
[UNICODE]
ချယ်လ်ဆီးကွင်းလယ်လူဟောင်း မိုက်ကယ် အက်ဆီယန်က အာဆင်နယ်အသင်းက ကွင်းလယ်လူ သောမတ် ပါတေးတစ်ယောက် ခုထပ်ပိုပြီး ခြေစွမ်းထက်မြက်လာအောင်၊ အင်္ဂလန်မှာပိုပြီး နေသားတကျဖြစ်အောင် သူ့အနေနဲ့ ကူညီပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဂါနာလက်ရွေးစင်အသင်းရဲ့ ဂန္တဝင်ကွင်းလယ်လူ အက်ဆီယန်ဟာ လက်ရှိ အဇာဘိုင်ဂျန်ကလပ် ဆာဘေးလ်အသင်းထံမှာ ကစားနေသူဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကစားသွားခဲ့သူဖြစ်ပါတယ်။

“ကျွန်တော် သူ့အကြောင်းကို သိတာပေါ့။ သူကစားတာကိုလည်း အကြိမ်ကြိမ် မြင်တွေ့ဖူးပါရဲ့။ စကားလည်းပြောဆိုဖြစ်ကြပါတယ်။ တကယ်လို့များ သူ့ဘက်က မေးစရာမြန်းစရာ သိချင်တာတွေရှိရင် အချိန်မရွေးပါပဲ။ ကျွန်တော့်ဆီကို လှမ်းဆက်သွယ်လိုက်ပါ။ ကျွန်တော် ပြောပြပေးသွားမှာပါ။ ချယ်လ်ဆီးကစားသမားမဟုတ်လဲ ဘာဖြစ်လဲ၊ (သူ ခြေစွမ်းပိုကောင်းလာစေဖို့) ကျွန်တော်ကတော့ ကူညီမှာပါပဲ” လို့ အက်ဆီယန်က Goal သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ သူ အာဆင်နယ်မှာ အဆင်ပြေပြီး ခြေစွမ်းကောင်းတွေ ထုတ်ဖော်ပြသနိုင်ဖို့ ဆုတောင်းမိပါတယ်။ အာဆင်နယ်အနေနဲ့ တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ ခေါ်ယူမှုကို လုပ်ခဲ့တာပါ။ ကျွန်တော်တို့တိုင်းပြည်က အကောင်းဆုံးကစားသမားကို သူတို့က ပရီးမီးယားလိဂ်ကို ခေါ်ယူပေးခဲ့တာပါ။ သူ့အတွက်လည်း တကယ်ကောင်းတဲ့ ရွှေ့ပြောင်းမှုလို့ ကျွန်တော်မြင်ပါတယ်။ အာဆင်နယ်က ခမ်းနားတဲ့ကလပ်ပါ။ ပရီးမီးယားလိဂ်ကလည်း အကောင်းဆုံးလိဂ်ပါ။ သူ့ကို ပိုတိုးတက်လာစေပါလိမ့်မယ်” လို့လည်း အက်ဆီယန်က ဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် ပါတေးကို ဘယ်လို အသုံးချရမလဲဆိုတာနဲ့ ပတ်သက်လို့လည်း အက်ဆီယန်က “သူက ကွင်းလယ်ကြောမှာဆိုရင် No.6 ကစားသမားမျိုးပါ။ ဘောလုံးကို ကောင်းကောင်းနိုင်နင်းပါတယ်။ တကယ်ကိုပြီးပြည့်စုံတဲ့ ကွင်းလယ်လူတစ်ယောက်ပါ” လို့လည်း ပြောဆိုသွားခဲ့ပါသေးတယ်။
သောမတ် ပါတေးဟာ အာဆင်နယ်အသင်းထံ ယခုနှစ်နွေရာသီကမှ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းကို စတင်ရောက်ရှိလာချိန်ကတည်းက ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေသူဖြစ်ကာ မိုက်ကယ် အက်ဆီယန်ဟာ သူ့ရဲ့ စံပြကစားသမားဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Source: Goal
[ZAWGYI]
ခ်ယ္လ္ဆီးကြင္းလယ္လူေဟာင္း မိုက္ကယ္ အက္ဆီယန္က အာဆင္နယ္အသင္းက ကြင္းလယ္လူ ေသာမတ္ ပါေတးတစ္ေယာက္ ခုထပ္ပိုျပီး ေျခစြမ္းထက္ျမက္လာေအာင္၊ အဂၤလန္မွာပိုျပီး ေနသားတက်ျဖစ္ေအာင္ သူ႔အေနနဲ႔ ကူညီေပးသြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။
လက္ရွိမွာ အသက္ ၃၇ ႏွစ္အရြယ္ရွိေနျပီျဖစ္တဲ့ ဂါနာလက္ေရြးစင္အသင္းရဲ႕ ဂႏၱဝင္ကြင္းလယ္လူ အက္ဆီယန္ဟာ လက္ရွိ အဇာဘုိင္ဂ်န္ကလပ္ ဆာေဘးလ္အသင္းထံမွာ ကစားေနသူျဖစ္ျပီး ခ်ယ္လ္ဆီးအသင္းမွာ ၂၀၀၅ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အထိ ကစားသြားခဲ့သူျဖစ္ပါတယ္။

