ဗီလာရီးရဲလ်တိုက်စစ်ကို သတိထားဖို့ မာရီ သတိပေး

[UNICODE]

အာဆင်နယ်အသင်းက စပိန်လူမျိုးခံစစ်မှူး ပါဘလို မာရီက ဗီလာရီးရဲလ်တိုက်စစ်က ဂျရဲ မိုရီနိုနဲ့ ပါကို အယ်လ်ကာဆာတို့ရဲ့ တိုက်စစ်အတွဲအဖက်ကို သတိထားထိမ်းချုပ်ဖို့ အသင်းဖော်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ရင်ဆိုင်ရမယ့် ဗီလာရီးရဲလ်အသင်းက အဆိုပါတိုက်စစ်အတွဲအဖက်ဟာ စနစ်တကျမထိမ်းချုပ်နိုင်ရင် အာဆင်နယ်အသင်းရဲ့ ဆုဖလားအိပ်မက်ကို အကြီးအကျယ် အနှောင့်အယှက်ပေးကြမယ့် သူတွေဖြစ်တယ်လို့ မာရီက ဆိုသွားခဲ့ပါတယ်။

“ကျွန်တော့် အမြင်ကိုပြောရမယ်ဆိုရင် ကျွန်တော်တို့အသင်းအနေနဲ့ စပိန်ရဲ့ အကောင်းဆုံး တိုက်စစ်အတွဲအဖက်တွေထဲက တစ်တွဲနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ သူတို့နှစ်ယောက်လုံးက ပုံစံကောင်းရနေတာမို့ ခုချိန်မှာ သူတို့နဲ့ ရင်ဆိုင်ရတာက ခက်ခဲမှုလို့ ဆိုလိုရပါတယ်” လို့ မာရီက ဆိုသွားခဲ့ပါတယ်။

“ဂျရဲ မိုရီနိုဆိုရင် အရမ်းကောင်းမွန်တဲ့ ခြေစွမ်းမျိုး ပြသနေပါတယ်။ သူက ခုချိန်မှာ စပိန်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးပါ။ ပါကိုကတော့ လုပ်အားနှုန်းကောင်းပြီးတော့ ခြားနားတဲ့ ကစားသမားမျိုးပါ။ သူတို့နှစ်ဦးလုံးက ကစားဟန်မတူတာမို့ သူတို့နဲ့ရင်ဆိုင်ရတဲ့ ခံစစ်မှူးတိုင်းအတွက် ထိမ်းချုပ်ရခက်ခဲတဲ့ အခြေအနေတစ်ရပ်ပါပဲ။ ကျွန်တော်တို့အနေနဲ့ သူတို့နှစ်ယောက်ကို အထူးသတိထားဖို့ လိုအပ်မှာဖြစ်သလို ကျွန်တော်တို့ရဲ့ အားသာချက်တွေကိုလည်း အပြည့်အဝ အသုံးချနိုင်ဖို့ အရေးကြီးပါတယ်” သူက ဆက်လက်ပြောဆိုသွားပါတယ်။

ဂျရဲ မိုရီနိုက ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၆ ဂိုးအထိသွင်းယူထားပြီး ပါကို အယ်လ်ကာဆာကတော့ ၁၂ ဂိုးသွင်းယူထားပါတယ်။ သူတို့နှစ်ဦးအတွဲအဖက်ဟာ လက်ရှိရာသီ ဥရောပရဲ့ ထိရောက်မှုအရှိဆုံး တိုက်စစ်အတွဲအဖက်စာရင်းမှာ ပါဝင်နေပါတယ်။

ဒါ့အပြင် မာရီက “တခြားတစ်ဖက်မှာလည်း ကျွန်တော်တို့မှာ အားသာချက်တွေရှိနေတာ ငြင်းမရပါဘူး။ ဒီပွဲက ခက်ခဲနိုင်ပေမယ့် ကြီးကျယ်ခမ်းနားတာတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ သူတို့လည်း အစွမ်းကုန်ကြိုးစားကြမယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့လည်း ဒီအတိုင်းပါပဲ” လို့လည်း ဆိုသွားခဲ့ပါတယ်။

Source: Arsenal Media

[ZAWGYI]

အာဆင္နယ္အသင္းက စပိန္လူမ်ိဳးခံစစ္မွဴး ပါဘလို မာရီက ဗီလာရီးရဲလ္တုိက္စစ္က ဂ်ရဲ မိုရီႏိုနဲ႔ ပါကို အယ္လ္ကာဆာတို႔ရဲ႕ တုိက္စစ္အတြဲအဖက္ကို သတိထားထိမ္းခ်ဳပ္ဖို႔ အသင္းေဖာ္ေတြကို တုိက္တြန္းေျပာဆိုလိုက္ပါတယ္။

ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္အဆင့္မွာ ရင္ဆုိင္ရမယ့္ ဗီလာရီးရဲလ္အသင္းက အဆုိပါတုိက္စစ္အတြဲအဖက္ဟာ စနစ္တက်မထိမ္းခ်ဳပ္ႏိုင္ရင္ အာဆင္နယ္အသင္းရဲ႕ ဆုဖလားအိပ္မက္ကို အၾကီးအက်ယ္ အေႏွာင့္အယွက္ေပးၾကမယ့္ သူေတြျဖစ္တယ္လုိ႔ မာရီက ဆိုသြားခဲ့ပါတယ္။

“ကၽြန္ေတာ့္ အျမင္ကိုေျပာရမယ္ဆိုရင္ ကၽြန္ေတာ္တို႔အသင္းအေနနဲ႔ စပိန္ရဲ႕ အေကာင္းဆံုး တုိက္စစ္အတြဲအဖက္ေတြထဲက တစ္တြဲနဲ႔ ရင္ဆုိင္ရဖို႔ရွိေနပါတယ္။ သူတို႔ႏွစ္ေယာက္လံုးက ပံုစံေကာင္းရေနတာမို႔ ခုခ်ိန္မွာ သူတို႔နဲ႔ ရင္ဆုိင္ရတာက ခက္ခဲမႈလို႔ ဆိုလိုရပါတယ္” လို႔ မာရီက ဆိုသြားခဲ့ပါတယ္။

“ဂ်ရဲ မိုရီႏိုဆိုရင္ အရမ္းေကာင္းမြန္တဲ့ ေျခစြမ္းမ်ိဳး ျပသေနပါတယ္။ သူက ခုခ်ိန္မွာ စပိန္ရဲ႕ အေကာင္းဆံုး တုိက္စစ္မွဴးပါ။ ပါကိုကေတာ့ လုပ္အားႏႈန္းေကာင္းျပီးေတာ့ ျခားနားတဲ့ ကစားသမားမ်ိဳးပါ။ သူတို႔ႏွစ္ဦးလံုးက ကစားဟန္မတူတာမို႔ သူတို႔နဲ႔ရင္ဆုိင္ရတဲ့ ခံစစ္မွဴးတုိင္းအတြက္ ထိမ္းခ်ဳပ္ရခက္ခဲတဲ့ အေျခအေနတစ္ရပ္ပါပဲ။ ကၽြန္ေတာ္တို႔အေနနဲ႔ သူတို႔ႏွစ္ေယာက္ကို အထူးသတိထားဖို႔ လိုအပ္မွာျဖစ္သလို ကၽြန္ေတာ္တို႔ရဲ႕ အားသာခ်က္ေတြကိုလည္း အျပည့္အဝ အသံုးခ်ႏုိင္ဖို႔ အေရးၾကီးပါတယ္” သူက ဆက္လက္ေျပာဆိုသြားပါတယ္။

ဂ်ရဲ မိုရီႏိုက ျပိဳင္ပြဲစံုမွာ သြင္းဂိုး ၂၆ ဂိုးအထိသြင္းယူထားျပီး ပါကို အယ္လ္ကာဆာကေတာ့ ၁၂ ဂိုးသြင္းယူထားပါတယ္။ သူတို႔ႏွစ္ဦးအတြဲအဖက္ဟာ လက္ရွိရာသီ ဥေရာပရဲ႕ ထိေရာက္မႈအရွိဆံုး တုိက္စစ္အတြဲအဖက္စာရင္းမွာ ပါဝင္ေနပါတယ္။

ဒါ့အျပင္ မာရီက “တျခားတစ္ဖက္မွာလည္း ကၽြန္ေတာ္တို႔မွာ အားသာခ်က္ေတြရွိေနတာ ျငင္းမရပါဘူး။ ဒီပြဲက ခက္ခဲႏုိင္ေပမယ့္ ၾကီးက်ယ္ခမ္းနားတာေတြ ျဖစ္လာမယ္လုိ႔ ယံုၾကည္ပါတယ္။ သူတို႔လည္း အစြမ္းကုန္ၾကိဳးစားၾကမယ္ဆိုတာ ေသခ်ာပါတယ္။ ကၽြန္ေတာ္တို႔လည္း ဒီအတုိင္းပါပဲ” လို႔လည္း ဆိုသြားခဲ့ပါတယ္။

Source: Arsenal Media

Leave a Reply