ဘန်ဝှိုက်ကို ခေါ်ယူနိုင်ဖို့ သေချာသွားပြီလား

[UNICODE]

အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းက ညာခြမ်း ဗဟိုခံစစ်မှူး ဘန်ဝှိုက်ကို ခေါ်ယူဖို့အတွက် မိခင်ကလပ်နဲ့ ဆွေးနွေးနေသလို ကာယကံရှင်ရဲ့ အေးဂျင့်ဖြစ်သူနဲ့လည်း ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ခုချိန်မှာတော့ အာဆင်နယ်အသင်းဟာ အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ ပိုမိုသေချာလာနေပြီလို့ Goal ရဲ့ ထိပ်တန်းသတင်းထောက် ချားလ်စ် ဝက်ထ်က အခိုင်အမာပြောဆိုလိုက်ပါတယ်။

အကြောင်းကတော့ ဘန်ဝှိုက်ရဲ့ အေးဂျင့်ဖြစ်သူဟာ ယခုရက်ပိုင်းအတွင်း အာဆင်နယ်အသင်းရဲ့ ကိုနေးလေ့ကျင့်ရေးကွင်းကို လာရောက်ကာ စာချုပ်စာတမ်းကိစ္စကို အပြီးသတ်သွားဖို့ရှိနေတယ်လို့ ထိပ်တန်းသတင်းထောက် ချားလ်စ် ဝက်ထ်က ပြောဆိုသွားပါတယ်။

“အာဆင်နယ်က ဘန်ဝှိုက်အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မယ်လို့ လုံးဝစိတ်ချနေပါပြီ။ ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ်ကို ပြောင်းဖို့ စိတ်အားထက်သန်နေပါတယ်။ အေးဂျင့်နဲ့ အီဒူးတို့ရဲ့ ဆွေးနွေးမှုက အရမ်း၊ အရမ်းကို ကောင်းမွန်နေတာမို့ ဒီကစားသမားရဲ့ အနာဂတ်က အာဆင်နယ်မှာလို့ နှစ်ဘက်လုံးက ယူဆနေကြပါပြီ။ မကြာခင်မှာ အေးဂျင့်ဖြစ်သူကိုယ်တိုင် ကိုနေးလေ့ကျင့်ရေးကွင်းကို လာဖို့ရှိနေပါတယ်” လို့ ချားလ်စ်ဝက်ထ်က ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ ဘရိုက်တန်တို့အကြားမှာ ပြောင်းရွှေ့ကြေးညှိနှိုင်းမှုတွေ မပြီးပြတ်သေးပဲ ကမ်းလှမ်းချက်တစ်ချို့ ပါယ်ချခံထားရပေမယ့် အေးဂျင့်ဖြစ်သူကိုယ်တိုင်က ခုလိုမျိုး အဆင့်ကျော် ဆောင်ရွက်လာတာမို့ အပြောင်းအရွှေ့ဖြစ်ဖို့ သေချာသလောက်ရှိနေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဘရိုက်တန်အသင်းဟာ ဘန်ဝှိုက်အတွက် ပေါင် သန်း ၅၀ အထိ အလိုရှိနေပေမယ့် အာဆင်နယ်အသင်း ယခုတစ်ကြိမ်ကမ်းလှမ်းလာမယ့် ပေါင် ၄၅ သန်းတန် ကမ်းလှမ်းချက်ကို လက်ခံဖွယ်ရှိနေကြောင်းလည်း ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

Source: Goal, Football London

[ZAWGYI]

အာဆင္နယ္အသင္းဟာ ဘရိုက္တန္အသင္းက ညာျခမ္း ဗဟိုခံစစ္မွဴး ဘန္ဝိႈက္ကို ေခၚယူဖို႔အတြက္ မိခင္ကလပ္နဲ႔ ေဆြးေႏြးေနသလို ကာယကံရွင္ရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔လည္း ပုဂၢိဳလ္ေရးသေဘာတူညီခ်က္ ရယူႏုိင္ဖို႔ ၾကိဳးပမ္းေနပါတယ္။

