ပါတေးက အရမ်းကောင်းလွန်းနေတယ်ဗျ – ဂရာနစ် ရှာခါ

[UNICODE]

ကွင်းလယ်လူသစ် သောမတ် ပါတေးဟာ သူတို့အသင်းမှာ အရမ်းကောင်းလွန်းတဲ့ ကစားသမားဖြစ်နေတယ်လို့ အသင်းဖော် ဂရာနစ် ရှာခါက နယူးကာဆယ်ကို ၃-၀ ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာ ချီးမွမ်းပြောဆိုလိုက်ပါတယ်။

သောမတ် ပါတေးဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းကမှ အက်သလက်တီကို မက်ဒရစ်အသင်းကနေ ပေါင် ၄၄.၅ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒါဏ်ရာပြဿနာကြောင့် အချိန်အများစု အနားယူနေခဲ့ရသူပါ။

ဒါပေမယ့် ပါတေးဟာ ဒါဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာ အကောင်းဆုံး ခြေစွမ်းနဲ့ ပြန်လာနိုင်ခဲ့ပြီး ဂရာနစ် ရှာခါနဲ့အတူ ကွင်းလယ်မှာ တွဲဖက်ညီညီခြေစွမ်းပြသခဲ့ကာ အသင်းမှာ သူ့ရဲ့ အရေးပါမှုကို ကျေနပ်လောက်ဖွယ် ခြေစွမ်းမျိုးနဲ့ ပြသနိုင်ခဲ့သူပါ။

ဒါကြောင့်လည်း အသင်းဖော် ဂရာနစ် ရှာခါက သူ့ရဲ့ တွဲဖက် ဘယ်လောက်ကောင်းမွန်တယ်ဆိုတာကို ခုလို အမွှန်းတင်ပြောဆိုသွားခဲ့တာပါ။ “သူက မြင့်မားတဲ့ အဆင့်အတန်းနဲ့ အတွေ့အကြုံတွေကို ယူဆောင်လာနိုင်တာကို ခင်ဗျားတို့လည်း မြင်မှာပါ။ သူက ယှဉ်လုမှု အတော်များများကို လုပ်ပြခဲ့ပါတယ်။ သူက ဘောလုံးကိုင်ထားနိုင်ချိန်မှာဆို အရမ်းကို ကောင်းလွန်းတာဗျ။ ကွင်းထဲမှာ အရမ်းအရေးကြီးတဲ့ ကစားသမားတစ်ယောက်ပြပါဆိုရင် သူ့ကို လက်ညှိုးထိုးပြရမှာပဲ။ သူ ယူဆောင်လာတဲ့ အတွေ့အကြုံတွေက ငယ်ရွယ်နုပျိုတဲ့ ကျွန်တောတို့အသင်းအတွက် အရမ်းအရေးပါလို့ပါ။ သူ့ရဲ့ အရေးပါမှုကို မြင့်လာရတာက ကျွန်တော်တို့တွက် အရမ်းပျော်ရွှင်နေရပါတယ်” လို့ ဆွစ်ဇာလန်သားက ဆိုခဲ့ပါတယ်။

၎င်းအပြင် အသင်းရဲ့ ခြေစွမ်းတည်ငြိမ်ပြီး ရလဒ်တွေ ကောင်းမွန်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း မှတ်ချက်ပြုသွားခဲ့ပြီး အသင်းဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ရှာခါက ဆိုသွားခဲ့ပါသေးတယ်။

“ကျွန်တော်တို့ ရသမျှ အမှတ်တွေကို အလေအလွင့်မရှိအောင် တတ်နိုင်သမျှ စုဆောင်းသွားမှာပါ။ ဒီလိုလုပ်ဖို့ ခက်ခဲတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ခင်ဗျားတို့လည်း သိတဲ့အတိုင်း ပရီးမီးယားလိဂ်မှာက အသင်းတိုင်းက အသင်းတိုင်းကို အနိုင်ယူနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆက်ပြီး ကြိုးစားသွားမှာပါ။ ပြင်းပြင်းထန်ထန် ကြိုးပမ်းသွားမှာပါ။ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်စေချင်ပါတယ်။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ” လို့ သူကဆိုခဲ့ပါတယ်။

Source: Goal

[ZAWGYI]

ကြင္းလယ္လူသစ္ ေသာမတ္ ပါေတးဟာ သူတို႔အသင္းမွာ အရမ္းေကာင္းလြန္းတဲ့ ကစားသမားျဖစ္ေနတယ္လုိ႔ အသင္းေဖာ္ ဂရာနစ္ ရွာခါက နယူးကာဆယ္ကို ၃-၀ ရလဒ္နဲ႔အႏုိင္ရရွိခဲ့ျပီးတဲ့ေနာက္မွာ ခ်ီးမြမ္းေျပာဆိုလုိက္ပါတယ္။

