ဘန်ဝှိုက်ကို ခေါ်ရင် ကုန်ခဲ့သမျှ တစ်ပြားမကျန် အကျိုးရှိမယ့် ကစားသမားပါ – ဒါရင်း ဘန့်ခ်

[UNICODE]

talkSPORT သတင်းဌာနရဲ့ သုံးသပ်သူလည်းဖြစ်၊ နာမည်ကျော် အမာခံအာဆင်နယ်ပရိတ်သတ်လည်းဖြစ်တဲ့ ဒါရင်းဘန့်ခ်က ဂန်းနားတွေအနေနဲ့ ဘရိုက်တန်ခံစစ်မှူး ဘန်ဝှိုက်ကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ပေါင် သန်း ၅၀ သတ်မှတ်ခြင်းခံထားရတဲ့ အင်္ဂလိပ်လက်ရွေးစင်ကို ပထမတစ်ကြိမ် ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ထားပြီး ငြင်းဆန်ပါယ်ချခံထားရပါတယ်။ ဂန်းနားတွေဟာ ဒုတိယအကြိမ် ကမ်းလှမ်းမှုပြုလုပ်ဖို့ စိတ်အားထက်သန်စွာ စီစဉ်နေပေမယ့် ပရိတ်သတ်တွေအကြားမှာတော့ ဘန်ဝှိုက်အတွက် ပေါင် သန်း ၅၀ အသုံးပြုသင့်မသင့် ဝိဝါဒကွဲပြားနေကြပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းလည်းဖြစ်၊ အာဆင်နယ်အသင်းရဲ့ အမာခံပရိတ်သတ်လည်းဖြစ်တဲ့ ဒါရင်း ဘန့်ခ်ကတော့ အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်ကိုခေါ်ယူခဲ့မယ်ဆိုရင် ပေးချေရသမျှတန်ကြေးနဲ့ ထိုက်တန်တဲ့ အစွမ်းမျိုးပြန်ရလိမ့်မယ်လို့ ထောက်ခံပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော်က ဘန်ဝှိုက်ရဲ့ အမာခံပရိတ်သတ်ပါ။ သူက ၃ ယောက်တန်းခံစစ်ရဲ့ ညာခြမ်း၊ ဗဟိုခံစစ်နဲ့ ကွင်းလယ်အဖျက်နေရာတွေမှာ ကစားနိုင်ပါတယ်။ သေချာပေါက် ခေါ်ယူရမယ့် ကစားသမားပါ။ သူ့ကို ကျွန်တော် လိဒ်စ်မှာ အငှားသွားကစားတုန်းကတည်းက အကြိုက်တွေ့ခဲ့တာပါ။ အသက်ငယ်ရွယ်နေတုန်းမှာပဲ ရင့်ကျက်တည်ငြိမ်မှုကို ပြသနိုင်ခဲ့တာကြောင့်ပါ။ ဒါကြောင့်လည်း အာဆင်နယ်အသင်း သူ့ကို ခုချိန်မှာ ဘာလို့ခေါ်ယူချင်နေတာလဲဆိုတာကို ကျွန်တော် နားလည်ပါတယ်” လို့ ဒါရင်း ဘန့်ခ်က ပြောခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂလန်နဲ့ စပါးတိုက်စစ်မှူးဟောင်းက “သူတို့က ထိပ်တန်းကလပ်ဖြစ်နေဆဲပါ။ ဘာတွေဖြစ်နေဖြစ်နေ သူတို့က အသင်းကြီးဖြစ်နေတုန်းပါ။ ဒါဆို အာဆင်နယ်က မန်ယူ၊ လီဗာပူးလ်တို့ထက် ကောင်းလာနိုင်လာလို့ ခင်ဗျားလာမေးရင် ကျွန်တော်ကတော့ ဖြစ်နိုင်တာပေါ့လို့ ပြန်ဖြေမှာပါ။ သူတို့တကယ်ဖြစ်လာနိုင်ပါတယ်။ အာဆင်နယ်က တိုးတက်လာနိုင်တဲ့ အလားအလာတွေရှိထားပြီးသားပါ။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးဆီ အရောက်လှမ်းချင်တယ်ဆိုရင် ဘန်ဝှိုက်လိုကစားသမားမျိုးကို ပေါင် သန်း ၄၀-၅၀ ပေးပြီး ခေါ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် ပြောရဲပါတယ်။ သူ့အတွက် ဘယ်လောက်ပေးရ ပေးရ ခြူးတစ်ပြားတောင် လေလွင့်မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်” လို့လည်း ဆိုခဲ့ပါသေးတယ်။

အသက် ၂၄ နှစ်အရွယ် ဗဟိုခံစစ်မှူး ဘန်ဝှိုက်ဟာ ယမန်နှစ်ရာသီတုန်းက ဘရိုက်တန်အသင်းအတွက် ၃၉ ပွဲပါဝင်ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၃၆ ပွဲအထိ ပါဝင်ကစားခွင့်ရရှိခဲ့သူပါ။

Source: HITC, talkSPORT, Sky Sports

[ZAWGYI]

talkSPORT သတင္းဌာနရဲ႕ သံုးသပ္သူလည္းျဖစ္၊ နာမည္ေက်ာ္ အမာခံအာဆင္နယ္ပရိတ္သတ္လည္းျဖစ္တဲ့ ဒါရင္းဘန္႔ခ္က ဂန္းနားေတြအေနနဲ႔ ဘရိုက္တန္ခံစစ္မွဴး ဘန္ဝိႈက္ကို မျဖစ္မေန ေခၚယူဖို႔ လိုအပ္ေၾကာင္း တုိက္တြန္းေျပာဆိုလုိက္ပါတယ္။

