
[UNICODE]
အာဆင်နယ်အသင်းဟာ လူငယ်ခြေစွမ်းထက်လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘလိုဂန်ကို အသင်းမှာဆက်လက်ထိမ်းသိမ်းထားနိုင်ဖို့ အခြေအနေကောင်းမွန်နေပြီဖြစ်တယ်လို့ ထိပ်တန်းမီဒီယာတစ်ခုဖြစ်တဲ့ The Athletic က ဖော်ပြလိုက်ပါတယ်။
အဆိုပါသတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ နည်းပြဖြစ်သူ မီခယ် အာတီတာရဲ့ ထောက်ခံချက်နဲ့အတူ ၁၉ နှစ်သားလူငယ်တိုက်စစ်မှူးလေးကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေပြီဖြစ်ပြီး သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ် အင်္ဂလန်-အမေရိကန် နှစ်နိုင်ငံသား ဘလိုဂန်ဟာ လက်ရှိမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၇ လသာကျန်ရှိတော့ပြီး လာမယ့်ဇန်နဝါရီမှာ စိတ်ကြိုက်အသင်းသစ်ရှာဖွေခွင့်ရှိနေသူဖြစ်ပါတယ်။

မန်နေဂျာဖြစ်သူ အာတီတာကတော့ ဘလိုဂန်ဟာ သူတို့အသင်းရဲ့အနာဂတ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်မယ့်သူဖြစ်ပြီး မဖြစ်မနေ အသင်းမှာဆက်လက်ထိမ်းသိမ်းနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ယခုလဆန်းပိုင်းတုန်းက ထုတ်ဖော်ပြောဆိုထားပါတယ်။
ယခုထွက်ပေါ်နေတဲ့သတင်းတွေအရ အာဆင်နယ်အသင်းဟာ ဘလိုဂန်ကို လစာတိုးမြှင့်ပြီး ကာလရှည်စာချုပ်ချုပ်ဆိုသွားမှာဖြစ်တဲ့အပြင် ပွဲကစားခွင့်အာမခံချက်တစ်ချို့လည်း ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိထားရပါတယ်။
Source: The Athletic, The Focus
[ZAWGYI]
အာဆင္နယ္အသင္းဟာ လူငယ္ေျခစြမ္းထက္လူငယ္တုိက္စစ္မွဴး ဖိုလာရင္ ဘလိုဂန္ကို အသင္းမွာဆက္လက္ထိမ္းသိမ္းထားႏုိင္ဖို႔ အေျခအေနေကာင္းမြန္ေနျပီျဖစ္တယ္လုိ႔ ထိပ္တန္းမီဒီယာတစ္ခုျဖစ္တဲ့ The Athletic က ေဖာ္ျပလိုက္ပါတယ္။
အဆိုပါသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းတာဝန္ရွိသူေတြဟာ နည္းျပျဖစ္သူ မီခယ္ အာတီတာရဲ႕ ေထာက္ခံခ်က္နဲ႔အတူ ၁၉ ႏွစ္သားလူငယ္တုိက္စစ္မွဴးေလးကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးေနျပီျဖစ္ျပီး သက္တမ္းတိုးႏုိင္ဖို႔ နီးစပ္ေနျပီျဖစ္တယ္လုိ႔ သိရပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ အဂၤလန္-အေမရိကန္ ႏွစ္ႏုိင္ငံသား ဘလိုဂန္ဟာ လက္ရွိမွာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၇ လသာက်န္ရွိေတာ့ျပီး လာမယ့္ဇန္နဝါရီမွာ စိတ္ၾကိဳက္အသင္းသစ္ရွာေဖြခြင့္ရွိေနသူျဖစ္ပါတယ္။

မန္ေနဂ်ာျဖစ္သူ အာတီတာကေတာ့ ဘလိုဂန္ဟာ သူတို႔အသင္းရဲ႕အနာဂတ္မွာ အေရးပါတဲ့ အခန္းက႑ကေနပါဝင္မယ့္သူျဖစ္ျပီး မျဖစ္မေန အသင္းမွာဆက္လက္ထိမ္းသိမ္းႏုိင္ဖို႔ ၾကိဳးပမ္းသြားမွာျဖစ္တယ္လို႔ ယခုလဆန္းပိုင္းတုန္းက ထုတ္ေဖာ္ေျပာဆိုထားပါတယ္။
ယခုထြက္ေပၚေနတဲ့သတင္းေတြအရ အာဆင္နယ္အသင္းဟာ ဘလိုဂန္ကို လစာတုိးျမွင့္ျပီး ကာလရွည္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္တဲ့အျပင္ ပြဲကစားခြင့္အာမခံခ်က္တစ္ခ်ိဳ႕လည္း ေပးအပ္သြားမွာ ျဖစ္တယ္လုိ႔ သိထားရပါတယ္။
Source: The Athletic, The Focus