ေသာမတ္ ပါေတးဟာ ျပီးခဲ့တဲ့ ေႏြရာသီတုန္းကမွ အက္သလက္တီကို မက္ဒရစ္အသင္းကေန ေပါင္ ၄၄.၅ သန္းနဲ႔ ေျပာင္းေရႊ႕လာသူျဖစ္ျပီး အသင္းမွာ ေျခစြမ္းျပသႏုိင္ခဲ့ေပမယ့္ ဒါဏ္ရာျပႆနာေၾကာင့္ အခ်ိန္အမ်ားစု အနားယူေနခဲ့ရသူပါ။

ဒါေပမယ့္ ပါေတးဟာ ဒါဏ္ရာကေန ျပန္လည္သက္သာလာခ်ိန္မွာ အေကာင္းဆံုး ေျခစြမ္းနဲ႔ ျပန္လာႏုိင္ခဲ့ျပီး ဂရာနစ္ ရွာခါနဲ႔အတူ ကြင္းလယ္မွာ တြဲဖက္ညီညီေျခစြမ္းျပသခဲ့ကာ အသင္းမွာ သူ႔ရဲ႕ အေရးပါမႈကို ေက်နပ္ေလာက္ဖြယ္ ေျခစြမ္းမ်ိဳးနဲ႔ ျပသႏုိင္ခဲ့သူပါ။

ဒါေၾကာင့္လည္း အသင္းေဖာ္ ဂရာနစ္ ရွာခါက သူ႔ရဲ႕ တြဲဖက္ ဘယ္ေလာက္ေကာင္းမြန္တယ္ဆိုတာကို ခုလို အမႊန္းတင္ေျပာဆိုသြားခဲ့တာပါ။ “သူက ျမင့္မားတဲ့ အဆင့္အတန္းနဲ႔ အေတြ႕အၾကံဳေတြကို ယူေဆာင္လာႏုိင္တာကို ခင္ဗ်ားတို႔လည္း ျမင္မွာပါ။ သူက ယွဥ္လုမႈ အေတာ္မ်ားမ်ားကို လုပ္ျပခဲ့ပါတယ္။ သူက ေဘာလံုးကိုင္ထားႏိုင္ခ်ိန္မွာဆို အရမ္းကို ေကာင္းလြန္းတာဗ်။ ကြင္းထဲမွာ အရမ္းအေရးၾကီးတဲ့ ကစားသမားတစ္ေယာက္ျပပါဆိုရင္ သူ႔ကို လက္ညွိဳးထိုးျပရမွာပဲ။ သူ ယူေဆာင္လာတဲ့ အေတြ႕အၾကံဳေတြက ငယ္ရြယ္ႏုပ်ိဳတဲ့ ကၽြန္ေတာတို႔အသင္းအတြက္ အရမ္းအေရးပါလို႔ပါ။ သူ႔ရဲ႕ အေရးပါမႈကို ျမင့္လာရတာက ကၽြန္ေတာ္တို႔တြက္ အရမ္းေပ်ာ္ရႊင္ေနရပါတယ္” လို႔ ဆြစ္ဇာလန္သားက ဆိုခဲ့ပါတယ္။

၎အျပင္ အသင္းရဲ႕ ေျခစြမ္းတည္ျငိမ္ျပီး ရလဒ္ေတြ ေကာင္းမြန္လာတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ျပီးေတာ့လည္း မွတ္ခ်က္ျပဳသြားခဲ့ျပီး အသင္းဟာ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနျပီလို႔ ရွာခါက ဆိုသြားခဲ့ပါေသးတယ္။

“ကၽြန္ေတာ္တို႔ ရသမွ် အမွတ္ေတြကို အေလအလြင့္မရွိေအာင္ တတ္ႏုိင္သမွ် စုေဆာင္းသြားမွာပါ။ ဒီလိုလုပ္ဖို႔ ခက္ခဲတယ္ဆိုတာကို ကၽြန္ေတာ္တို႔ သိပါတယ္။ ခင္ဗ်ားတို႔လည္း သိတဲ့အတုိင္း ပရီးမီးယားလိဂ္မွာက အသင္းတုိင္းက အသင္းတုိင္းကို အႏုိင္ယူႏိုင္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ဆက္ျပီး ၾကိဳးစားသြားမွာပါ။ ျပင္းျပင္းထန္ထန္ ၾကိဳးပမ္းသြားမွာပါ။ ဘာေတြျဖစ္လာမလဲဆုိတာကို ေစာင့္ၾကည့္ေစခ်င္ပါတယ္။ ကၽြန္ေတာ္တို႔ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနပါျပီ” လို႔ သူကဆိုခဲ့ပါတယ္။

Source: Goal

Leave a Reply