ပွဲထွက်ခွင့်ရလာဖို့ နယ်လ်ဆင် ပြင်ဆင်ရမယ့် တစ်ခုတည်းသောအချက်က ဘာလဲ

[UNICODE]

အာဆင်နယ်အသင်းရဲ့ လူငယ်တောင်ပံကြယ်ပွင့် ရီးစ် နယ်လ်ဆင်ဟာ ပွဲထွက်ကစားသမားဖြစ်လာဖို့ နီးစပ်နေပြီဖြစ်တယ်လို့ Squawka သတင်းဌာနက သုံးသပ်လိုက်ပြီး ဒီအခွင့်အရေးကို ရယူပိုင်ဆိုင်နိုင်ဖို့ ပြင်ဆင်စရာ အချက် တစ်ချက်သာရှိတယ်လို့လည်း ဖော်ပြလိုက်ပါတယ်။

အသက် ၂၀ အရွယ် တောင်ပံကစားသမား နယ်လ်ဆင်ဟာ လက်ရှိရာသီမှာ အာဆင်နယ်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ၂ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုးတွေ ဖန်တီးမှုတွေ ပြုလုပ်ထားနိုင်သေးခြင်းမရှိပေမယ့် တိုက်စစ်မှာ ပြိုင်ဘက်ကို ဖြိုလှဲနိုင်စွမ်းနဲ့ ဖြတ်ကျော်နိုင်စွမ်းကတော့ အတော်လေး ကောင်းမွန်နေခဲ့ပါတယ်။ ဒါကြောင့်လည်း လက်ရှိကာလမှာ နယ်လ်ဆင်ကို အသင်းမှာ ပွဲထွက်ခွင့် စမ်းသပ်ပေးအပ်ဖို့ ပရိတ်သတ်တွေဘက်က တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိလာနေတာပါ။

Squawka ကတော့ နယ်လ်ဆင်ဟာ ဘောလုံးထိမ်းသိမ်းနိုင်စွမ်း၊ သယ်ယူနိုင်စွမ်း၊ ခြေအနှုတ်အသိမ်း၊ ပြိုင်ဘက်ကို ဖြတ်ကျော်နိုင်စွမ်းနဲ့ ပြိုင်ဘက် ခံစစ်ကို အရှိန်နှုန်းနဲ့ တိုးဝင်နိုင်စွမ်းတွေမှာ အထူးကောင်းမွန်တယ်လို့ သုံးသပ်ခဲ့ပြီး သူ့အနေနဲ့ ဒီထက်ပိုမိုတိုးတက်လာဖို့ဆိုရင် တည်တည်ငြိမ်ငြိမ် သွေးအေးအေးနဲ့ ကစားနိုင်ဖို့တော့ လိုအပ်လိမ့်မယ်လို့ အကြံပြုရေးသားခဲ့ပါတယ်။

ဒါ့အပြင် အဆုံးသတ်စွမ်းရည်ကိုပါ ဒီထက်ပိုတိုးတက်အောင် လုပ်ဆောင်နိုင်ရင် ထိပ်တန်း တောင်ပံလူတစ်ယောက်ဖြစ်လာနိုင်တဲ့ အရည်အသွေးမျိုး နယ်လ်ဆင်မှာ ရှိထားတယ်လို့လည်း ကမ္ဘာ့ထိပ်တန်း အားကစားအချက်အလက် သတင်းဌာနက Squawka က သုံးသပ်ဖော်ပြသွားခဲ့တာပါ။

နည်းပြဖြစ်သူ အာတီတာကိုယ်တိုင်ကလည်း အသင်းရဲ့ တောင်ပံတိုက်စစ်ကို အပြောင်းအလဲပြုလုပ်ဖို့ စိတ်ဆန္ဒရှိနေပြီး ဘယ်တောင်ပံမှာရော ညာတောင်ပံမှာပါ အံဝင်အောင်ကစားနိုင်စွမ်းရှိတဲ့ နယ်လ်ဆင်ဟာ ပွဲထွက်ခွင့်နဲ့ထိုက်တန်တဲ့ သမားတစ်ဦးဖြစ်တယ်လို့ ဒန်းဒါ့ခ်နဲ့ပွဲစဉ်မတိုင်ခင်တုန်းကတည်းက ဖွင့်ဟပြောဆိုထားပါတယ်။

စပိန်သား အာတီတာကတော့ နယ်လ်ဆင်ဟာ သူ့ရဲ့အသင်းမှာ ပြိုင်ဘက်ကို အရှိန်နဲ့ဖြတ်ကျော်မှုအကောင်းဆုံး ကစားသမားလို့ ပြောဆိုထားသလို စပါယ်ရှယ်အဆင့်ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ လူငယ်ကြယ်ပွင့်တစ်ယောက် ဖြစ်တယ်လို့လည်း အတိတလင်း ချီးမွမ်းစကားဆိုထားတာမို့ နယ်လ်ဆင်တစ်ယောက် ပွဲထွက်လူစာရင်းတွေမှာ ပါဝင်ခွင့်ရလာမလား စောင့်ကြည့်ရပါတော့မယ်။

