ပရီးမီးယားလိဂ်မှာ သမိုင်းမှတ်တမ်းသစ်ရေးထိုးလိုက်တဲ့ စမစ်-ရိုးနဲ့ ဆာကာ

[UNICODE]

အာဆင်နယ်အသင်းရဲ့ ခြေစွမ်းပြန်လည်မြင့်တက်လာမှုမှာ အဓိကကျတဲ့ ကစားသမားတွေလို သတ်မှတ်ရလောက်အောင်ကို ခြေစွမ်းကောင်းတွေကို အတွဲညီညီ တွဲဖက်ခြေစွမ်းပြသနေတဲ့ လူငယ်ကြယ်ပွင့် အီမီလီ စမစ်-ရိုးနဲ့ ဘူကာယို ဆာကာတို့ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းမှာ မှတ်တမ်းသစ်ရေးထိုးလိုက်ပါတယ်။ သမိုင်းမှတ်တမ်းသစ်ရေးထိုးလိုက်တဲ့ အဆိုပါ ကြယ်ပွင့် ၂ ယောက်ဟာ အသက် ၂၁ နှစ်မကျော်ကြသေးသူတွေပါ။

Goal ရဲ့ ဖော်ပြချက်အရ အာဆင်နယ်လူငယ်ကြယ်ပွင့် ၂ ဦးဟာ အသက် ၂၁ နှစ်အောက် အင်္ဂလိပ်လူငယ် တွေထဲမှာ နှစ်ဦးပေါင်း ပူးပေါင်းလုပ်ဆောင်မှုနဲ့ သွင်းယူနိုင်တဲ့ သွင်းဂိုး ၃ ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်တဲ့။ နောက်ဆုံးပရီးမီးယားလိဂ် ၅ ပွဲမှာ ဆာကာသွင်းယူခဲ့တဲ့ သွင်းဂိုး ၃ ဂိုးလုံးကို စမစ်-ရိုးက ဖန်တီးမှုပြုပေးခဲ့ပြီး ခုလို မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာပါ။

ဒါက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ အသက် ၂၁ နှစ်အောက် လူငယ်ကစားသမား ၂ ဦး အတွဲညီညီ တွဲဖက်ကစားပြီး ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အမြင့်မားဆုံး မှတ်တမ်းဖြစ်ပါတယ်။ သူတို့ သမိုင်းမှတ်တမ်းသစ်ရေးထိုးလိုက်တဲ့ ဂုဏ်ယူစရာ စွမ်းဆောင်ရည်လို့ ဆိုရမှာပါ။

လူငယ်ကစားသမားတွေဟာ တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတွေ၊ မှတ်တမ်းကောင်းတွေကို မကြာခဏထုတ်ဖော်ပြသတတ်ကြပေမယ့် ခုလို ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းမျိုးကိုတော့ ပြသနိုင်ဖို့ ခက်ခဲလေ့ရှိပါတယ်။

လက်ရှိရာသီမှာ အသက် ၂၀ အရွယ် လူငယ်ကွင်းလယ်တိုက်စစ်ကစားသမား အီမီလီ စမစ်-ရိုးဟာ အသင်းအတွက် ၁၁ ပွဲပါဝင်ကစားပေးထားပြီး ၅ ဂိုးဖန်တီးပြီး ၂ ဂိုးသွင်းယူပေးထားသလို ၁၉ နှစ်သား တောင်ပံကြယ်ပွင့် ဘူကာယို ဆာကာကလည်း ၂၃ ပွဲပါဝင်ကစားပေးထားရာမှာ ၄ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။

နည်းပြ အာတီတာကတော့ ဒီလူငယ်တွေဟာ သူ့ရဲ့မျက်နှာမှာ အပြုံးပန်းတွေ ဝေဆာလာအောင် လုပ်ပေးခဲ့သူတွေလို့ ချီးမွမ်းစကားဆိုထားပါတယ်။ “ကျွန်တော်တို့ အနိုင်ရတဲ့အခါတိုင်း မျက်နှာမှာ အပြုံးပန်းတွေ ဝေနေရပါတယ်။ ဒီလိုဖြစ်လာအောင် သူတို့က ဖန်တီးပေးခဲ့ကြတာပါ။ သူတို့ ဘာလုပ်နိုင်လဲဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ သူတို့ ကောင်းကောင်းတိုးတက်လာနေကြတာပါ။ သူတို့နှစ်ယောက်ရဲ့ စွမ်းဆောင်ရည်က အံ့မခန်းပါပဲ” လို့ အာတီတာက Sky Sports ကို ပြောဆိုသွားခဲ့တာပါ။

