ဖိုလာရင် ဘလိုဂန်ကို လီဗာပူးလ်ဆီ လက်လွှတ်ရတာ့မလား

[UNICODE]

အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆွေးနွေးမှုပြုလုပ်နေပေမယ့် တိုးတက်မှုမရှိသေးတဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးလ်အသင်းထံ ရောက်ရှိဖို့ နီးစပ်နေတယ်လို့ ထိပ်တန်းသတင်းထောက် ဒေးဗစ် အွန်းစတိန်းက ပြောဆိုလိုက်ပါတယ်။

“နှစ်ဘက်ဆွေးနွေးမှုတွေက ထိရောက်မှုမရှိသေးပါဘူး။ အခြေအနေအရဆိုရင်တော့ သူ နွေရာသီမှ အလွတ်နဲ့ ထွက်ခွာဖို့က ဖြစ်နိုင်ခြေ အတော်များနေပါတယ်။ သူ့အနေနဲ့ ပြည်တွင်းမှာဆိုရင် လီဗာပူးလ်ကို ပြောင်းနိုင်ခြေများနေပါတယ်။ ဒါပေမယ့် ပြည်ပကလပ်တစ်ချို့နဲ့လည်း စကားပြောဆိုသွားဖွယ်ရှိနေသလို အထူးသဖြင့်တော့ ဂျာမန်ကလပ်တွေနဲ့ပေါ့ဗျာ” လို့ အွန်းစတိန်းကဆိုသွားခဲ့တာပါ။

The Athletic သတင်းဌာနရဲ့ အဆိုအရ လီဗာပူးလ်အသင်းဟာ ဖိုလာရင် ဘာလိုဂန်ကို ခေါ်ယူဖို့ လာမယ့်ဇန်နဝါရီလမှာ ဆွေးနွေးမှုပြုလုပ်သွားတော့မှာဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုတွေကိုပါ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၁၉ နှစ်အရွယ် အမေရိကန်-ဗြိတိန် လူငယ်တိုက်စစ်မှူးလေးဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၆ လသာကျန်ရှိတော့သူဖြစ်ပြီး လာမယ့်ဇန်နဝါရီလ ရောက်တာနဲ့ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ဖို့အတွက် ကြိုက်နှစ်သက်ရာအသင်းနဲ့ ဆွေးနွေးခွင့်ရှိနေပါတယ်။ အာဆင်နယ်အသင်းကတော့ သူတို့ရဲ့ ခြေစွမ်းထက် ကြယ်ပွင့်လေးကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ အပြင်းအထန်ကြိုးပမ်းနေပြီး ကာလရှည်အသင်းမှာ ဆက်လက်ထိမ်းသိမ်းထားနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက ခုလို ထုတ်ဖော်ပြောဆိုထားပါတယ်။ “ကျွန်တော်တို့ ကစားသမားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ကျွန်တော်တို့ သူ့ကို အသင်းမှာ ဆက်ပြီး ထိမ်းသိမ်းထားချင်တယ်ဆိုတာကို သူကိုယ်တိုင်လည်း သိပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်းအခြေအနေကို ကျွန်တော်တို့ သိပါတယ်။ အခြေအနေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေကို ရှာဖွေနိုင်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။ သူကိုယ်တိုင်ကလည်း အသင်းမှာ ဆက်နေချင်တယ်လို့ ဆိုထားတာမို့ ကျွန်တော်တို့ စာချုပ်သက်တမ်းတိုးနိုင်မယ်ထင်ပါတယ်” လို့ အာတီတာက ဆိုထားတာဖြစ်ပါတယ်။

လက်တလောမှာတော့ ဖိုလာရင် ဘာလိုဂန်ကို ခေါ်ယူဖို့ အင်္ဂလန်၊ ဂျာမနီနဲ့ အီတလီကလပ်တွေက အပြိုင်အဆိုင်ကြိုးပမ်းနေကြပြီး လီဗာပူးလ်နဲ့ အေစီမီလန်တို့က ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေကြပါတယ်။

Source: Metro, The Sun, The Athletic, CaughtOffside

[UNICODE]

အာဆင္နယ်အသင်းနဲ့ စာခ်ုပ်သက္တမ်းတိုးျမွင့်ဖို့ ဆြေးနြေးမှုျပုလုပ်ေနေပမယ့် တိုးတက္မှုမရွိသေးတဲ့ လူငယ္တိုက္စစ္မွူး ဖိုလာရင် ဘာလိုဂန်ဟာ ပရီးမီးယားလိဂ်ျပိုင္ဘက် လီဗာပူးလ်အသင်းထံ ရောက်ရွိဖို့ နီးစပ်နေတယ္လို့ ထိပ္တန်းသတင်းထောက် ဒေးဗစ် အြန်းစတိန်းက ေျပာဆိုလိုက္ပါတယ်။

