ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည်အကောင်းဆုံးကစားသမား စာရင်းထဲက အယ်လ်နီနီ

[UNICODE]

အာဆင်နယ်အသင်းက အီဂျစ်လက်ရွေးစင် ကွင်းလယ်လူ မိုဟာမက် အယ်လ်နီနီဟာ ယခုလအတွက် ပရီးမီးယားလိဂ်နဲ့ ဥရောပရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမား စာရင်းထဲမှာ ထိပ်ဖျားပိုင်းကနေ ပါဝင်နေပါတယ်။

၂၈ နှစ်အရွယ် ကွင်းလယ်လူဟာ ယခုလအတွက် ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမား စာရင်းမှာ အဆင့် ၂ ဖြစ်ပြီး ဥရောပတစ်ခွင် အဆင့်သတ်မှတ်ချက်မှာတော့ အဆင့် ၁၂ ချိတ်နေပါတယ်။

CIES Football Observatory က ထုတ်ပြန်ခဲ့တဲ့ စာရင်းအရဆိုရင် အယ်လ်နီနီရဲ့ ပျမ်းမျှ စွမ်းဆောင်ရည်ဟာ ၉၀.၃ မှတ်အထိရှိနေပြီး ပရီးမီးယားလိဂ်မှာဆိုရင် သူ့ထက် စွမ်းဆောင်ရည်ပိုမိုသာလွန်သူက လက်စတာ ခံစစ်မှူး ဂျွန်နီ အီဗန်စ် တစ်ဦးသာရှိပါတော့တယ်။ အဆိုပါစာရင်းအတွက် CIES ရဲ့ တွက်ချက်မှုပုံစံကတော့ ကစားရတဲ့နေရာက တာဝန်ယူရတဲ့ ဝတ္တရားတွေကို အကောင်းဆုံး တာဝန်ကျေအောင် စွမ်းဆောင်ပြနိုင်စွမ်းကို အမှတ်ပေးစည်းမျဉ်းနဲ့ တွက်ချက်ထားတာဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားဘဝတစ်လျှောက် အနိမ့်အမြင့်အတက်အကျတွေများခဲ့တဲ့ အယ်လ်နီနီဟာ ဂန်းနားဘဝ ၅ ရာသီတာကာလအတွင်း အသင်းအတွက် ပွဲပေါင်း ၁၂၉ ပွဲပါဝင်ကစားပေးခဲ့ပေမယ့် အဲဒီထဲက ၃၁% ဖြစ်တဲ့ ပွဲ ၄၀ ကို ယခုနှစ်ရာသီမှာ ကစားခွင့်ရခဲ့တာပါ။

ဒါ့အပြင် အာဆင်နယ်ကစားသမားဘဝ သွင်းဂိုး ၅ ဂိုးထဲက ၃ ဂိုးကိုလည်း ယခုနှစ်ရာသီမှာပဲ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ယခုနှစ်ရာသီဟာ အယ်လ်နီနီရဲ့ အာဆင်နယ်ကစားသမားဘဝ အကောင်းဆုံး ရာသီအဖြစ် သတ်မှတ်ခံထားရပါတယ်။

CIES Football Observatory က ထုတ်ပြန်ခဲ့တဲ့ ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမား စာရင်းရဲ့ တတိယနေရာမှာတော့ အာဆင်နယ်ကနေ နယူးကာဆယ်အသင်းမှာ အငှားသွားရောက်ကစားပြီး ခြေစွမ်းပြသနေတဲ့ လူငယ်ကွင်းလယ်လူ ဂျိုး ဝေးလော့ခ်က ရပ်တည်နေပါတယ်။

Source: CIES Football Observatory

[ZAWGYI]

