
[UNICODE]
အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက အသင်းက ဂါနာလက်ရွေးစင်ကွင်းလယ်လူ သောမတ် ပါတေးကို တိုက်စစ်ပိုင်းမှာ ပိုမိုလိုက်ပါကစားစေတော့မှာဖြစ်ပြီး ပါတေးရဲ့ ပင်ကိုယ်ပါရမီကြောင့် အသင်းအတွက် အကျိုးရှိလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။
နည်းပြအာတီတာဟာ တချိန်တုန်းက အာရွန် ရမ်ဆေးကစားခဲ့သလိုမျိုး တိုက်စစ်နဲ့ ခံစစ်ကို ချိတ်ဆက်ပေးမယ့် Box-t-box ကစားသမားအဖြစ် ကွင်းလယ်တစ်ကြောမှာ ပိုပြီး လွတ်လွတ်လပ်လပ်ကစားစေတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ပါတေးဟာ ကွင်းလယ်တိုက်စစ်က အီမီလီ စမစ်-ရိုးနဲ့ ခံစစ်ကို ပိုကူညီမယ့် ဂရာနစ် ရှာခါတို့ကြားက ဆုံချက်ဖြစ်လာတော့မှာပါ။

“သူကတိုက်စစ်မှာ ပိုပြီး လွတ်လွတ်လပ်လပ်ကစားနိုင်စွမ်းရှိပါတယ်။ အက်သလက်တီကိုမှာတုန်းက ခုလို ကစားခဲ့ဖူးပါတယ်။ နည်းစနစ်ပိုင်းအရဆိုရင် သူက လုပ်နိုင်စွမ်းတွေ တော်တော်များပါတယ်။ ကစားကွက်နဲ့ တိုက်စစ်/ခံစစ် အကူးအပြောင်းတွေမှာ သူ့ရဲ့ အရည်အသွေးက တကယ့်ကို လက်ဖျားခါစရာပါပဲ။ ဒီအရည်အသွေးတွေကြောင့်ပဲ သူနဲ့ ပတ်သက်ပြီး မတူညီတဲ့နည်းလမ်းတွေကို အသုံးချဖို့အတွက် စဉ်းစားမိစေခဲ့တာပါ။ သူ့မှာ ရှိနေတဲ့ ပင်ကိုယ်စရိုက်လက္ခဏာတွေက ကျွန်တော်တို့ကို ထိရောက်စွာကူညီနိုင်ပြီး ပိုကောင်းလာအောင် လုပ်ပေးနိုင်မယ့်အရာတွေဆိုတာ သေချာပါတယ်” လို့ နည်းပြဖြစ်သူ မီခယ် အာတီတာက ပြောဆိုခဲ့တာပါ။
ဒါ့အပြင် သောမတ် ပါတေးရဲ့ အသင်းအပေါ် သက်ရောက်နိုင်စွမ်းကိုလည်း ခုလိုမျိုး ဆက်လက်ပြောဆိုသွားခဲ့ပါသေးတယ်။ “ကျွန်တော်တို့ သူမရှိချိန်တွေမှာ လွမ်းဆွတ်နေခဲ့ရပါတယ်။ သူက အသင်းရဲ့ ပစ္စုပါန်၊ အသင်းရဲ့ ကိုယ်ရောင်ကိုယ်ဝါ၊ အသင်းကို ထူးခြားသွားစေတဲ့ စပါယ်ရှယ်ကစားသမားပါ။ သူ့ရဲ့ ကြံ့ခိုင်မှု ပြည့်ဝကောင်းမွန်နေအောင် ကူညီနိုင်ဖို့ ကျွန်တော်တို့ဘက်က မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုရင် သူက ခြားနားသွားအောင် လုပ်နိုင်စွမ်းရှိတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ကြရပြီးပြီမဟုတ်လား။ သူက ခုထက်ပိုပို ကောင်းလာဦးမှာဖြစ်သလို အသင်းအတွက်လည်း ပိုပိုအရေးပါလာဦးမှာပါ” အာတီတာကဆိုခဲ့တာပါ။

ဆက်လက်ပြီးတော့လည်း “သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ နိုးကြားတက်ကြွမှုနဲ့ ဖန်တီးနိုင်စွမ်းတွေက အသင်းရဲ့ အဓိကအခရာ အရည်အသွေးတွေ ဖြစ်လာပါတယ်။ ဒီအရည်အသွေးတွကို ပင်ကိုယ်သဘာဝအရကို သူပိုင်ဆိုင်ထားတာပါ။ သူ့ကို ကွင်းထဲမှာ ထည့်ထားနိုင်ရင် ပြိုင်ဘက်ကို ကောင်းကောင်းလွှမ်းမိုးနိုင်မှာဖြစ်ပါတယ်။ ဒါက သောမတ်ရဲ့ ပင်ကိုယ်ပါရမီပါပဲ” လို့လည်းဆိုခဲ့ပါသေးတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂါနာလက်ရွေးစင်ကွင်းလယ်လူ သောမတ် ပါတေးဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းကမှ စာချုပ်ဖျက်သိမ်းခ ပေါင် ၄၄.၅ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် ၈ ပွဲပါဝင်ကစားကာ ၁ ဂိုးဖန်တီးပေးထားပါတယ်။
Source: Arsenal Media
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက အသင္းက ဂါနာလက္ေရြးစင္ကြင္းလယ္လူ ေသာမတ္ ပါေတးကို တုိက္စစ္ပိုင္းမွာ ပိုမိုလုိက္ပါကစားေစေတာ့မွာျဖစ္ျပီး ပါေတးရဲ႕ ပင္ကိုယ္ပါရမီေၾကာင့္ အသင္းအတြက္ အက်ိဳးရွိလိမ့္မယ္လုိ႔ ေျပာဆိုလုိက္ပါတယ္။
နည္းျပအာတီတာဟာ တခ်ိန္တုန္းက အာရြန္ ရမ္ေဆးကစားခဲ့သလိုမ်ိဳး တုိက္စစ္နဲ႔ ခံစစ္ကို ခ်ိတ္ဆက္ေပးမယ့္ Box-t-box ကစားသမားအျဖစ္ ကြင္းလယ္တစ္ေၾကာမွာ ပိုျပီး လြတ္လြတ္လပ္လပ္ကစားေစေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ပါေတးဟာ ကြင္းလယ္တုိက္စစ္က အီမီလီ စမစ္-ရိုးနဲ႔ ခံစစ္ကို ပိုကူညီမယ့္ ဂရာနစ္ ရွာခါတို႔ၾကားက ဆံုခ်က္ျဖစ္လာေတာ့မွာပါ။

