ပွဲထွက်ခွင့် အာမခံချက် ရုတ်သိမ်းခံလိုက်ရပြီဖြစ်တဲ့ အူဘာမီယန်း

[UNICODE]

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက အသင်းခေါင်းဆောင်တိုက်စစ်မှူး ပီယာရီ-အမ်းမရစ် အူဘာမီယန်းအနေနဲ့ ပွဲထွက်ခွင့်အာမခံချက်ရှိတော့မှာ မဟုတ်ပဲ ခြေစွမ်းမပြသနိုင်ရင် တခြားကစားသမားတွေလိုပဲ လူစာရင်းကနေ ချန်လှပ်ခံရနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၁၁ ပွဲကစားထားရာမှာ သွင်းဂိုး ၁၀ ဂိုးသာ သွင်းယူထားနိုင်တဲ့အထိ တိုက်စစ်စွမ်းဆောင်ရည်ကျဆင်းနေပြီး အသင်းကလည်း အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာအထိ ရောက်ရှိနေခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ ရာသီဆက်တိုက် ဂိုး ၂၀ ကျော်စီသွင်းယူပေးခဲ့ပြီး အသင်းရဲ့ထိပ်တန်းတိုက်စစ်မှူးအဖြစ် ရပ်တည်နိုင်ခဲ့တာကြောင့် လစာအမြင့်မားဆုံးပေးပြီး စာချုပ်သက်တမ်းတိုးမြှင့်ထားခြင်းခံခဲ့ရတဲ့ တိုက်စစ်မှူး အူဘာမီယန်းဟာလည်း ခုချိန်အထိ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂ ဂိုးသာ သွင်းယူနိုင်သေးတဲ့အထိ ခြေစွမ်းပျက်ယွင်းနေခဲ့ပါတယ်။

အာတီတာကတော့ အသင်းရဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည်ကျဆင်းသွားမှုပြဿနာမှာ အူဘာမီယန်းရဲ့ ယုံကြည်မှုကျဆင်းပြီး ခြေစွမ်းပျက်ယွင်းနေတာကလည်း တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ယူဆနေပြီး အဆိုပါအခြေအနေကို ပြင်ဆင်ဖို့ အူဘာမီယန်းရဲ့ အခြေအနေကို ဝက်အူတင်းလိုက်တာဖြစ်ပါတယ်။

“ခုလိုအခြေအနေမှာ ဘယ်ကစားသမားမှ လူစာရင်းကနေ ချန်လှပ်မခံရနိုင်ဘူးဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်တော့ပါဘူး။ အူဘာမီယန်း အပါအဝင်ပေါ့။ ဒီရက်သတ္တပတ်မှာကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပွဲချိန်တွင်းမှာရော၊ ပွဲပြီးချိန်မှာပါ ကစားသမားတွေရဲ့ တုန့်ပြန်မှုတွေကို ကျွန်တော် မြင်ခဲ့ပါတယ်။ ဂုဏ်ယူစရာ တုန့်ပြန်မှုမျိုးမဟုတ်ခဲ့ပါဘူး။ ဒီအခြေအနေကို ပြင်ဆင်ရပါမယ်” လို့ အာတီတာကဆိုသွားခဲ့ပါတယ်။

“အသင်းနဲ့ သင့်လျော်ကိုက်ညီမယ့် ကစားသမားတွေကို ရှာဖွေပြီး နေရာပေးသွားရတော့မှာပါ။ အသင်းအတွက် အူဘာ ဘာတွေလုပ်ပေးခဲ့တယ်ဆိုတာကို ကျွန်တော် မမေ့ပါဘူး။ သူ စွမ်းဆောင်ပေးခဲ့တာတွေက နှစ်တောင်မကူးသေးပါဘူး။ သူ ကိုယ်တိုင်လည်း ဒီအခြေအနေကို ပြောင်းလဲချင်နေတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ အူဘာက အဓိက ကစားသမားဖြစ်နေဆဲပါ။ ဒါပေမယ့် လိုအပ်လာမယ်ဆိုရင် သူလည်း အပြောင်းအလဲတွေမှာ ပါဝင်ရပါလိမ့်မယ်။ မတူညီတဲ့ နည်းလမ်းတွေနဲ့ လျှောက်လှမ်းရပါလိမ့်မယ်” လို့ အာတီတာက ပြောဆိုသွားခဲ့ပါတယ်။

