ဘယ်လာရင်နေရာကို အစားဝင်နိုင်တဲ့ အကယ်ဒမီကြယ်ပွင့်တွေကို မိတ်ဆက်ခြင်း

[UNICODE]

ဟက်တာ ဘယ်လာရင်ဟာ အာဆင်နယ်အသင်းရဲ့ ဟေးအန့်ဒ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကြယ်ပွင့်တစ်ပွင့်ပါ။ လက်ရှိအချိန်မှာ အသင်းရဲ့ ခံစစ်ညာအစွန်မှာ အဓိက ကစားသမားဖြစ်သလို ဒုတိယအသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူနေသူပါ။

ဒါပေမယ့် လက်တလောထွက်ပေါ်နေတဲ့သတင်းတွေအရ စပိန်လူမျိုးခံစစ်မှူးဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာချင်နေပြီး ရာသီကုန်မှာ အာဆင်နယ်အသင်းနဲ့ လမ်းခွဲဖို့ စီစဉ်နေတယ်လို့ သိထားရပါတယ်။ ၂၅ နှစ်သား ခံစစ်မှူးဟာ ပီအက်စ်ဂျီ ဒါမှမဟုတ် ဂျူဗင်တပ်အသင်း တစ်သင်းသင်းထံ ပြောင်းရွှေ့ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့်ကို ထွက်ပေါ်နေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အာဆင်နယ်အသင်းကိုယ်တိုင်ကလည်း ညာနောက်ခံလူသစ် ရှာဖွေမှုကို အတိတလင်းစတင်လာတာမို့ ဘယ်လာရင်ရဲ့ သတင်းတွေဟာ ပိုမိုခိုင်မာလာနေတယ်လို့ ဆိုရပါလိမ့်မယ်။ အာဆင်နယ်အသင်းဟာ တာရစ် လမ်ပ်တေးနဲ့ မက်ဇ် အာရွန်တို့ကို အဓိကပစ်မှတ်ထားစောင့်ကြည့်နေတာပါ။

တဖက်မှာလည်း အာဆင်နယ်အသင်းဟာ ကစားသမားသစ်တွေ ရှာဖွေနေသလို အသင်းရဲ့ အကယ်ဒမီက ကြယ်ပွင့်တွေကိုလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပြန်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ထိပ်တန်းအဆင့် ကြယ်ပွင့်တွေ ဆက်တိုက်မွေးထုတ်ပေးနေတဲ့ ဟေးအန့်ဒ်အကယ်ဒမီဟာ နောက်ထပ် ဘယ်လာရင်တစ်ယောက် ထပ်ပြီး မွေးထုတ်ပေးလာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ဒါကြောင့်လည်း အာဆင်နယ်အသင်းရဲ့ လူငယ်တွေထဲကနေ ဘယ်လာရင်နေရာကို အစားဝင်ရောက်နိုင်တဲ့ ခြေစွမ်းထက် လူငယ်ကြယ်ပွင့်လေးတွေကို စုစည်းဖော်ပြပေးချင်ပါတယ်။

အိုမာ ရီကစ် (၁၉ နှစ်)

အခြေခံအားဖြင့် အိုမာ ရီကစ်ကို ဗဟိုနောက်ခံလူအဖြစ် လူသိများပါတယ်။ ယခုဇန်နဝါရီမှာမှ ဟာသာဘာလင်အသင်းကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာတဲ့ ရီကစ်ဟာ ဗဟိုခံစစ်မှာတင်မက ခံစစ်ဘယ်အစွန်နဲ့ ခံစစ်ညာအစွန် နေရာတွေမှာပါ ကစားနိုင်သူဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက်ကတော့ ဆန်တီ ကာဇိုလာလိုမျိုး ဘယ်ခြေ၊ ညာခြေ နှစ်မျိုးလုံး အသုံးပြုနိုင်တာပါပဲ။ ခံစစ်ကစားပုံကောင်းမွန်ပြီး ရွေ့လျားနှုန်းကောင်းမွန်မှုက သူ့ကို ညာနောက်ခံလူအဖြစ် အံဝင်ခွင်ကျ အသုံးချနိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဖြတ်တင်ဘော ပေးပို့ရာမှာ အားနည်းချက်ရှိပေမယ့် ဂျာမန်ကလပ်မှာတုန်းကလည်း ခံစစ်အစွန်မှာ ထွက်ကစားဖူးတာကြောင့် ဒီနေရာနဲ့စိမ်းတဲ့ကစားသမားမျိုးတော့ မဟုတ်ပါဘူး။ ပင်ကိုယ်ပါရမီရှိတဲ့ ကြယ်ပွင့်မျိုးဖြစ်တာမို့ သေချာလေ့ကျင့်သင်ကြားပေးရင် ဖြစ်ထွန်းအောင်မြင်လာနိုင်တဲ့ ကစားသမားမျိုးပါ။

ဘရွန်ခ် နော်တင်-ကပ်ဖီ (၁၇)