“နွစ္ဘက်ဆြေးနြေးမှုတြေက ထိရောက္မှုမရွိသေးပါဘူး။ အျေခအေနအရဆိုရင်တော့ သူ နြေရာသီမွ အလြတ္နဲ့ ထြက္ခြာဖို့က ျဖစ္နိုင်ေျခ အေတ္မာ်ားနေပါတယ်။ သူ့အေနနဲ့ ျပည္တြင်းမွာဆိုရင် လီဗာပူးလ္ကို ေျပာင်းနိုင်ေျခမ်ားနေပါတယ်။ ဒါပေမယ့် ျပည္ပကလပ္တစ္ခို့နဲ့လည်း စကားေျပာဆိုသြားဖြယ်ရွိနေသလို အထူးသျဖင့်တော့ ဂ်ာမန္ကလပ်တြေနဲ့ပေါ့ဗ်ာ” လို့ အြန်းစတိန်းကဆိုသြားခဲ့တာပါ။

The Athletic သတင်းဌာနရဲ့ အဆိုအရ လီဗာပူးလ်အသင်းဟာ ဖိုလာရင် ဘာလိုဂန္ကို ခေါ်ယူဖို့ လာမယ့်ဇန္နဝါရီလမွာ ဆြေးနြေးမှုျပုလုပ်သြားတော့မွာျဖစ်ျပီး ကြိုတင်ျပင္ဆင္မှုတြေကိုပါ စတင်ျပုလုပ်နျေပျီဖစ္တယ္လို့ ဆိုပါတယ်။

အသက် ၁၉ နွစ်အရြယ် အေမရိကန်-ျဗိတိန် လူငယ္တိုက္စစ္မွူးလေးဟာ အာဆင္နယ်အသင်းနဲ့ စာခ်ုပ်သက္တမ်း ၆ လသာက်န်ရွိတော့သူျဖစ်ျပီး လာမယ့်ဇန္နဝါရီလ ရောက္တာနဲ့ ရာသီကုန္မွာ အလြတ်ေျပာင်းရွှေ့ဖို့အတြက် ကြိုက္နွစ်သက်ရာအသင်းနဲ့ ဆြေးနြေးခြင့်ရွိနေပါတယ်။ အာဆင္နယ်အသင်းကေတာ့ သူတို့ရဲ့ ေျခစြမ်းထက် ကြယ္ပြင့်လေးကို စာခ်ုပ်သစ္ခ်ုပ္ဆိုနိုင္ဖို့ အျပင်းအထန်ကြိုးပမ်းနျေပီး ကာလရွည်အသင်းမွာ ဆက္လက္ထိမ်းသိမ်းထားနိုင္ဖို့လည်း မွေ်္လာင့်နေပါတယ်။

ဒါနဲ့ ပတ်သက်ျပီး အာဆင္နယ်အသင်းရဲ့ နည်းျပျဖစ်သူ မီခယ် အာတီတာက ခုလို ထုတ်ဖော်ေျပာဆိုထားပါတယ်။ “ကျြန်တ္တောို့ ကစားသမားနဲ့ ဆြေးနြေးမှုတြေ ျပုလုပ်သြားဖို့ ရွိနေပါတယ်။ ကျြန်တ္တောို့ သူ့ကို အသင်းမွာ ဆက်ျပီး ထိမ်းသိမ်းထားခ်င္တယ္ဆိုတာကို သူကိုယ္တိုင္လည်း သိပါတယ်။ သူ့ရဲ့ စာခ်ုပ်သက္တမ်းအျေခအေနကို ကျြန်တ္တောို့ သိပါတယ်။ အျေခအေနကို ေျဖရွင်းနိုင္မယ့် နည်းလမ်းကောင်းတြေကို ရွာဖြေနိုင္မယ္လို့ အျပည့်အဝယုံကြည္ပါတယ်။ သူကိုယ္တိုင္ကလည်း အသင်းမွာ ဆက်နေခ်င္တယ္လို့ ဆိုထားတာမို့ ကျြန်တ္တောို့ စာခ်ုပ်သက္တမ်းတိုးနိုင္မယ္ထင္ပါတယ်” လို့ အာတီတာက ဆိုထားတာျဖစ္ပါတယ်။

လက္တေလာမွာတော့ ဖိုလာရင် ဘာလိုဂန္ကို ခေါ်ယူဖို့ အဂင်္လန်၊ ဂ်ာမနီနဲ့ အီတလီကလပ်တြေက အျပိုင်အဆိုင်ကြိုးပမ်းနေကြျပီး လီဗာပူးလ္နဲ့ အေစီမီလန္တို့က ခေါ်ယူနိုင္ဖို့ ထိပ္ဆုံးကေန ရေပန်းစားနေကြပါတယ်။

Source: Metro, The Sun, The Athletic, CaughtOffside

Leave a Reply