
အစားအစာတိုင်းက ခွန်အားတိုးစေတာမဟုတ်ပါဘူး။ အစားအစာတိုင်းမှာ သူ့အားသာချက်နဲ့သူရှိပြီး သူ့အာဟာရဓာတ်နဲ့သူမို့ အကျိုးပြုပုံခြင်းလည်း မတူညီတတ်ကြပါဘူး။ ဒီလိုအမျိုးအမယ်ပေါင်းများစွာရှိနေတဲ့ အစားအစာတွေထဲမှာ ခွန်အားတိုးစေမယ့် အစားအစာတွေကလည်း သီးသန့်အုပ်စုတစ်ခုအဖြစ် ရှိနေကြပါတယ်။
တကယ်လို့ ပင်ပန်းနွမ်းနယ်နေပြီ၊ လုပ်ချင်ကိုင်ချင်စိတ်မရှိတော့ပဲ ငူငူငိုင်ငိုင်ဖြစ်နေပြီဆိုရင် သင် ခွန်အားယုတ်လျော့နေပြီလို့ ဆိုရမှာပါ။ ဒီလိုဆိုရင် သင့်ရဲ့ အားအင်ပြန်လည်ပြည့်ဝလာစေဖို့ မှန်ကန်တဲ့ အစားအစာတွေကို မှီဝဲပြီး သဘာဝနည်းအတိုင်း ခွန်အားဖြည့်တင်းဖို့ လိုအပ်လာပြီပေါ့။

ခွန်အားတိုးစေမယ့် အာဟာရပြည့်အစားအစာတွေ
ခွန်အားဆုတ်ယုတ်ပြီး ပင်ပန်းနုံးချိနေတာဟာ သင့်ရဲ့ တစ်နေ့တာကို အတော်လေး ဒုက္ခများစေနိုင်ပါတယ်။ ဘာမှမလုပ်ချင်မကိုင်ချင် မလန်းမဆန်းနဲ့မို့ အချိန်ကြာလတာနဲ့အမျှ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေပါ ဖြစ်လာနိုင်တာမို့ အလျှင်အမြန် ပြန်လည်ခွန်အားဖြည့်တင်းဖို့ လိုအပ်ပါတယ်။
ဒီလိုခွန်အားဖြည့်တင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းက အာဟာရဓာတ်ပြည့်ဝပြီး ခွန်အားကို တိုးပွားစေတဲ့ အစားအစာတစ်ချို့ကို မှီဝဲပေးဖို့ပါပဲ။ အောက်မှာဖော်ပြပေးမယ့် အစားအစာတွေဟာ ခွန်အားပြည့်ဝစေဖို့ အထောက်အကူပြုပေးမယ့် အစားအစာအမျိုးအစားတွေဖြစ်ပါတယ်။
ငှက်ပျောသီး – Energy ရစေမယ့် အစားအစာတွေထဲမှာ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးရနိုင်တဲ့ အစားအစာပါ။ ခွန်အားဖြစ်စေတဲ့ ကာဘိုဟိုက်ဒြိတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် B6 တို့လို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အဆီများတဲ့ငါးများ – ဆော်လ်မွန်နဲ့ တူနာတို့လို လူကိုအကျိုးပြုတဲ့ အဆီဓာတ်ကြွယ်ဝတဲ့ငါးတွေကလည်း ခွန်အား ဖြည့်တင်းပေးနိုင်ပါတယ်။
ဆန်လုံးညို – အမျှင်ဓာတ်ကြွယ်ဝတဲ့ ဆန်လုံးညိုက ဗိုက်ပြည့်စေပြီး ဆီးချိုရောဂါကို သက်သာစေရုံသာမက အားလည်းပြည့်စေပါတယ်။
ကန်စွန်းဥ – ကန်စွန်းဥစားရင် အားရှိတယ်လို့ ငယ်ငယ်ကကြားဖူးပါရဲ့။ အမှန်ပါပဲ။ တစ်နေ့ကို ၁၀၀ ဂရမ်လောက် ပုံမှန် မှီဝဲပေးသင့်ပါတယ်။
ကော်ဖီ – ကော်ဖီက လူကို လန်းဆန်းစေတဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါပေမယ့် ကော်ဖီသောက်သုံးရာမှာ သတိထားသင့်တာက တန်ဆေးလွန်ဘေးဆိုတဲ့အချက်ဖြစ်ပြီးတော့ တစ်နေ့ကို ၃ ခွက်ထက် ပိုမသောက်သင့်ပါဘူး။
