
[UNICODE]
အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက ခြေစွမ်းတည်ငြိမ်ဖို့နဲ့ ကြံ့ခိုင်မှုပြည့်ဝဖို့ ရုံးကန်နေရတဲ့ ပေါင် ၄၅ သန်းတန် ကွင်းလယ်လူ သောမတ် ပါတေးအတွက် သူ့မှာ အဖြေရှိထားတယ်လို့ ပြောဆိုလိုက်ပါတယ်။
၂၇ နှစ်အရွယ် ဂါနာလက်ရွေးစင်ကွင်းလယ်လူ သောမတ် ပါတေးအနေနဲ့ မကြာခင်မှာ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာမှာဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝလာတာနဲ့ ခြေစွမ်းလည်း ပြန်မှန်လာမှာဖြစ်တယ်လို့ အာတီတာက ဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီတုန်းက အက်သလက်တီကို မက်ဒရစ်အသင်ကနေ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ သောမတ် ပါတေးဟာ ကီယန် တီယာနီ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာစဉ်တုန်းကလို အသင်းဟောင်းမှာ အလွန်အမင်း အသုံးချခြင်းခံခဲ့ရတာကြောင့် ပွဲပန်းမှု၊ ဒါဏ်ရာနဲ့ နယ်မြေသစ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုဒါဏ်တွေကို ခံစားနေရတာဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ ရုံးကန်နေရတာပါ။
ဒါနဲ့ ပတ်သက်ပြီး အာတီတာကတော့ အပြုသဘောဆောင်တဲ့အမြင်ကို ပြောပြခဲ့ပြီး ပါတေးတစ်ယောက် ခြေစွမ်းကောင်းပြန်ပြနိုင်ဖို့ နီးစပ်နေပြီလို့ ဆိုသွားခဲ့ပြီး အချိန်အနည်းငယ်သာလိုတော့တယ်လို့ သူကပြောပြခဲ့ပါတယ်။

“ကျွန်တော်ထင်ပါတယ်။ သူသိပ်မဝေးတော့ပါဘူး။ ရစ်သမ်ပြန်မှန်လာတော့မှာပါ။ နောက်ရက်သတ္တပတ် နည်းနည်းလောက်ဆိုရင် ကြံ့ခိုင်မှုအခက်အခဲကို ကျော်ဖြတ်နိုင်တော့မှာပါ။ သူ့အနေနဲ့ ပွဲပန်းမှုနဲ့ ဒါဏ်ရာပြဿနာတွေကြောင့် လုံလုံလောက်လောက် လေ့ကျင့်ခွင့်မရသေးတာကြောင့် ခုလိုဖြစ်နေတာပါ” လို့ အာတီတာကဆိုသွားခဲ့ပါတယ်။
သောမတ် ပါတေးဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ပြိုင်ပွဲစုံ ၁၇ ပွဲသာပါဝင်ကစားထားပြီး ကြံ့ခိုင်မှုအပြည့်နဲ့ကစားနိုင်တဲ့ပွဲစဉ် ၂ ပွဲသာရှိသေးတယ်လို့ ကာယကံရှင်ကိုယ်တိုင်က ဝန်ခံပြောဆိုထားပါတယ်။
Source: Goal
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက ေျခစြမ္းတည္ျငိမ္ဖို႔နဲ႔ ၾက့ံခိုင္မႈျပည့္ဝဖို႔ ရံုးကန္ေနရတဲ့ ေပါင္ ၄၅ သန္းတန္ ကြင္းလယ္လူ ေသာမတ္ ပါေတးအတြက္ သူ႔မွာ အေျဖရွိထားတယ္လို႔ ေျပာဆိုလုိက္ပါတယ္။
၂၇ ႏွစ္အရြယ္ ဂါနာလက္ေရြးစင္ကြင္းလယ္လူ ေသာမတ္ ပါေတးအေနနဲ႔ မၾကာခင္မွာ ၾကံ့ခိုင္မႈ ျပန္လည္ ျပည့္ဝလာမွာျဖစ္ျပီး ၾကံ့ခိုင္မႈျပည့္ဝလာတာနဲ႔ ေျခစြမ္းလည္း ျပန္မွန္လာမွာျဖစ္တယ္လုိ႔ အာတီတာက ဆိုသြားခဲ့ပါတယ္။

ျပီးခဲ့တဲ့ေႏြရာသီတုန္းက အက္သလက္တီကို မက္ဒရစ္အသင္ကေန အာဆင္နယ္အသင္းထံကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ေသာမတ္ ပါေတးဟာ ကီယန္ တီယာနီ အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕လာစဥ္တုန္းကလို အသင္းေဟာင္းမွာ အလြန္အမင္း အသံုးခ်ျခင္းခံခဲ့ရတာေၾကာင့္ ပြဲပန္းမႈ၊ ဒါဏ္ရာနဲ႔ နယ္ေျမသစ္ေၾကာင့္ျဖစ္တဲ့ စိတ္ဖိစီးမႈဒါဏ္ေတြကို ခံစားေနရတာျဖစ္ျပီး ၾက့ံခုိင္မႈျပည့္ဝဖို႔ ရံုးကန္ေနရတာပါ။
ဒါနဲ႔ ပတ္သက္ျပီး အာတီတာကေတာ့ အျပဳသေဘာေဆာင္တဲ့အျမင္ကို ေျပာျပခဲ့ျပီး ပါေတးတစ္ေယာက္ ေျခစြမ္းေကာင္းျပန္ျပႏုိင္ဖို႔ နီးစပ္ေနျပီလုိ႔ ဆိုသြားခဲ့ျပီး အခ်ိန္အနည္းငယ္သာလိုေတာ့တယ္လုိ႔ သူကေျပာျပခဲ့ပါတယ္။

“ကၽြန္ေတာ္ထင္ပါတယ္။ သူသိပ္မေဝးေတာ့ပါဘူး။ ရစ္သမ္ျပန္မွန္လာေတာ့မွာပါ။ ေနာက္ရက္သတၱပတ္ နည္းနည္းေလာက္ဆိုရင္ ၾကံ့ခိုင္မႈအခက္အခဲကုိ ေက်ာ္ျဖတ္ႏုိင္ေတာ့မွာပါ။ သူ႔အေနနဲ႔ ပြဲပန္းမႈနဲ႔ ဒါဏ္ရာျပႆနာေတြေၾကာင့္ လံုလံုေလာက္ေလာက္ ေလ့က်င့္ခြင့္မရေသးတာေၾကာင့္ ခုလိုျဖစ္ေနတာပါ” လို႔ အာတီတာကဆိုသြားခဲ့ပါတယ္။
ေသာမတ္ ပါေတးဟာ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕လာျပီးကတည္းက ျပိဳင္ပြဲစံု ၁၇ ပြဲသာပါဝင္ကစားထားျပီး ၾကံ့ခိုင္မႈအျပည့္နဲ႔ကစားႏုိင္တဲ့ပြဲစဥ္ ၂ ပြဲသာရွိေသးတယ္လုိ႔ ကာယကံရွင္ကိုယ္တုိင္က ဝန္ခံေျပာဆိုထားပါတယ္။
Source: Goal