။ ေျပာရရင္ သူက ယူရိုပါလိဂ္မွာ ပိုေျခစြာေနဆဲျဖစ္ျပီး ပရီးမီးယားလိဂ္မွာေတာ့ သက္ေသထပ္ျပဖို႔ လိုေနပါေသးတယ္” လို႔ ကမ္းဘဲလ္က ဆိုခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္မွာ လိုင္လီအသင္းကေန အာဆင္နယ္အသင္းထံ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ နီကိုလပ္ ပက္ေပဟာ ျပီးခဲ့တဲ့ရာသီမွာ ၁၆ ဂိုးသြင္းယူကာ ၅ ဂိုးဖန္တီးမႈျပဳလုပ္ႏုိင္ခဲ့ျပီး အမ်ားစုကို ဒုတိယရာသီဝက္မွာ စြမ္းေဆာင္ႏုိင္ခဲ့တာျဖစ္ပါတယ္။

Source: TBR

Leave a Reply