“သူကတုိက္စစ္မွာ ပိုျပီး လြတ္လြတ္လပ္လပ္ကစားႏုိင္စြမ္းရွိပါတယ္။ အက္သလက္တီကိုမွာတုန္းက ခုလို ကစားခဲ့ဖူးပါတယ္။ နည္းစနစ္ပိုင္းအရဆိုရင္ သူက လုပ္ႏုိင္စြမ္းေတြ ေတာ္ေတာ္မ်ားပါတယ္။ ကစားကြက္နဲ႔ တုိက္စစ္/ခံစစ္ အကူးအေျပာင္းေတြမွာ သူ႔ရဲ႕ အရည္အေသြးက တကယ့္ကို လက္ဖ်ားခါစရာပါပဲ။ ဒီအရည္အေသြးေတြေၾကာင့္ပဲ သူနဲ႔ ပတ္သက္ျပီး မတူညီတဲ့နည္းလမ္းေတြကို အသံုးခ်ဖို႔အတြက္ စဥ္းစားမိေစခဲ့တာပါ။ သူ႔မွာ ရွိေနတဲ့ ပင္ကိုယ္စရိုက္လကၡဏာေတြက ကၽြန္ေတာ္တို႔ကို ထိေရာက္စြာကူညီႏိုင္ျပီး ပိုေကာင္းလာေအာင္ လုပ္ေပးႏုိင္မယ့္အရာေတြဆုိတာ ေသခ်ာပါတယ္” လို႔ နည္းျပျဖစ္သူ မီခယ္ အာတီတာက ေျပာဆိုခဲ့တာပါ။
ဒါ့အျပင္ ေသာမတ္ ပါေတးရဲ႕ အသင္းအေပၚ သက္ေရာက္ႏုိင္စြမ္းကိုလည္း ခုလိုမ်ိဳး ဆက္လက္ေျပာဆိုသြားခဲ့ပါေသးတယ္။ “ကၽြန္ေတာ္တို႔ သူမရွိခ်ိန္ေတြမွာ လြမ္းဆြတ္ေနခဲ့ရပါတယ္။ သူက အသင္းရဲ႕ ပစၥဳပါန္၊ အသင္းရဲ႕ ကိုယ္ေရာင္ကိုယ္ဝါ၊ အသင္းကို ထူးျခားသြားေစတဲ့ စပါယ္ရွယ္ကစားသမားပါ။ သူ႔ရဲ႕ ၾကံ့ခိုင္မႈ ျပည့္ဝေကာင္းမြန္ေနေအာင္ ကူညီႏုိင္ဖို႔ ကၽြန္ေတာ္တို႔ဘက္က ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လဲဆိုရင္ သူက ျခားနားသြားေအာင္ လုပ္ႏုိင္စြမ္းရွိတာကို ကၽြန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ၾကရျပီးျပီမဟုတ္လား။ သူက ခုထက္ပိုပို ေကာင္းလာဦးမွာျဖစ္သလို အသင္းအတြက္လည္း ပိုပိုအေရးပါလာဦးမွာပါ” အာတီတာကဆိုခဲ့တာပါ။

ဆက္လက္ျပီးေတာ့လည္း “သူ႕ရဲ႕ ရုပ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္မႈ၊ ႏိုးၾကားတက္ၾကြမႈနဲ႔ ဖန္တီးႏုိင္စြမ္းေတြက အသင္းရဲ႕ အဓိကအခရာ အရည္အေသြးေတြ ျဖစ္လာပါတယ္။ ဒီအရည္အေသြးတြကို ပင္ကိုယ္သဘာဝအရကို သူပိုင္ဆုိင္ထားတာပါ။ သူ႔ကို ကြင္းထဲမွာ ထည့္ထားႏုိင္ရင္ ျပိဳင္ဘက္ကို ေကာင္းေကာင္းလႊမ္းမိုးႏုိင္မွာျဖစ္ပါတယ္။ ဒါက ေသာမတ္ရဲ႕ ပင္ကိုယ္ပါရမီပါပဲ” လို႔လည္းဆိုခဲ့ပါေသးတယ္။
အသက္ ၂၇ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ ဂါနာလက္ေရြးစင္ကြင္းလယ္လူ ေသာမတ္ ပါေတးဟာ ျပီးခဲ့တဲ့ ေႏြရာသီတုန္းကမွ စာခ်ဳပ္ဖ်က္သိမ္းခ ေပါင္ ၄၄.၅ သန္းနဲ႔ ေျပာင္းေရႊ႕လာသူျဖစ္ျပီး အသင္းအတြက္ ၈ ပြဲပါဝင္ကစားကာ ၁ ဂိုးဖန္တီးေပးထားပါတယ္။
Source: Arsenal Media