
[UNICODE]
အာဆင်နယ်အသင်းရဲ့ မန်နေဂျာဖြစ်သူ မီခယ် အာတီတာက အသင်းက ကစားသမားသစ် ၂ ဦးဖြစ်တဲ့ သောမတ် ပါတေးနဲ့ ဂါဘရီယယ် မဂါဟေးစ်တို့ရဲ့ အသင်းကိုရောက်ရောက်ချင်းမှာတင် ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတာကြောင့် သူ့အနေနဲ့ အံ့အားသင့်ခဲ့ရတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
ဂါဘရီယယ်ဟာ လိုင်လီအသင်းကနေ ပေါင် ၂၆ သန်း၊ သောမတ် ပါတေးက အက်သလက်တီကိုအသင်းကနေ ပေါင် ၄၅.၅ သန်းအသီသီးနဲ့ ယခုနှစ်နွေရာသီမှာ အာဆင်နယ်အသင်းထံပြောင်းရွှေ့လာကြသူတွေဖြစ်ပြီး အသင်းမှာ စတင်ပွဲထွက်ခွင့်ရချိန်ကတည်းက ခြေစွမ်းတောက်လျှောက်ပြသနေကြသူတွေဖြစ်ပါတယ်။

“အမှန်အတိုင်းပြောရရင် ဂါဘရီယယ်နဲ့ ပါတေးတို့ ဒီလောက်မြန်မြန် အသားကျလာဖို့ ကျွန်တော် မမျှော်လင့်ထားပါဘူး။ တကယ်ပါ ကျွန်တော် လုံးဝ မထင်ထားပါဘူး။ သူတို့ကို အချိန်ပေးရမယ်လို့ တွေးထားတာပါ” လို့ အာတီတာကဆိုခဲ့ပါတယ်။
“ပါတေး၊ ဂါဘရီယယ်တို့ရဲ့ ခြေစွမ်းတွေက အရမ်းကောင်းပါတယ်။ ကျွန်တော် တစ်ယောက်ချင်းစီကို လိုက်ပြီး ချီးမွမ်းစကားပြောဆိုဖို့ ခက်ပါတယ်။ ခုဆိုအသင်းသားတွေက ခြေစွမ်းပိုပိုကောင်းလာတာမို့ လူရွေးချယ်ဖို့ ပိုပိုခက်ခဲလာပါပြီ။ ဘယ်သူတွေကို ရွေးချယ်သည်ဖြစ်စေ အသင်းသားတိုင်းက ရဲရဲရင့်ရင့်တိုက်ပွဲဝင်နေကြတာကြောင့်ပါ” လို့လည်း သူကဆိုခဲ့ပါသေးတယ်။

သောမတ် ပါတေးနဲ့ ဂါဘရီယယ်တို့ဟာ ယမန်နေ့က ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ဖို့ အဓိကကျခဲ့တဲ့ကစားသမားတွေဖြစ်ခဲ့ပြီး အာဆင်နယ်အသင်းဟာ အဆိုပါပွဲစဉ်မှာ ဝ-၁ ရလဒ်နဲ့ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပါတေးနဲ့ ဂါဘရီယယ်တို့လို ထိပ်တန်းခံစစ်အားသန် ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာကြောင့် ယခုနှစ်ရာသီမှာ ခံစစ်စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက်ပြသနေပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲကစားပြီးချိန်မှာ ပေးဂိုး ၇ ဂိုးနဲ့ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်နေပါတယ်။
Source: CBS, Football London
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ မန္ေနဂ်ာျဖစ္သူ မီခယ္ အာတီတာက အသင္းက ကစားသမားသစ္ ၂ ဦးျဖစ္တဲ့ ေသာမတ္ ပါေတးနဲ႔ ဂါဘရီယယ္ မဂါေဟးစ္တို႔ရဲ႕ အသင္းကိုေရာက္ေရာက္ခ်င္းမွာတင္ ေျခစြမ္းေကာင္းေတြ ဆက္တုိက္ျပသေနတာေၾကာင့္ သူ႔အေနနဲ႔ အံ့အားသင့္ခဲ့ရတယ္လို႔ ဝန္ခံေျပာဆိုလုိက္ပါတယ္။
ဂါဘရီယယ္ဟာ လိုင္လီအသင္းကေန ေပါင္ ၂၆ သန္း၊ ေသာမတ္ ပါေတးက အက္သလက္တီကိုအသင္းကေန ေပါင္ ၄၅.၅ သန္းအသီသီးနဲ႔ ယခုႏွစ္ေႏြရာသီမွာ အာဆင္နယ္အသင္းထံေျပာင္းေရႊ႕လာၾကသူေတြျဖစ္ျပီး အသင္းမွာ စတင္ပြဲထြက္ခြင့္ရခ်ိန္ကတည္းက ေျခစြမ္းေတာက္ေလွ်ာက္ျပသေနၾကသူေတြျဖစ္ပါတယ္။