အာဆင္နယ္အသင္းဟာ ေပါင္ သန္း ၅၀ သတ္မွတ္ျခင္းခံထားရတဲ့ အဂၤလိပ္လက္ေရြးစင္ကို ပထမတစ္ၾကိမ္ ေပါင္ သန္း ၄၀ နဲ႔ ကမ္းလွမ္းမႈျပဳလုပ္ထားျပီး ျငင္းဆန္ပါယ္ခ်ခံထားရပါတယ္။ ဂန္းနားေတြဟာ ဒုတိယအၾကိမ္ ကမ္းလွမ္းမႈျပဳလုပ္ဖို႔ စိတ္အားထက္သန္စြာ စီစဥ္ေနေပမယ့္ ပရိတ္သတ္ေတြအၾကားမွာေတာ့ ဘန္ဝိႈက္အတြက္ ေပါင္ သန္း ၅၀ အသံုးျပဳသင့္မသင့္ ဝိဝါဒကြဲျပားေနၾကပါတယ္။

ဒါေပမယ့္လည္း ပရီးမီးယားလိဂ္တုိက္စစ္မွဴးေဟာင္းလည္းျဖစ္၊ အာဆင္နယ္အသင္းရဲ႕ အမာခံပရိတ္သတ္လည္းျဖစ္တဲ့ ဒါရင္း ဘန္႔ခ္ကေတာ့ အာဆင္နယ္အသင္းဟာ ဘန္ဝိႈက္ကိုေခၚယူခ့ဲမယ္ဆိုရင္ ေပးေခ်ရသမွ်တန္ေၾကးနဲ႔ ထိုက္တန္တဲ့ အစြမ္းမ်ိဳးျပန္ရလိမ့္မယ္လုိ႔ ေထာက္ခံေျပာဆိုသြားခဲ့ပါတယ္။

“ကၽြန္ေတာ္က ဘန္ဝိႈက္ရဲ႕ အမာခံပရိတ္သတ္ပါ။ သူက ၃ ေယာက္တန္းခံစစ္ရဲ႕ ညာျခမ္း၊ ဗဟိုခံစစ္နဲ႔ ကြင္းလယ္အဖ်က္ေနရာေတြမွာ ကစားႏုိင္ပါတယ္။ ေသခ်ာေပါက္ ေခၚယူရမယ့္ ကစားသမားပါ။ သူ႔ကို ကၽြန္ေတာ္ လိဒ္စ္မွာ အငွားသြားကစားတုန္းကတည္းက အၾကိဳက္ေတြ႕ခဲ့တာပါ။ အသက္ငယ္ရြယ္ေနတုန္းမွာပဲ ရင့္က်က္တည္ျငိမ္မႈကို ျပသႏုိင္ခဲ့တာေၾကာင့္ပါ။ ဒါေၾကာင့္လည္း အာဆင္နယ္အသင္း သူ႔ကို ခုခ်ိန္မွာ ဘာလို႔ေခၚယူခ်င္ေနတာလဲဆုိတာကို ကၽြန္ေတာ္ နားလည္ပါတယ္” လို႔ ဒါရင္း ဘန္႔ခ္က ေျပာခဲ့ပါတယ္။

ဒါ့အျပင္ အဂၤလန္နဲ႔ စပါးတုိက္စစ္မွဴးေဟာင္းက “သူတို႔က ထိပ္တန္းကလပ္ျဖစ္ေနဆဲပါ။ ဘာေတြျဖစ္ေနျဖစ္ေန သူတို႔က အသင္းၾကီးျဖစ္ေနတုန္းပါ။ ဒါဆုိ အာဆင္နယ္က မန္ယူ၊ လီဗာပူးလ္တို႔ထက္ ေကာင္းလာႏုိင္လာလို႔ ခင္ဗ်ားလာေမးရင္ ကၽြန္ေတာ္ကေတာ့ ျဖစ္ႏုိင္တာေပါ့လို႔ ျပန္ေျဖမွာပါ။ သူတို႔တကယ္ျဖစ္လာႏိုင္ပါတယ္။ အာဆင္နယ္က တိုးတက္လာႏုိင္တဲ့ အလားအလာေတြရွိထားျပီးသားပါ။ ဒါေပမယ့္ ဒီလိုအေျခအေနမ်ိဳးဆီ အေရာက္လွမ္းခ်င္တယ္ဆိုရင္ ဘန္ဝိႈက္လိုကစားသမားမ်ိဳးကို ေပါင္ သန္း ၄၀-၅၀ ေပးျပီး ေခၚဖို႔ လိုအပ္ပါတယ္။ ကၽြန္ေတာ္ ေျပာရဲပါတယ္။ သူ႔အတြက္ ဘယ္ေလာက္ေပးရ ေပးရ ျခဴးတစ္ျပားေတာင္ ေလလြင့္မွာမဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္” လို႔လည္း ဆိုခဲ့ပါေသးတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ဗဟိုခံစစ္မွဴး ဘန္ဝိႈက္ဟာ ယမန္ႏွစ္ရာသီတုန္းက ဘရိုက္တန္အသင္းအတြက္ ၃၉ ပြဲပါဝင္ကစားေပးခဲ့ျပီး ပရီးမီးယားလိဂ္မွာ ၃၆ ပြဲအထိ ပါဝင္ကစားခြင့္ရရွိခဲ့သူပါ။

Source: HITC, talkSPORT, Sky Sports

Leave a Reply