ပွဲထွက်ခွင့်အပြင် ထိပ်တန်းကျောနံပါတ်တွေကိုပါ မျက်စောင်းထိုးလာတဲ့ နကီတီယာ

[UNICODE]

လူငယ်တိုက်စစ်မှူး အက်ဒီ နကီတီယာက သူ့အနေနဲ့ ပွဲထွက်ခွင့်ရဖို့အတွက် စီနီယာကစားသမားတွေဖြစ်တဲ့ လာကာဇက်၊ အူဘာမီယန်းတို့နဲ့ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး သူတို့ရဲ့ ကျောနံပတ်တွေထဲက တစ်ခုခုကို ဆက်ခံနိုင်ဖို့ကိုပါ အလိုရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။

အင်္ဂလန် ယူ-၂၁ အသင်းမှာ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူပေးနေတဲ့ ၂၁ နှစ်သားတိုက်စစ်မှူးက ဝါရင့်တိုက်စစ်မှူး နှစ်ဦးဟာ သူ့ရဲ့ ကျေးဇူးရှင်တွေဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး သူတို့ကြောင့် ပိုမိုတိုးတက်လာရတာလို့လည်းဆိုခဲ့ပါတယ်။ “သူတို့နဲ့ လေ့ကျင့်ခွင့်ရတာက ကိုယ့်ရဲ့ အရည်အသွေးကို ပိုပြီး မြန်မြန်တိုးတက်စေပါတယ်။ သူတို့နှစ်ယောက်ကို တကယ်ကျေးဇူးတင်မိတာပါ” လို့ နကီတီယာက ဆိုပါတယ်။

ဒါပေမယ့်လည်း အဆိုပါ ဝါရင့်တိုက်စစ်မှူးတွေရဲ့ ပွဲထွက်ခွင့်နေရာကို ယှဉ်ပြိုင်ရယူဖို့အတွက် သူ့အနေနဲ့ ကြိုးစားသွားမှာဖြစ်ပေမယ့် ခုလိုပွဲထွက်ခွင့်အတွက် စီနီယာတွေနဲ့ တိုက်ပွဲဝင်နေရတဲ့အပေါ်မှာ အားနားစိတ်တော့ဖြစ်မိတယ်လို့ လူငယ်တိုက်စစ်မှူးလေးက ဆိုသွားပါတယ်။

“ပွဲထွက်ခွင့်လိုချင်ရင် တွန့်ဆုတ်နေလို့ မဖြစ်ရပါဘူး။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်ဖြစ်နေတာကြောင့်ပါ။ ခေတ်ကိုက လူတိုင်းဟာ ကိုယ်ရဲ့ ပန်းတိုင်ကို ပိုင်ဆိုင်နိုင်ဖို့ အချင်းချင်းပြိုင်ဆိုင် ကျော်ဖြတ်ရယူနေကြရတာမဟုတ်လား။ ဒါပေမယ့် အားနာစိတ်တော့ ဖြစ်မိတယ်ဆိုတာကို ဝန်ခံပါတယ်” လို့ သူကဆိုခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိမှာ ကျောနံပတ် ၃၀ ကို ဝတ်ဆင်ကစားနေတဲ့ သူ့အနေနဲ့ လာကာဇက်ရဲ့ ကျောနံပါတတ် ၉ ဒါမှမဟုတ် အူဘာမီယန်းရဲ့ ကျောနံပါတ် ၁၄ စတဲ့ အရေးပါတဲ့ နံပါတ်တွေထဲက ဘယ်နံပါတ်ကိုမဆို ဆက်ခံချင်တယ်လို့လည်း ဖွင့်ဟသွားခဲ့ပါသေးတယ်။

“ကျွန်တော် အမြဲတမ်း သူတို့လိုဖြစ်လာအောင် ကြိုးစားနေခဲ့ပါတယ်။ သူတို့နဲ့ အတူလေ့ကျင့်ခွင့်၊ ကစားခွင့်ရတာက တကယ့်ကို ကြီးကျယ်တဲ့ကိစ္စပါ။ ကျွန်တော် လိဒ်စ်မှာ ကစားတုန်းက စိတ်ကြိုက်နံပါတ်ဖြစ်တဲ့ နံပါတ် ၉ ဝတ်ဆင်ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် ၁၄ ဝတ်ဆင်ခဲ့ရပြီး ဒါလည်း မိုက်ပါတယ်။ ဒီနံပါတ်ကိုလည်း ကျွန်တော် သဘောကျပါတယ်” လို့ နကီတီယာက ဆိုသွားခဲ့ပါတယ်။

Source: Football London

[ZAWGYI]