ခုခ်ိန္မွာေတာ့ အာဆင္နယ္အသင္းဟာ အဂၤလန္လက္ေရြးစင္ၾကယ္ပြင့္ကို ေခၚယူႏိုင္ဖို႔ ပိုမိုေသခ်ာလာေနျပီလို႔ Goal ရဲ႕ ထိပ္တန္းသတင္းေထာက္ ခ်ားလ္စ္ ဝက္ထ္က အခိုင္အမာေျပာဆိုလုိက္ပါတယ္။

အေၾကာင္းကေတာ့ ဘန္ဝိႈက္ရဲ႕ ေအးဂ်င့္ျဖစ္သူဟာ ယခုရက္ပိုင္းအတြင္း အာဆင္နယ္အသင္းရဲ႕ ကိုေနးေလ့က်င့္ေရးကြင္းကို လာေရာက္ကာ စာခ်ဳပ္စာတမ္းကိစၥကို အျပီးသတ္သြားဖို႔ရွိေနတယ္လုိ႔ ထိပ္တန္းသတင္းေထာက္ ခ်ားလ္စ္ ဝက္ထ္က ေျပာဆိုသြားပါတယ္။

“အာဆင္နယ္က ဘန္ဝိႈက္အေျပာင္းအေရႊ႕ကို အျပီးသတ္ႏုိင္ေတာ့မယ္လုိ႔ လံုးဝစိတ္ခ်ေနပါျပီ။ ကစားသမားကိုယ္တုိင္ကလည္း အာဆင္နယ္ကို ေျပာင္းဖို႔ စိတ္အားထက္သန္ေနပါတယ္။ ေအးဂ်င့္နဲ႔ အီဒူးတို႔ရဲ႕ ေဆြးေႏြးမႈက အရမ္း၊ အရမ္းကို ေကာင္းမြန္ေနတာမို႔ ဒီကစားသမားရဲ႕ အနာဂတ္က အာဆင္နယ္မွာလို႔ ႏွစ္ဘက္လံုးက ယူဆေနၾကပါျပီ။ မၾကာခင္မွာ ေအးဂ်င့္ျဖစ္သူကိုယ္တုိင္ ကိုေနးေလ့က်င့္ေရးကြင္းကို လာဖို႔ရွိေနပါတယ္” လို႔ ခ်ားလ္စ္ဝက္ထ္က ဆိုခဲ့ပါတယ္။

အာဆင္နယ္အသင္းနဲ႔ ဘရိုက္တန္တို႔အၾကားမွာ ေျပာင္းေရႊ႕ေၾကးညွိႏိႈင္းမႈေတြ မျပီးျပတ္ေသးပဲ ကမ္းလွမ္းခ်က္တစ္ခ်ိဳ႕ ပါယ္ခ်ခံထားရေပမယ့္ ေအးဂ်င့္ျဖစ္သူကိုယ္တုိင္က ခုလိုမ်ိဳး အဆင့္ေက်ာ္ ေဆာင္ရြက္လာတာမို႔ အေျပာင္းအေရႊ႕ျဖစ္ဖို႔ ေသခ်ာသေလာက္ရွိေနျပီလို႔ သတင္းေတြက ေဖာ္ျပေနၾကပါတယ္။

ဘရုိက္တန္အသင္းဟာ ဘန္ဝိႈက္အတြက္ ေပါင္ သန္း ၅၀ အထိ အလိုရွိေနေပမယ့္ အာဆင္နယ္အသင္း ယခုတစ္ၾကိမ္ကမ္းလွမ္းလာမယ့္ ေပါင္ ၄၅ သန္းတန္ ကမ္းလွမ္းခ်က္ကို လက္ခံဖြယ္ရွိေနေၾကာင္းလည္း ျဗိတိန္မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။

Source: Goal, Football London

Leave a Reply