ပရီးမီးယားလိဂ်ဆုဖလားကို ရယူနိုင်တယ်လို့ ကြုံးဝါးခဲ့တဲ့ ဝီလီယံ

[UNICODE]

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား ဝီလီယံက သူတို့အသင်းဟာ နည်းပြအာတီတာရဲ့ ဦးဆောင်မှုနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရယူနိုင်စွမ်းရှိတယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

ယခုနှစ်ရာသီအစမှာမှ ချယ်လ်ဆီးအသင်းထံကနေ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် ဘရာဇီးလ်လူမျိုး တောင်ပံကစားသမား ဝီလီယံက Daily Mail နဲ့ သီးသန့်အင်တာဗျူးမှာ သူတို့အသင်းဟာ လာမယ့်ရာသီမှာ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်လိမ့်မယ်လို့ ပြောဆိုသွားခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ ရာသီမှာ ရှုံးပွဲမရှိ စံချိန်နဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူခဲ့ပြီးတဲ့နောက်ပိုင်းမှာ အဆိုပါဆုဖလားကို ထပ်မံရယူနိုင်ခြင်းမရှိတော့တဲ့အသင်းဖြစ်ပေမယ့် ဝီလီယံကတော့ အာတီတာရဲ့လက်အောက်မှာ ဂန်းနားတွေ အမှတ်ပေးချန်ပီယံပြန်ဖြစ်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“အာဆင်နယ်မှာ ထိပ်တန်းနည်းပြတစ်ယောက် ပိုင်ဆိုင်နေပါပြီ။ ပရီးမီးယားလိဂ်အပါအဝင် ချန်ပီယံဆုဖလားတွေကို စိန်ခေါ်နိုင်စေမယ့် အကောင်းဆုံး အခွင့်အလမ်းကြီးပါ။ ကျွန်တော်တို့ အမှတ်ပေးဖလားကို အရယူနိုင်ပါတယ်။ ဒီရာသီမဟုတ်ရင်တောင် နောက်ရာသီက ကျွန်တော်တို့ ရာသီဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ ဒီအောင်မြင်မှုဆီကို အရောက်သွားဖို့အတွက် အလွန်စိတ်အားတက်ကြွနေကြပါတယ်” လို့ ဝီလီယံက ပြောဆိုသွားခဲ့တာပါ။

ဒါ့အပြင် နည်းပြအာတီတာရဲ့ အရည်အသွေးနဲ့ပတ်သက်လို့လည်း ဝီလီယံက ခုလိုမျိုးပြောဆိုခဲ့ပါသေးတယ်။ “အာတီတာရဲ့ နည်းလမ်းတွေနဲ့ ဘောလုံးဒဿနာတွေက ခြားနားပါတယ်။ သူ့ရဲ့ အကြံဉာဏ်တွေ၊ ဖွဲ့စည်းပုံတွေ၊ ပြောဆိုပြုမူပုံအားလုံးက ခြားနားပါတယ်။ တကယ်ကို ပြိုင်ဘက်ကင်းပါ” လို့လည်း ပြောဆိုသွားခဲ့တာပါ။

ချယ်လ်ဆီးအသင်းမှာ ၇ ရာသီကြာကစားခဲ့ဖူးတဲ့ ဝီလီယံဟာ အာဆင်နယ်အသင်းရဲ့ လန်ဒန်ဒါဘီပြိုင်ဘက်ကလပ်နဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၂ ကြိမ်ရယူခဲ့ဖူးသူဖြစ်ပါတယ်။

Source: Daily Mail

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ ေတာင္ပံကစားသမား ဝီလီယံက သူတို႔အသင္းဟာ နည္းျပအာတီတာရဲ႕ ဦးေဆာင္မႈနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို ရယူႏုိင္စြမ္းရွိတယ္လို႔ ၾကံဳးဝါးေျပာဆိုလုိက္ပါတယ္။

