
[UNICODE]
Sky Sports ရဲ့ သုံးသပ်သူ ဂျေမီ ရက်ဒ်နပ်က ကွင်းလယ်လူ သောမတ် ပါတေးအနေနဲ့ အာဆင်နယ်အသင်းအတွက် ပြန်ပေးဆပ်ကစားပေးရတော့မယ့် အချိန်ကိုရောက်နေပြီဖြစ်ပြီး လာမယ့်ရာသီသစ်မှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ဖို့ လိုအပ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အက်သလက်တီကို မက်ဒရစ်အသင်းကနေ ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပါတေးဟာ အာဆင်နယ်အသင်းအတွက် ကြီးမားတဲ့ မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့ပေမယ့် ဒါဏ်ရာ၊ ကြံ့ခိုင်မှုပြဿနာတွေနဲ့ နိုင်ငံသစ်မှာ ချက်ခြင်းအသားမကျမှုတွေကြောင့် တစ်ရာသီလုံးနီးပါး ခြေစွမ်းတည်ငြိမ်မှုရဖို့ ရုံးကန်နေခဲ့ရသူပါ။

အာဆင်နယ်အသင်းအနေနဲ့လည်း အားကိုးတကြီးဝယ်ယူထားတဲ့ ပါတေးရဲ့ ခြေစွမ်းမတည်ငြိမ်တဲ့ အခြေအနေအပြင် တခြားကွင်းလယ်လူတွေဖြစ်ကြတဲ့ စီဘာယော့စ်၊ ရှာခါတို့ရဲ့ ခြေစွမ်းကျဆင်းမှုတွေနဲ့ပါ ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းရဲ့ ရလဒ်ပိုင်းတွေမှာ ထိခိုက်မှုတွေ ကြီးကြီးမားမားကြုံဆုံခဲ့ရပါတယ်။
လက်ရှိရာသီမှာ အသင်းအတွက် ၃၄ ပွဲပါဝင်ကစား၊ ၃ ဂိုးဖန်တီးပေးထားတဲ့ ပါတေးအနေနဲ့ လာမယ့်ရာသီသစ်မှာ ကွင်းလယ်ကို ဦးဆောင်မောင်းနှင်သူဖြစ်လာဖို့ မဖြစ်မနေလိုအပ်နေတယ်လို့ ရက်ဒ်နပ်က ထောက်ပြသွားခဲ့ပါတယ်။

“ဒီရာသီက သူ့အတွက် ခက်ခဲတဲ့ရာသီပါ။ ဒါဏ်ရာပြဿနာတွေလည်း အကြိမ်ကြိမ် ကြုံခဲ့ရတယ်မဟုတ်လား။ ကျွန်တော်တို့ လူတိုင်းကို နေရာသစ်မှာ အသားကျအောင် အချိန်ပေးရမယ်လေ။ ကျွန်တော်လည်း သူ့ကို သံသယရဲ့ အကျိုးကို ခံစားခွင့်ပေးချင်ပါတယ်။ ဘာလို့လဲဆိုရင် တစ်ချို့ပွဲစဉ်တွေမှာ သူ့ရဲ့ အံ့သြလောက်စရာ ပုံမှန်ခြေစွမ်းကို မြင်ခဲ့ဖူးတာကြောင့်ပါပဲ။ သူက ကွင်းလယ်လူတစ်ယောက်မှာ လိုအပ်တဲ့ အရည်အသွေးအားလုံး ပိုင်ဆိုင်ထားသူပါ” လို့ ရက်ဒ်နက်ပ်က ဆိုခဲ့ပါတယ်။
“ဒါပေမယ့် သေချာတာတစ်ချက်ကတော့ သူ့အနေနဲ့ လာမယ့်ရာသီမှာ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ အာဆင်နယ်အတွက် ပေးဆပ်ကစားပြနိုင်ဖို့ လိုအပ်နေတယ်ဆိုတာပါပဲ။ ကျွန်တော် သူ့လိုကစားသမားတစ်ယောက် ခြေစွမ်းပျက်ယွင်းသွားမှာ စိုးရိမ်ပါတယ်။ ခွန်အားအပြည့်နဲ့ ကွင်းလယ်တစ်ကြောလုံးကို မောင်းနှင်ကစားပြနေတာမျိုးပဲ မြင်ချင်တာပါ။ ဒါက လာမယ့်ရာသီမှာ သူမဖြစ်မနေလုပ်ပြရမယ့် အရာပါ။ လာမယ့်ရာသီသစ်မှာ သောမတ် ပါတေးအစစ်ကို မြင်ရဖို့ မဖြစ်မနေလိုအပ်နေပါတယ်” လို့လည်း လီဗာပူးလ်နဲ့ စပါးကွင်းလယ်လူဟောင်းက ဆိုခဲ့ပါတယ်။
Source: Sky Sports, Metro
[ZAWGYI]
Sky Sports ရဲ႕ သံုးသပ္သူ ေဂ်မီ ရက္ဒ္နပ္က ကြင္းလယ္လူ ေသာမတ္ ပါေတးအေနနဲ႔ အာဆင္နယ္အသင္းအတြက္ ျပန္ေပးဆပ္ကစားေပးရေတာ့မယ့္ အခ်ိန္ကိုေရာက္ေနျပီျဖစ္ျပီး လာမယ့္ရာသီသစ္မွာ သူ႔ရဲ႕ အေကာင္းဆံုး ေျခစြမ္းကို ျပသႏုိင္ဖို႔ လိုအပ္ေနျပီလို႔ ေျပာဆိုလုိက္ပါတယ္။
ျပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက အက္သလက္တီကို မက္ဒရစ္အသင္းကေန ေပါင္ ၄၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ပါေတးဟာ အာဆင္နယ္အသင္းအတြက္ ၾကီးမားတဲ့ ေမွ်ာ္လင့္ခ်က္တစ္ခုျဖစ္ခဲ့ေပမယ့္ ဒါဏ္ရာ၊ ၾကံ့ခုိင္မႈျပႆနာေတြနဲ႔ ႏုိင္ငံသစ္မွာ ခ်က္ျခင္းအသားမက်မႈေတြေၾကာင့္ တစ္ရာသီလံုးနီးပါး ေျခစြမ္းတည္ျငိမ္မႈရဖို႔ ရံုးကန္ေနခဲ့ရသူပါ။