လူငယ္တုိက္စစ္မွဴး အက္ဒီ နကီတီယာက သူ႔အေနနဲ႔ ပြဲထြက္ခြင့္ရဖို႔အတြက္ စီနီယာကစားသမားေတြျဖစ္တဲ့ လာကာဇက္၊ အူဘာမီယန္းတို႔နဲ႔ တုိက္ပြဲဝင္သြားမွာျဖစ္ျပီး သူတို႔ရဲ႕ ေက်ာနံပတ္ေတြထဲက တစ္ခုခုကို ဆက္ခံႏုိင္ဖို႔ကိုပါ အလိုရွိေနေၾကာင္း ေျပာဆိုလုိက္ပါတယ္။

အဂၤလန္ ယူ-၂၁ အသင္းမွာ သြင္းဂိုးေတြ ဆက္တုိက္သြင္းယူေပးေနတဲ့ ၂၁ ႏွစ္သားတုိက္စစ္မွဴးက ဝါရင့္တုိက္စစ္မွဴး ႏွစ္ဦးဟာ သူ႔ရဲ႕ ေက်းဇူးရွင္ေတြျဖစ္တယ္လုိ႔ ဝန္ခံခဲ့ျပီး သူတို႔ေၾကာင့္ ပိုမိုတိုးတက္လာရတာလို႔လည္းဆိုခဲ့ပါတယ္။ “သူတို႔နဲ႔ ေလ့က်င့္ခြင့္ရတာက ကိုယ့္ရဲ႕ အရည္အေသြးကို ပိုျပီး ျမန္ျမန္တိုးတက္ေစပါတယ္။ သူတို႔ႏွစ္ေယာက္ကို တကယ္ေက်းဇူးတင္မိတာပါ” လို႔ နကီတီယာက ဆိုပါတယ္။

ဒါေပမယ့္လည္း အဆုိပါ ဝါရင့္တိုက္စစ္မွဴးေတြရဲ႕ ပြဲထြက္ခြင့္ေနရာကို ယွဥ္ျပိဳင္ရယူဖို႔အတြက္ သူ႔အေနနဲ႔ ၾကိဳးစားသြားမွာျဖစ္ေပမယ့္ ခုလိုပြဲထြက္ခြင့္အတြက္ စီနီယာေတြနဲ႔ တုိက္ပြဲဝင္ေနရတဲ့အေပၚမွာ အားနားစိတ္ေတာ့ျဖစ္မိတယ္လုိ႔ လူငယ္တုိက္စစ္မွဴးေလးက ဆိုသြားပါတယ္။

“ပြဲထြက္ခြင့္လိုခ်င္ရင္ တြန္႔ဆုတ္ေနလို႔ မျဖစ္ရပါဘူး။ ဒါက ကၽြန္ေတာ့္ရဲ႕ ရည္မွန္းခ်က္ျဖစ္ေနတာေၾကာင့္ပါ။ ေခတ္ကိုက လူတုိင္းဟာ ကိုယ္ရဲ႕ ပန္းတုိင္ကို ပိုင္ဆိုင္ႏုိင္ဖို႔ အခ်င္းခ်င္းျပိဳင္ဆုိင္ ေက်ာ္ျဖတ္ရယူေနၾကရတာမဟုတ္လား။ ဒါေပမယ့္ အားနာစိတ္ေတာ့ ျဖစ္မိတယ္ဆိုတာကို ဝန္ခံပါတယ္” လို႔ သူကဆိုခဲ့ပါတယ္။

ဒါ့အျပင္ လက္ရွိမွာ ေက်ာနံပတ္ ၃၀ ကို ဝတ္ဆင္ကစားေနတဲ့ သူ႔အေနနဲ႔ လာကာဇက္ရဲ႕ ေက်ာနံပါတတ္ ၉ ဒါမွမဟုတ္ အူဘာမီယန္းရဲ႕ ေက်ာနံပါတ္ ၁၄ စတဲ့ အေရးပါတဲ့ နံပါတ္ေတြထဲက ဘယ္နံပါတ္ကိုမဆို ဆက္ခံခ်င္တယ္လုိ႔လည္း ဖြင့္ဟသြားခဲ့ပါေသးတယ္။

“ကၽြန္ေတာ္ အျမဲတမ္း သူတို႔လိုျဖစ္လာေအာင္ ၾကိဳးစားေနခဲ့ပါတယ္။ သူတို႔နဲ႔ အတူေလ့က်င့္ခြင့္၊ ကစားခြင့္ရတာက တကယ့္ကို ၾကီးက်ယ္တဲ့ကိစၥပါ။ ကၽြန္ေတာ္ လိဒ္စ္မွာ ကစားတုန္းက စိတ္ၾကိဳက္နံပါတ္ျဖစ္တဲ့ နံပါတ္ ၉ ဝတ္ဆင္ခြင့္မရခဲ့ပါဘူး။ ဒါေပမယ့္ ၁၄ ဝတ္ဆင္ခဲ့ရျပီး ဒါလည္း မုိက္ပါတယ္။ ဒီနံပါတ္ကိုလည္း ကၽြန္ေတာ္ သေဘာက်ပါတယ္” လုိ႔ နကီတီယာက ဆိုသြားခဲ့ပါတယ္။

Source: Football London

Leave a Reply