ယခုႏွစ္ရာသီအစမွာမွ ခ်ယ္လ္ဆီးအသင္းထံကေန အာဆင္နယ္အသင္းထံကို ေျပာင္းေရႊ႕လာခဲ့တဲ့ အသက္ ၃၂ ႏွစ္အရြယ္ ဘရာဇီးလ္လူမ်ိဳး ေတာင္ပံကစားသမား ဝီလီယံက Daily Mail နဲ႔ သီးသန္႔အင္တာဗ်ဴးမွာ သူတို႔အသင္းဟာ လာမယ့္ရာသီမွာ အမွတ္ေပးခ်န္ပီယံဆုကို ရယူႏုိင္လိမ့္မယ္လို႔ ေျပာဆိုသြားခဲ့တာပါ။

အာဆင္နယ္အသင္းဟာ ၂၀၀၃-၀၄ ရာသီမွာ ရံႈးပြဲမရွိ စံခ်ိန္နဲ႔ ပရီးမီးယားလိဂ္ဖလားကို ရယူခဲ့ျပီးတဲ့ေနာက္ပိုင္းမွာ အဆုိပါဆုဖလားကို ထပ္မံရယူႏုိင္ျခင္းမရွိေတာ့တဲ့အသင္းျဖစ္ေပမယ့္ ဝီလီယံကေတာ့ အာတီတာရဲ႕လက္ေအာက္မွာ ဂန္းနားေတြ အမွတ္ေပးခ်န္ပီယံျပန္ျဖစ္ႏုိင္တယ္လုိ႔ ေျပာဆိုလုိက္ပါတယ္။

“အာဆင္နယ္မွာ ထိပ္တန္းနည္းျပတစ္ေယာက္ ပိုင္ဆိုင္ေနပါျပီ။ ပရီးမီးယားလိဂ္အပါအဝင္ ခ်န္ပီယံဆုဖလားေတြကို စိန္ေခၚႏိုင္ေစမယ့္ အေကာင္းဆံုး အခြင့္အလမ္းၾကီးပါ။ ကၽြန္ေတာ္တို႔ အမွတ္ေပးဖလားကို အရယူႏုိင္ပါတယ္။ ဒီရာသီမဟုတ္ရင္ေတာင္ ေနာက္ရာသီက ကၽြန္ေတာ္တို႔ ရာသီျဖစ္လာႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ ဒီေအာင္ျမင္မႈဆီကို အေရာက္သြားဖို႔အတြက္ အလြန္စိတ္အားတက္ၾကြေနၾကပါတယ္” လို႔ ဝီလီယံက ေျပာဆိုသြားခဲ့တာပါ။

ဒါ့အျပင္ နည္းျပအာတီတာရဲ႕ အရည္အေသြးနဲ႔ပတ္သက္လို႔လည္း ဝီလီယံက ခုလိုမ်ိဳးေျပာဆိုခဲ့ပါေသးတယ္။ “အာတီတာရဲ႕ နည္းလမ္းေတြနဲ႔ ေဘာလံုးဒႆနာေတြက ျခားနားပါတယ္။ သူ႔ရဲ႕ အၾကံဥာဏ္ေတြ၊ ဖြဲ႕စည္းပံုေတြ၊ ေျပာဆိုျပဳမူပံုအားလံုးက ျခားနားပါတယ္။ တကယ္ကို ျပိဳင္ဘက္ကင္းပါ” လို႔လည္း ေျပာဆိုသြားခဲ့တာပါ။

ခ်ယ္လ္ဆီးအသင္းမွာ ၇ ရာသီၾကာကစားခဲ့ဖူးတဲ့ ဝီလီယံဟာ အာဆင္နယ္အသင္းရဲ႕ လန္ဒန္ဒါဘီျပိဳင္ဘက္ကလပ္နဲ႔အတူ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ၂ ၾကိမ္ရယူခဲ့ဖူးသူျဖစ္ပါတယ္။

Source: Daily Mail

Leave a Reply