အာဆင္နယ္အသင္းက အီဂ်စ္လက္ေရြးစင္ ကြင္းလယ္လူ မိုဟာမက္ အယ္လ္နီနီဟာ ယခုလအတြက္ ပရီးမီးယားလိဂ္နဲ႔ ဥေရာပရဲ႕ စြမ္းေဆာင္ရည္အေကာင္းဆံုး ကစားသမား စာရင္းထဲမွာ ထိပ္ဖ်ားပုိင္းကေန ပါဝင္ေနပါတယ္။

၂၈ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ယခုလအတြက္ ပရီးမီးယားလိဂ္ရဲ႕ စြမ္းေဆာင္ရည္အေကာင္းဆံုး ကစားသမား စာရင္းမွာ အဆင့္ ၂ ျဖစ္ျပီး ဥေရာပတစ္ခြင္ အဆင့္သတ္မွတ္ခ်က္မွာေတာ့ အဆင့္ ၁၂ ခ်ိတ္ေနပါတယ္။

CIES Football Observatory က ထုတ္ျပန္ခဲ့တဲ့ စာရင္းအရဆိုရင္ အယ္လ္နီနီရဲ႕ ပ်မ္းမွ် စြမ္းေဆာင္ရည္ဟာ ၉၀.၃ မွတ္အထိရွိေနျပီး ပရီးမီးယားလိဂ္မွာဆိုရင္ သူ႔ထက္ စြမ္းေဆာင္ရည္ပိုမိုသာလြန္သူက လက္စတာ ခံစစ္မွဴး ဂၽြန္နီ အီဗန္စ္ တစ္ဦးသာရွိပါေတာ့တယ္။ အဆုိပါစာရင္းအတြက္ CIES ရဲ႕ တြက္ခ်က္မႈပံုစံကေတာ့ ကစားရတဲ့ေနရာက တာဝန္ယူရတဲ့ ဝတၱရားေတြကို အေကာင္းဆံုး တာဝန္ေက်ေအာင္ စြမ္းေဆာင္ျပႏုိင္စြမ္းကို အမွတ္ေပးစည္းမ်ဥ္းနဲ႔ တြက္ခ်က္ထားတာျဖစ္ပါတယ္။

အာဆင္နယ္ကစားသမားဘဝတစ္ေလွ်ာက္ အနိမ့္အျမင့္အတက္အက်ေတြမ်ားခဲ့တဲ့ အယ္လ္နီနီဟာ ဂန္းနားဘဝ ၅ ရာသီတာကာလအတြင္း အသင္းအတြက္ ပြဲေပါင္း ၁၂၉ ပြဲပါဝင္ကစားေပးခဲ့ေပမယ့္ အဲဒီထဲက ၃၁% ျဖစ္တဲ့ ပြဲ ၄၀ ကို ယခုႏွစ္ရာသီမွာ ကစားခြင့္ရခဲ့တာပါ။

ဒါ့အျပင္ အာဆင္နယ္ကစားသမားဘဝ သြင္းဂိုး ၅ ဂိုးထဲက ၃ ဂိုးကိုလည္း ယခုႏွစ္ရာသီမွာပဲ သြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ယခုႏွစ္ရာသီဟာ အယ္လ္နီနီရဲ႕ အာဆင္နယ္ကစားသမားဘဝ အေကာင္းဆံုး ရာသီအျဖစ္ သတ္မွတ္ခံထားရပါတယ္။

CIES Football Observatory က ထုတ္ျပန္ခဲ့တဲ့ ပရီးမီးယားလိဂ္မွာ စြမ္းေဆာင္ရည္အေကာင္းဆံုး ကစားသမား စာရင္းရဲ႕ တတိယေနရာမွာေတာ့ အာဆင္နယ္ကေန နယူးကာဆယ္အသင္းမွာ အငွားသြားေရာက္ကစားျပီး ေျခစြမ္းျပသေနတဲ့ လူငယ္ကြင္းလယ္လူ ဂ်ိဳး ေဝးေလာ့ခ္က ရပ္တည္ေနပါတယ္။

Source: CIES Football Observatory

Leave a Reply