Source: Sky Sports, Daily Star

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက အသင္းေခါင္းေဆာင္တုိက္စစ္မွဴး ပီယာရီ-အမ္းမရစ္ အူဘာမီယန္းအေနနဲ႔ ပြဲထြက္ခြင့္အာမခံခ်က္ရွိေတာ့မွာ မဟုတ္ပဲ ေျခစြမ္းမျပသႏုိင္ရင္ တျခားကစားသမားေတြလိုပဲ လူစာရင္းကေန ခ်န္လွပ္ခံရႏိုင္တယ္လုိ႔ ေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ ၁၁ ပြဲကစားထားရာမွာ သြင္းဂိုး ၁၀ ဂိုးသာ သြင္းယူထားႏုိင္တဲ့အထိ တိုက္စစ္စြမ္းေဆာင္ရည္က်ဆင္းေနျပီး အသင္းကလည္း အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၅ ေနရာအထိ ေရာက္ရွိေနခဲ့တာပါ။

ဒါ့အျပင္ ျပီးခဲ့တဲ့ ၂ ရာသီဆက္တုိက္ ဂိုး ၂၀ ေက်ာ္စီသြင္းယူေပးခဲ့ျပီး အသင္းရဲ႕ထိပ္တန္းတုိက္စစ္မွဴးအျဖစ္ ရပ္တည္ႏုိင္ခဲ့တာေၾကာင့္ လစာအျမင့္မားဆံုးေပးျပီး စာခ်ဳပ္သက္တမ္းတိုးျမွင့္ထားျခင္းခံခဲ့ရတဲ့ တိုက္စစ္မွဴး အူဘာမီယန္းဟာလည္း ခုခ်ိန္အထိ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၂ ဂိုးသာ သြင္းယူႏုိင္ေသးတဲ့အထိ ေျခစြမ္းပ်က္ယြင္းေနခဲ့ပါတယ္။

အာတီတာကေတာ့ အသင္းရဲ႕ တုိက္စစ္ပိုင္း စြမ္းေဆာင္ရည္က်ဆင္းသြားမႈျပႆနာမွာ အူဘာမီယန္းရဲ႕ ယံုၾကည္မႈက်ဆင္းျပီး ေျခစြမ္းပ်က္ယြင္းေနတာကလည္း တစ္စိတ္တစ္ပိုင္းျဖစ္တယ္လုိ႔ ယူဆေနျပီး အဆုိပါအေျခအေနကို ျပင္ဆင္ဖို႔ အူဘာမီယန္းရဲ႕ အေျခအေနကို ဝက္အူတင္းလိုက္တာျဖစ္ပါတယ္။

“ခုလိုအေျခအေနမွာ ဘယ္ကစားသမားမွ လူစာရင္းကေန ခ်န္လွပ္မခံရႏုိင္ဘူးဆိုတဲ့ အေျခအေနမ်ိဳးကို မပိုင္ဆိုင္ေတာ့ပါဘူး။ အူဘာမီယန္း အပါအဝင္ေပါ့။ ဒီရက္သတၱပတ္မွာကစားခဲ့တဲ့ ပြဲစဥ္အျပီးမွာ ပြဲခ်ိန္တြင္းမွာေရာ၊ ပြဲျပီးခ်ိန္မွာပါ ကစားသမားေတြရဲ႕ တုန္႔ျပန္မႈေတြကို ကၽြန္ေတာ္ ျမင္ခဲ့ပါတယ္။ ဂုဏ္ယူစရာ တုန္႔ျပန္မႈမ်ိဳးမဟုတ္ခဲ့ပါဘူး။ ဒီအေျခအေနကို ျပင္ဆင္ရပါမယ္” လို႔ အာတီတာကဆိုသြားခဲ့ပါတယ္။

“အသင္းနဲ႔ သင့္ေလ်ာ္ကိုက္ညီမယ့္ ကစားသမားေတြကို ရွာေဖြျပီး ေနရာေပးသြားရေတာ့မွာပါ။ အသင္းအတြက္ အူဘာ ဘာေတြလုပ္ေပးခဲ့တယ္ဆိုတာကို ကၽြန္ေတာ္ မေမ့ပါဘူး။ သူ စြမ္းေဆာင္ေပးခဲ့တာေတြက ႏွစ္ေတာင္မကူးေသးပါဘူး။ သူ ကိုယ္တုိင္လည္း ဒီအေျခအေနကို ေျပာင္းလဲခ်င္ေနတယ္ဆိုတာကို ကၽြန္ေတာ္ သိပါတယ္။ အူဘာက အဓိက ကစားသမားျဖစ္ေနဆဲပါ။ ဒါေပမယ့္ လိုအပ္လာမယ္ဆိုရင္ သူလည္း အေျပာင္းအလဲေတြမွာ ပါဝင္ရပါလိမ့္မယ္။ မတူညီတဲ့ နည္းလမ္းေတြနဲ႔ ေလွ်ာက္လွမ္းရပါလိမ့္မယ္” လို႔ အာတီတာက ေျပာဆိုသြားခဲ့ပါတယ္။

Source: Sky Sports, Daily Star

Leave a Reply