“ကၽြန္ေတာ္ သူ႔အေၾကာင္းကို သိတာေပါ့။ သူကစားတာကိုလည္း အၾကိမ္ၾကိမ္ ျမင္ေတြ႕ဖူးပါရဲ႕။ စကားလည္းေျပာဆိုျဖစ္ၾကပါတယ္။ တကယ္လို႔မ်ား သူ႔ဘက္က ေမးစရာျမန္းစရာ သိခ်င္တာေတြရွိရင္ အခ်ိန္မေရြးပါပဲ။ ကၽြန္ေတာ့္ဆီကို လွမ္းဆက္သြယ္လုိက္ပါ။ ကၽြန္ေတာ္ ေျပာျပေပးသြားမွာပါ။ ခ်ယ္လ္ဆီးကစားသမားမဟုတ္လဲ ဘာျဖစ္လဲ၊ (သူ ေျခစြမ္းပိုေကာင္းလာေစဖို႔) ကၽြန္ေတာ္ကေတာ့ ကူညီမွာပါပဲ” လို႔ အက္ဆီယန္က Goal သတင္းဌာနကို ေျပာဆိုခဲ့ပါတယ္။
“ကၽြန္ေတာ့္အေနနဲ႔ သူ အာဆင္နယ္မွာ အဆင္ေျပျပီး ေျခစြမ္းေကာင္းေတြ ထုတ္ေဖာ္ျပသႏုိင္ဖို႔ ဆုေတာင္းမိပါတယ္။ အာဆင္နယ္အေနနဲ႔ တကယ္ကို ၾကီးက်ယ္ခမ္းနားတဲ့ ေခၚယူမႈကို လုပ္ခဲ့တာပါ။ ကၽြန္ေတာ္တို႔တုိင္းျပည္က အေကာင္းဆံုးကစားသမားကို သူတို႔က ပရီးမီးယားလိဂ္ကို ေခၚယူေပးခဲ့တာပါ။ သူ႔အတြက္လည္း တကယ္ေကာင္းတဲ့ ေရႊ႕ေျပာင္းမႈလို႔ ကၽြန္ေတာ္ျမင္ပါတယ္။ အာဆင္နယ္က ခမ္းနားတဲ့ကလပ္ပါ။ ပရီးမီးယားလိဂ္ကလည္း အေကာင္းဆံုးလိဂ္ပါ။ သူ႔ကို ပိုတိုးတက္လာေစပါလိမ့္မယ္” လို႔လည္း အက္ဆီယန္က ဆိုခဲ့ပါေသးတယ္။

ဒါ့အျပင္ ပါေတးကို ဘယ္လို အသံုးခ်ရမလဲဆုိတာနဲ႔ ပတ္သက္လို႔လည္း အက္ဆီယန္က “သူက ကြင္းလယ္ေၾကာမွာဆိုရင္ No.6 ကစားသမားမ်ိဳးပါ။ ေဘာလံုးကို ေကာင္းေကာင္းႏုိင္နင္းပါတယ္။ တကယ္ကိုျပီးျပည့္စံုတဲ့ ကြင္းလယ္လူတစ္ေယာက္ပါ” လို႔လည္း ေျပာဆိုသြားခဲ့ပါေသးတယ္။
ေသာမတ္ ပါေတးဟာ အာဆင္နယ္အသင္းထံ ယခုႏွစ္ေႏြရာသီကမွ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး အသင္းကို စတင္ေရာက္ရွိလာခ်ိန္ကတည္းက ေျခစြမ္းေကာင္းေတြ ဆက္တုိက္ျပသေနသူျဖစ္ကာ မိုက္ကယ္ အက္ဆီယန္ဟာ သူ႔ရဲ႕ စံျပကစားသမားျဖစ္တယ္လုိ႔ ေျပာဆိုထားပါတယ္။
Source: Goal