
[UNICODE]
လာမယ့်ရာသီသစ်အတွက် ကဏ္ဍအလိုက်ရေပန်းစားမှုတွေကို ဘွတ်ကီလောင်းကစားဒိုင်တွေက ထုတ်ပြန်နေကြပြီဖြစ်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်တွေအရ ဂန်းနားတွေဟာ လာမယ့်ရာသီသစ်မှာ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ထက် တန်းဆင်းဖို့ ပိုရေပန်းစားနေပါတယ်။
ပြီးခဲ့တဲ့ ရာသီတုန်းက အမှတ်ပေးဇယားမှာ အခြေမလှဖြစ်ခဲ့သလို ဥရောပဝင်ခွင့်လည်း လက်လွှတ်ထားရတဲ့ အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ လူအင်အားဖြည့်တင်းမှုတွေ ကြီးကြီးမားမားပြုလုပ်ရဖွယ်ရှိနေပါတယ်။

ခုထွက်ပေါ်လာတဲ့ ဘွတ်ကီသတ်မှတ်ချက်ကတော့ အပြောင်းအရွှေ့ကာလ တရားဝင်စတင်ဖွင့်လှစ်ခြင်းမရှိသေးချိန်မှာ ကနဦးအကြို ခန့်မှန်းထုတ်ပြန်တာဖြစ်တာမို့ တခြားအသင်းတွေနည်းတူ အာဆင်နယ်အသင်းအနေနဲ့လည်း ပြီးခဲ့တဲ့ရာသီ အချက်အလက်တွေကို အခြေခံပြီး သုံးသပ်ခံထားရတာပါ။
လက်တလော ဘွတ်ကီတွေရဲ့ ထုတ်ပြန်ချက်တွေမှာ အာဆင်နယ်အသင်းအနေနဲ့ တန်းဆင်းဇုံ ၃ သင်းထဲမှာ ရပ်တည်နိုင်ခြေက ၅၀/၁ လေး ရှိနေပြီး ချန်ပီယံဖြစ်နိုင်ခြေက ၆၆/၁ လေး (တစ်ချို့ဒိုင်တွေမှာ ၈၀/၁ လေး) သာ သတ်မှတ်ခြင်းခံထားရတာပါ။

အာဆင်နယ်အသင်းဟာ အမှတ်ပေးဖလား ရနိုင်ခြေကို အစဉ်လိုက်စီရာမှာလည်း မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်ယူ၊ လက်စတာနဲ့ စပါးတို့ရဲ့နောက်မှာသာ ရပ်တည်နေပါတယ်။
ဒါ့အပြင် လက်ရှိရာသီမှာ VAR စနစ်ကြောင့် နစ်နာမှုအများဆုံးဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ရာသီသစ်မှာလည်း အဆိုပါနေရာကို ဆက်ပြီးထိမ်းသိမ်းနိုင်မယ့်အသင်းအဖြစ် လောင်းကြေးဖွင့်ခံထားရပါသေးတယ်။
Source: Sport Mole, Sport Bible
[ZAWGYI]
လာမယ့္ရာသီသစ္အတြက္ က႑အလိုက္ေရပန္းစားမႈေတြကို ဘြတ္ကီေလာင္းကစားဒိုင္ေတြက ထုတ္ျပန္ေနၾကျပီျဖစ္ပါတယ္။ အဆိုပါ ထုတ္ျပန္ခ်က္ေတြအရ ဂန္းနားေတြဟာ လာမယ့္ရာသီသစ္မွာ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲဖို႔ထက္ တန္းဆင္းဖို႔ ပိုေရပန္းစားေနပါတယ္။
ျပီးခဲ့တဲ့ ရာသီတုန္းက အမွတ္ေပးဇယားမွာ အေျခမလွျဖစ္ခဲ့သလို ဥေရာပဝင္ခြင့္လည္း လက္လႊတ္ထားရတဲ့ အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ လူအင္အားျဖည့္တင္းမႈေတြ ၾကီးၾကီးမားမားျပဳလုပ္ရဖြယ္ရွိေနပါတယ္။

ခုထြက္ေပၚလာတဲ့ ဘြတ္ကီသတ္မွတ္ခ်က္ကေတာ့ အေျပာင္းအေရႊ႕ကာလ တရားဝင္စတင္ဖြင့္လွစ္ျခင္းမရွိေသးခ်ိန္မွာ ကနဦးအၾကိဳ ခန္႔မွန္းထုတ္ျပန္တာျဖစ္တာမို႔ တျခားအသင္းေတြနည္းတူ အာဆင္နယ္အသင္းအေနနဲ႔လည္း ျပီးခဲ့တဲ့ရာသီ အခ်က္အလက္ေတြကို အေျခခံျပီး သံုးသပ္ခံထားရတာပါ။
လက္တေလာ ဘြတ္ကီေတြရဲ႕ ထုတ္ျပန္ခ်က္ေတြမွာ အာဆင္နယ္အသင္းအေနနဲ႔ တန္းဆင္းဇံု ၃ သင္းထဲမွာ ရပ္တည္ႏုိင္ေျခက ၅၀/၁ ေလး ရွိေနျပီး ခ်န္ပီယံျဖစ္ႏုိင္ေျခက ၆၆/၁ ေလး (တစ္ခ်ိဳ႕ဒိုင္ေတြမွာ ၈၀/၁ ေလး) သာ သတ္မွတ္ျခင္းခံထားရတာပါ။

အာဆင္နယ္အသင္းဟာ အမွတ္ေပးဖလား ရႏုိင္ေျခကို အစဥ္လိုက္စီရာမွာလည္း မန္စီးတီး၊ ခ်ယ္လ္ဆီး၊ လီဗာပူးလ္၊ မန္ယူ၊ လက္စတာနဲ႔ စပါးတို႔ရဲ႕ေနာက္မွာသာ ရပ္တည္ေနပါတယ္။
ဒါ့အျပင္ လက္ရွိရာသီမွာ VAR စနစ္ေၾကာင့္ နစ္နာမႈအမ်ားဆံုးျဖစ္ခဲ့တဲ့ အာဆင္နယ္အသင္းဟာ လာမယ့္ရာသီသစ္မွာလည္း အဆုိပါေနရာကို ဆက္ျပီးထိမ္းသိမ္းႏိုင္မယ့္အသင္းအျဖစ္ ေလာင္းေၾကးဖြင့္ခံထားရပါေသးတယ္။
Source: Sport Mole, Sport Bible