ဥအမျိုးမျိုး – ဥတွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေက ဘာနဲ့မှ တန်ဖိုးဖြတ်မရပါဘူး။ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ မရိုးရအောင်လည်း ချက်ပြုတ်စားနိုင်ပါသေးတယ်။
ပန်းသီး – ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးသစ်သီးလို့ နာမည်ကျော်တဲ့ ပန်းသီးဟာ ကာဘိုဟိုက်ဒြိတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် အားအင်ပြည့်ဖြိုးစေမယ့် အစားအစာတစ်ခုပါ။
ရေ – ရေဓာတ်ဟာ ခန္ဓာကိုယ်မှာ အလွန်အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ ရေဓာတ်မဆုံးရှုံးစေဖို့ အထောက်အကူဖြစ်စေတာသာမက ခွန်အားပြည့်စေဖို့လည်း ကူညီပေးပါတယ်။
Dark chocolate – ကိုကိုးပါဝင်မှုများတဲ့ ချောကလက်အမည်းဟာ ရိုးရိုးချောကလက်တွေထက် ပိုပြီး အားဖြစ်စေပါတယ်။ ကိုကိုးဟာ antioxidants ကြွယ်ဝတာမို့ ကျန်းမာရေးအကျိုးကျေးဇူးများပါတယ်။

Oatmeal – အုတ်ဂျုံမှုန့်က ခွန်အားကို ပြည့်ဝစေရုံသာမက တာရှည်အောင်လည်း ထိမ်းသိမ်းပေးနိုင်ပါတယ်။ အားအင်ပြည့်ဖြိုးစေရုံသာမက အစာခြေစနစ်ကိုလည်း အထောက်အကူပြုပါသေးတယ်။
ဒိန်ချဉ် – ဒိန်ချဉ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ လောင်စာတွေ အကုန်ပါဝင်နေတဲ့ အစားအစာတစ်မျိုးပါ။ လူကို အကျိုးပြုတဲ့ lactose နဲ့ galactose တို့လို သကြားဓာတ်တွေလည်းပါဝင်နေပါတယ်။
ပဲနီလေး – ပဲနီလေးကို စွပ်ပြုတ်လုပ်သောက်တာမျိုးက ပရိုတိန်းဓာတ်ရော ရေဓာတ်ရော ရစေမှာမို့ အာဟာရဓာတ်ပြည့်ဝမှာဖြစ်သလို အားလည်းရှိစေမှာပါ။
ထောပတ်သီး – ထောပတ်သီးကတော့ စွယ်စုံရ သစ်သီးပါ။ ကိုယ်အလေးချိန်ကျဖို့ကနေ ခွန်အားပြည့်ဖို့အထိ အကျိုးသက်ရောက်မှုရှိစေမယ့် စူပါအစားအစာတစ်မျိုးပါ။
လိမ္မော်သီး – ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီးဟာ antioxidant compounds တွေပါဝင်တာမို့ စိတ်ဖိစီးမှုကို လျော့ကျစေသလို ပင်ပန်းနွမ်းနယ်နေတာကိုလည်း လျော့ပါးစေတာမို့ လူလန်းဆန်းစေပါတယ်။
စတော်ဘယ်ရီသီး – စတော်ဘယ်ရီသီးကို energy-boosting fruit လို့ ခေါ်ကြပါတယ်။ အရသာရှိသလို အင်အားလည်းဖြစ်စေလို့ပါ။
လက်ဖက်စိမ်း ရေနွေးကြမ်း – လက်ဖက်စိမ်းဟာ ပင်ပန်းနွမ်းနယ်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ L-theanine ဓာတ်က ခုလိုဖြစ်စေတာပါ။ စိတ်ဖိစီးမှုကို လျှော့ကျစေပြီး လူကိုလည်း တက်ကြွစေမှာပါ။
အထက်မှာ ဖော်ပြခဲ့တဲ့အစားအစာတွေဟာ သင်ပင်ပန်းနွမ်းနယ်ပြီး ခွန်အားယုတ်လျော့နေချိန်မှာ လန်းဆန်းစေရုံသာမက ကျန်တဲ့အချိန်တွေမှာလည်း ကြိုတင်မှီဝဲစားသုံးပေးရင်လည်း အကျိုးဖြစ်ထွန်းစေမှာပါလို့။