Ref: Squawka, Football London, Guardian, The Star

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ လူငယ္ေတာင္ပံၾကယ္ပြင့္ ရီးစ္ နယ္လ္ဆင္ဟာ ပြဲထြက္ကစားသမားျဖစ္လာဖို႔ နီးစပ္ေနျပီျဖစ္တယ္လို႔ Squawka သတင္းဌာနက သံုးသပ္လုိက္ျပီး ဒီအခြင့္အေရးကို ရယူပိုင္ဆိုင္ႏုိင္ဖို႔ ျပင္ဆင္စရာ အခ်က္ တစ္ခ်က္သာရွိတယ္လုိ႔လည္း ေဖာ္ျပလိုက္ပါတယ္။

အသက္ ၂၀ အရြယ္ ေတာင္ပံကစားသမား နယ္လ္ဆင္ဟာ လက္ရွိရာသီမွာ အာဆင္နယ္အသင္းအတြက္ ပြဲထြက္ကစားသမားအျဖစ္ ၂ ပြဲပါဝင္ကစားေပးထားျပီး သြင္းဂိုးေတြ ဖန္တီးမႈေတြ ျပဳလုပ္ထားႏုိင္ေသးျခင္းမရွိေပမယ့္ တုိက္စစ္မွာ ျပိဳင္ဘက္ကို ျဖိဳလွဲႏုိင္စြမ္းနဲ႔ ျဖတ္ေက်ာ္ႏုိင္စြမ္းကေတာ့ အေတာ္ေလး ေကာင္းမြန္ေနခဲ့ပါတယ္။ ဒါေၾကာင့္လည္း လက္ရွိကာလမွာ နယ္လ္ဆင္ကို အသင္းမွာ ပြဲထြက္ခြင့္ စမ္းသပ္ေပးအပ္ဖို႔ ပရိတ္သတ္ေတြဘက္က ေတာင္းဆိုမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ရွိလာေနတာပါ။

Squawka ကေတာ့ နယ္လ္ဆင္ဟာ ေဘာလံုးထိမ္းသိမ္းႏဳိင္စြမ္း၊ သယ္ယူႏုိင္စြမ္း၊ ေျခအႏႈတ္အသိမ္း၊ ျပိဳင္ဘက္ကို ျဖတ္ေက်ာ္ႏုိင္စြမ္းနဲ႔ ျပိဳင္ဘက္ ခံစစ္ကို အရွိန္ႏႈန္းနဲ႔ တိုးဝင္ႏုိင္စြမ္းေတြမွာ အထူးေကာင္းမြန္တယ္လုိ႔ သံုးသပ္ခဲ့ျပီး သူ႔အေနနဲ႔ ဒီထက္ပိုမိုတိုးတက္လာဖို႔ဆိုရင္ တည္တည္ျငိမ္ျငိမ္ ေသြးေအးေအးနဲ႔ ကစားႏုိင္ဖို႔ေတာ့ လိုအပ္လိမ့္မယ္လို႔ အၾကံျပဳေရးသားခဲ့ပါတယ္။

ဒါ့အျပင္ အဆံုးသတ္စြမ္းရည္ကိုပါ ဒီထက္ပိုတုိးတက္ေအာင္ လုပ္ေဆာင္ႏုိင္ရင္ ထိပ္တန္း ေတာင္ပံလူတစ္ေယာက္ျဖစ္လာႏုိင္တဲ့ အရည္အေသြးမ်ိဳး နယ္လ္ဆင္မွာ ရွိထားတယ္လုိ႔လည္း ကမၻာ့ထိပ္တန္း အားကစားအခ်က္အလက္ သတင္းဌာနက Squawka က သံုးသပ္ေဖာ္ျပသြားခဲ့တာပါ။

နည္းျပျဖစ္သူ အာတီတာကုိယ္တုိင္ကလည္း အသင္းရဲ႕ ေတာင္ပံတုိက္စစ္ကို အေျပာင္းအလဲျပဳလုပ္ဖို႔ စိတ္ဆႏၵရွိေနျပီး ဘယ္ေတာင္ပံမွာေရာ ညာေတာင္ပံမွာပါ အံဝင္ေအာင္ကစားႏိုင္စြမ္းရွိတဲ့ နယ္လ္ဆင္ဟာ ပြဲထြက္ခြင့္နဲ႔ထိုက္တန္တဲ့ သမားတစ္ဦးျဖစ္တယ္လုိ႔ ဒန္းဒါ့ခ္နဲ႔ပြဲစဥ္မတိုင္ခင္တုန္းကတည္းက ဖြင့္ဟေျပာဆိုထားပါတယ္။

စပိန္သား အာတီတာကေတာ့ နယ္လ္ဆင္ဟာ သူ႔ရဲ႕အသင္းမွာ ၿပိဳင္ဘက္ကို အရွိန္နဲ႔ျဖတ္ေက်ာ္မႈအေကာင္းဆုံး ကစားသမားလို႔ ေျပာဆိုထားသလို စပါယ္ရွယ္အဆင့္ေျခစြမ္းကို ပိုင္ဆိုင္ထားတဲ့ လူငယ္ၾကယ္ပြင့္တစ္ေယာက္ ျဖစ္တယ္လို႔လည္း အတိတလင္း ခ်ီးမြမ္းစကားဆိုထားတာမို႔ နယ္လ္ဆင္တစ္ေယာက္ ပြဲထြက္လူစာရင္းေတြမွာ ပါဝင္ခြင့္ရလာမလား ေစာင့္ၾကည့္ရပါေတာ့မယ္။

Ref: Squawka, Football London, Guardian, The Star

Leave a Reply