Source: Goal

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ ေျခစြမ္းျပန္လည္ျမင့္တက္လာမႈမွာ အဓိကက်တဲ့ ကစားသမားေတြလို သတ္မွတ္ရေလာက္ေအာင္ကို ေျခစြမ္းေကာင္းေတြကို အတြဲညီညီ တြဲဖက္ေျခစြမ္းျပသေနတဲ့ လူငယ္ၾကယ္ပြင့္ အီမီလီ စမစ္-ရိုးနဲ႔ ဘူကာယို ဆာကာတို႔ဟာ ပရီးမီးယားလိဂ္ျပိဳင္ပြဲရဲ႕ သမုိင္းမွာ မွတ္တမ္းသစ္ေရးထိုးလိုက္ပါတယ္။

Goal ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္လူငယ္ၾကယ္ပြင့္ ၂ ဦးဟာ အသက္ ၂၁ ႏွစ္ေအာက္ အဂၤလိပ္လူငယ္ ေတြထဲမွာ ႏွစ္ဦးေပါင္း ပူးေပါင္းလုပ္ေဆာင္မႈနဲ႔ သြင္းယူႏိုင္တဲ့ သြင္းဂိုး ၃ ဂိုးအထိရွိလာခဲ့ျပီျဖစ္ပါတယ္တဲ့။ ေနာက္ဆံုးပရီးမီးယားလိဂ္ ၅ ပြဲမွာ ဆာကာသြင္းယူခဲ့တဲ့ သြင္းဂိုး ၃ ဂိုးလံုးကို စမစ္-ရိုးက ဖန္တီးမႈျပဳေပးခဲ့ျပီး ခုလို မွတ္တမ္းသစ္ ေရးထိုးႏုိင္ခဲ့တာပါ။

ဒါက ပရီးမီးယားလိဂ္ျပိဳင္ပြဲရဲ႕ သက္တမ္းတစ္ေလွ်ာက္လံုးမွာ အသက္ ၂၁ ႏွစ္ေအာက္ လူငယ္ကစားသမား ၂ ဦး အတြဲညီညီ တြဲဖက္ကစားျပီး ပူးေပါင္းလုပ္ေဆာင္ႏိုင္တဲ့ အျမင့္မားဆံုး မွတ္တမ္းျဖစ္ပါတယ္။

လူငယ္ကစားသမားေတြဟာ တစ္ဦးခ်င္း စြမ္းေဆာင္ရည္ေကာင္းေတြ၊ မွတ္တမ္းေကာင္းေတြကို မၾကာခဏထုတ္ေဖာ္ျပသတတ္ၾကေပမယ့္ ခုလို ပူးေပါင္းလုပ္ေဆာင္ႏုိင္စြမ္းမ်ိဳးကိုေတာ့ ျပသႏုိင္ဖို႔ ခက္ခဲေလ့ရွိပါတယ္။

လက္ရွိရာသီမွာ အသက္ ၂၀ အရြယ္ လူငယ္ကြင္းလယ္တုိက္စစ္ကစားသမား အီမီလီ စမစ္-ရိုးဟာ အသင္းအတြက္ ၁၁ ပြဲပါဝင္ကစားေပးထားျပီး ၅ ဂိုးဖန္တီးျပီး ၂ ဂိုးသြင္းယူေပးထားသလို ၁၉ ႏွစ္သား ေတာင္ပံၾကယ္ပြင့္ ဘူကာယို ဆာကာကလည္း ၂၃ ပြဲပါဝင္ကစားေပးထားရာမွာ ၄ ဂိုးသြင္းယူကာ ၂ ဂိုးဖန္တီးမႈ ျပဳလုပ္ထားပါတယ္။

နည္းျပ အာတီတာကေတာ့ ဒီလူငယ္ေတြဟာ သူ႔ရဲ႕မ်က္ႏွာမွာ အျပံဳးပန္းေတြ ေဝဆာလာေအာင္ လုပ္ေပးခဲ့သူေတြလို႔ ခ်ီးမြမ္းစကားဆိုထားပါတယ္။ “ကၽြန္ေတာ္တို႔ အႏုိင္ရတဲ့အခါတုိင္း မ်က္ႏွာမွာ အျပံဳးပန္းေတြ ေဝေနရပါတယ္။ ဒီလိုျဖစ္လာေအာင္ သူတို႔က ဖန္တီးေပးခဲ့ၾကတာပါ။ သူတို႔ ဘာလုပ္ႏုိင္လဲဆုိတာကို ကၽြန္ေတာ္ ေကာင္းေကာင္းသိပါတယ္။ သူတို႔ ေကာင္းေကာင္းတိုးတက္လာေနၾကတာပါ။ သူတို႔ႏွစ္ေယာက္ရဲ႕ စြမ္းေဆာင္ရည္က အံ့မခန္းပါပဲ” လို႔ အာတီတာက Sky Sports ကို ေျပာဆိုသြားခဲ့တာပါ။

Source: Goal

Leave a Reply