အာဆင္နယ္အသင္းအေနနဲ႔လည္း အားကိုးတၾကီးဝယ္ယူထားတဲ့ ပါေတးရဲ႕ ေျခစြမ္းမတည္ျငိမ္တဲ့ အေျခအေနအျပင္ တျခားကြင္းလယ္လူေတြျဖစ္ၾကတဲ့ စီဘာေယာ့စ္၊ ရွာခါတို႔ရဲ႕ ေျခစြမ္းက်ဆင္းမႈေတြနဲ႔ပါ ရင္ဆုိင္ခဲ့ရတာေၾကာင့္ အသင္းရဲ႕ ရလဒ္ပိုင္းေတြမွာ ထိခိုက္မႈေတြ ၾကီးၾကီးမားမားၾကံဳဆံုခဲ့ရပါတယ္။
လက္ရွိရာသီမွာ အသင္းအတြက္ ၃၄ ပြဲပါဝင္ကစား၊ ၃ ဂိုးဖန္တီးေပးထားတဲ့ ပါေတးအေနနဲ႔ လာမယ့္ရာသီသစ္မွာ ကြင္းလယ္ကို ဦးေဆာင္ေမာင္းႏွင္သူျဖစ္လာဖို႔ မျဖစ္မေနလိုအပ္ေနတယ္လုိ႔ ရက္ဒ္နပ္က ေထာက္ျပသြားခဲ့ပါတယ္။

“ဒီရာသီက သူ႔အတြက္ ခက္ခဲတဲ့ရာသီပါ။ ဒါဏ္ရာျပႆနာေတြလည္း အၾကိမ္ၾကိမ္ ၾကံဳခဲ့ရတယ္မဟုတ္လား။ ကၽြန္ေတာ္တို႔ လူတုိင္းကို ေနရာသစ္မွာ အသားက်ေအာင္ အခ်ိန္ေပးရမယ္ေလ။ ကၽြန္ေတာ္လည္း သူ႔ကို သံသယရဲ႕ အက်ိဳးကို ခံစားခြင့္ေပးခ်င္ပါတယ္။ ဘာလို႔လဲဆိုရင္ တစ္ခ်ိဳ႕ပြဲစဥ္ေတြမွာ သူ႔ရဲ႕ အံ့ၾသေလာက္စရာ ပံုမွန္ေျခစြမ္းကို ျမင္ခဲ့ဖူးတာေၾကာင့္ပါပဲ။ သူက ကြင္းလယ္လူတစ္ေယာက္မွာ လိုအပ္တဲ့ အရည္အေသြးအားလံုး ပိုင္ဆုိင္ထားသူပါ” လို႔ ရက္ဒ္နက္ပ္က ဆိုခဲ့ပါတယ္။
“ဒါေပမယ့္ ေသခ်ာတာတစ္ခ်က္ကေတာ့ သူ႔အေနနဲ႔ လာမယ့္ရာသီမွာ တည္ျငိမ္တဲ့ ေျခစြမ္းနဲ႔ အာဆင္နယ္အတြက္ ေပးဆပ္ကစားျပႏုိင္ဖို႔ လိုအပ္ေနတယ္ဆုိတာပါပဲ။ ကၽြန္ေတာ္ သူ႔လိုကစားသမားတစ္ေယာက္ ေျခစြမ္းပ်က္ယြင္းသြားမွာ စိုးရိမ္ပါတယ္။ ခြန္အားအျပည့္နဲ႔ ကြင္းလယ္တစ္ေၾကာလံုးကို ေမာင္းႏွင္ကစားျပေနတာမ်ိဳးပဲ ျမင္ခ်င္တာပါ။ ဒါက လာမယ့္ရာသီမွာ သူမျဖစ္မေနလုပ္ျပရမယ့္ အရာပါ။ လာမယ့္ရာသီသစ္မွာ ေသာမတ္ ပါေတးအစစ္ကို ျမင္ရဖို႔ မျဖစ္မေနလိုအပ္ေနပါတယ္” လို႔လည္း လီဗာပူးလ္နဲ႔ စပါးကြင္းလယ္လူေဟာင္းက ဆုိခဲ့ပါတယ္။
Source: Sky Sports, Metro