
လန်ဒန်အခြေစိုက် ထိပ်တန်းသတင်းဌာနတစ်ခုဖြစ်တဲ့ Football London က အာဆင်နယ်အသင်းဟာ သောမတ် ပါတေးနဲ့ တွဲဖက်ပေးဖို့ ပြီးပြည့်စုံတဲ့ ကွင်းလယ်တွဲဖက်ကောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်တယ်လို့ သုံးသပ်ရေးသားလိုက်ပါတယ်။
Football London ကတော့ ယခုနှစ်နွေရာသီမှာမှ အသစ်ခေါ်ယူထားတဲ့ ဘယ်လ်ဂျီယံလက်ရွေးစင် လူငယ်ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါဟာ သောမတ် ပါတေးနဲ့ တွဲဖက်ဖို့အတွက် အကောင်းဆုံးကစားသမားဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။

အသက် ၂၁ နှစ်အရွယ် ဘယ်လ်ဂျီယံကွင်းလယ်လူဟာ ယခုနှစ်ရာသီအစပိုင်းတုန်းက ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းကနေ ပေါင် ၁၈ သန်းနဲ့ ခေါ်ယူထားတဲ့ကစားသမားဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ မထင်မှတ်ထားလောက်အောင် ခြေစွမ်းကောင်းထုတ်ဖော်ပြသနေသူဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လိုကွန်ဂါကို ရေရှည်အတွက် ရည်ရွယ်ပြီး ခေါ်ယူထားတာဖြစ်ပေမယ့် ဘယ်လ်ဂျီယံသားရဲ့ ခြေစွမ်းဟာ တည်ငြိမ်မှုရှိတဲ့အပြင် လက်တွေ့အသုံးတည့်နေတာကြောင့် အာဆင်နယ်ပရိတ်သတ်တွေကလည်း သဘောကျနှစ်ခြိုက်နေကြပြီး တချိန်တုန်းက ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်နဲ့ နှိုင်းယှဉ်မှုတွေလည်း ရှိနေပါတယ်။

Football London ကတော့ လိုကွန်ဂါရဲ့ ဘောလုံးပေးမှုစွမ်းရည်၊ မာကျောမှု၊ အမြင်ရှိမှုနဲ့ ခံစစ်ကို ကာကွယ်ပေးနိုင်စွမ်းတွေက သောမတ် ပါတေးကို ကွင်းလယ်ကျောတစ်လျှောင် Box-t-box ကစားသမားအဖြစ် လွတ်လွတ်လပ်လပ်ကစားနိုင်စေဖို့ အထူးတလည်အထောက်အကူဖြစ်စေနိုင်ပြီး ပြီးပြည့်စုံတဲ့တွဲဖက် ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ရာသီတစ်လျှောက်လုံး သောမတ် ပါတေးနဲ့ တွဲဖက်ပေးနိုင်မယ့် အရည်အသွေးမြင့်ကွင်းလယ်လူ ရှာဖွေနေတဲ့အသင်းဖြစ်ပြီး ဆမ်ဘီ လိုကွန်ဂါဟာ ပါတေးအတွက် အကောင်းဆုံးတွဲဖက်ဖြစ်လာခဲ့မယ်ဆိုရင်တောင်မှ ကွင်းလယ်လူသစ်တစ်ဦးကို သေချာပေါက် ထပ်မံဖြည့်တင်းသွားဦးမှာဖြစ်ပါတယ်။
Source: Football London