“အမွန္အတုိင္းေျပာရရင္ ဂါဘရီယယ္နဲ႔ ပါေတးတို႔ ဒီေလာက္ျမန္ျမန္ အသားက်လာဖို႔ ကၽြန္ေတာ္ မေမွ်ာ္လင့္ထားပါဘူး။ တကယ္ပါ ကၽြန္ေတာ္ လံုးဝ မထင္ထားပါဘူး။ သူတို႔ကို အခ်ိန္ေပးရမယ္လို႔ ေတြးထားတာပါ” လို႔ အာတီတာကဆိုခဲ့ပါတယ္။
“ပါေတး၊ ဂါဘရီယယ္တို႔ရဲ႕ ေျခစြမ္းေတြက အရမ္းေကာင္းပါတယ္။ ကၽြန္ေတာ္ တစ္ေယာက္ခ်င္းစီကို လုိက္ျပီး ခ်ီးမြမ္းစကားေျပာဆိုဖို႔ ခက္ပါတယ္။ ခုဆိုအသင္းသားေတြက ေျခစြမ္းပိုပိုေကာင္းလာတာမို႔ လူေရြးခ်ယ္ဖို႔ ပိုပိုခက္ခဲလာပါျပီ။ ဘယ္သူေတြကို ေရြးခ်ယ္သည္ျဖစ္ေစ အသင္းသားတုိင္းက ရဲရဲရင့္ရင့္တုိက္ပြဲဝင္ေနၾကတာေၾကာင့္ပါ” လို႔လည္း သူကဆိုခဲ့ပါေသးတယ္။

ေသာမတ္ ပါေတးနဲ႔ ဂါဘရီယယ္တို႔ဟာ ယမန္ေန႔က ကစားခဲ့တဲ့ မန္ခ်က္စတာ ယူႏုိက္တက္အသင္းနဲ႔ပြဲစဥ္မွာ ႏုိင္ပြဲရယူႏုိင္ဖို႔ အဓိကက်ခဲ့တဲ့ကစားသမားေတြျဖစ္ခဲ့ျပီး အာဆင္နယ္အသင္းဟာ အဆုိပါပြဲစဥ္မွာ ၀-၁ ရလဒ္နဲ႔ ႏုိင္ပြဲရယူႏုိင္ခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ ပါေတးနဲ႔ ဂါဘရီယယ္တုိ႔လို ထိပ္တန္းခံစစ္အားသန္ ကစားသမားေတြကို ေခၚယူႏုိင္ခဲ့တာေၾကာင့္ ယခုႏွစ္ရာသီမွာ ခံစစ္စြမ္းေဆာင္ရည္ေကာင္းေတြ ဆက္တုိက္ျပသေနျပီး ပရီးမီးယားလိဂ္ပြဲစဥ္ ၇ ပြဲကစားျပီးခ်ိန္မွာ ေပးဂိုး ၇ ဂိုးနဲ႔ ေပးဂိုးအနည္းဆံုးအသင္းအျဖစ္ လြတ္လြတ္ကၽြတ္ကၽြတ္ ရပ္တည္ေနပါတယ္။
Source: CBS, Football London