နော်တင်-ကပ်ဖီက အသက် ၁၇ နှစ်အရွယ်သာရှိသေးပေမယ့် ယူ-၂၃ အသင်းအတွက်ပါ ကစားပေးနေရသူပါ။ သူ့ရဲ့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တည်ငြိမ်မှုနဲ့ တိုက်စစ်အားသန်ကစားဟန်တွေကြောင့် လူငယ်အဆင့်ပြိုင်ပွဲတွေမှာတော့ နာမည်ကျော်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကပ်ဖီရဲ့ လက်ရှိခြေစွမ်းဟာ ဟက်တာ ဘယ်လာရင်တစ်ယောက် အာဆင်နယ်အသင်းကြီးထံ မရောက်မှီ လူငယ်အသင်းမှာ ပြသခဲ့တဲ့ခြေစွမ်းမျိုးနဲ့ဆင်တူတယ်လို့လည်း သုံးသပ်ခံထားရပါတယ်။ ဘယ်လာရင်ရဲ့ နေရာကို တိုက်ရိုက်အစားထိုးခွင့်ရဖို့အတွက် ငယ်ရွယ်လွန်းသေးပေမယ့် ဒီကြယ်ပွင့်လေးအနေနဲ့ လာမယ့်ရာသီသစ်မှာ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ရဖို့ နီးစပ်နေသူဖြစ်ပါတယ်။

ဂျိုနသန် ဒန်ဇီယီ (၂၁)

ဒန်ဇီယီဟာ လက်ရှိရာသီအစမှာ စပါးအသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာတဲ့ လူငယ်ခံစစ်မှူးတစ်ဦးပါ။ လက်ရှိ ယူ-၂၃ အသင်းမှာ ဗဟိုခံစစ်မှူးအဖြစ်ကစားနေပေမယ့် သူ့ရဲ့ကစားသမားဘဝ အချိန်အများစုကို တောင်ပံတိုက်စစ်နဲ့ တောင်ပံခံစစ်မှူးအဖြစ် ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းရာမှာ ညက်ညောပြီး ထိရောက်မှုရှိတာကြောင့် စပါးခံစစ်မှူး ယန် ဗာတွန်ဂန်ကိုယ်တိုင်က ထုတ်ဖော်ချီးမွမ်းတာကို ခံခဲ့ရဖူးပါတယ်။ ၂၁ နှစ်သား ခံစစ်မှူးဟာ လာမယ့်ရာသီမှာ အသင်းကြီးထံ ပြောင်းရွှေ့ကစားရနိုင်တယ်လို့ သုံးသပ်ခံထားရသူတစ်ဦးဖြစ်ပြီး ဘယ်လာရင်ရဲ့ ညာနောက်ခံလူနေရာကို သိမ်းပိုက်နိုင်စွမ်းရှိမရှိကတော့ စောင့်ကြည့်ရပါဦးမယ်။

နောက်ထပ် ကြယ်ပွင့်များ

လူငယ်အဆင့် သက်တမ်းအလိုက်အသင်းတွေမှာ ခြေစွမ်းပြသနေကြတဲ့ ရိုင်ယန် အလီဘီယိုဆု (၁၉ နှစ်) ၊ ဒန်နီယယ် အိုယီဂိုကီ (၁၈) နှစ်တို့ကလည်း ရွေးချယ်စရာ options တွေဖြစ်ကြပါတယ်။ သူတို့နှစ်ဦးလုံးဟာ ညာနောက်ခံလူစစ်စစ်တွေဖြစ်ကြပြီးတော့ သက်တမ်းအလိုက် အင်္ဂလန်လက်ရွေးစင်အသင်းတွေမှာလည်း ပါဝင်ကစားခွင့်ရရှိနေသူတွေပါ။ အားလုံးထဲမှာ အခြေအနေအေကောင်းဆုံးမဟုတ်ရင်တောင်မှ ဒီလူငယ်လေးတွေမှာလည်း မျှော်လင့်ချက်နဲ့ အခွင့်အလမ်းတစ်ချို့ရှိနေတာကတော့ အမှန်ပါပဲ။

Source: Football London

[ZAWGYI]

ဟက္တာ ဘယ္လာရင္ဟာ အာဆင္နယ္အသင္းရဲ႕ ေဟးအန္႔ဒ္အကယ္ဒမီကေန ထြက္ေပၚလာတဲ့ ၾကယ္ပြင့္တစ္ပြင့္ပါ။ လက္ရွိအခ်ိန္မွာ အသင္းရဲ႕ ခံစစ္ညာအစြန္မွာ အဓိက ကစားသမားျဖစ္သလို ဒုတိယအသင္းေခါင္းေဆာင္အျဖစ္လည္း တာဝန္ယူေနသူပါ။

ဒါေပမယ့္ လက္တေလာထြက္ေပၚေနတဲ့သတင္းေတြအရ စပိန္လူမ်ိဳးခံစစ္မွဴးဟာ အာဆင္နယ္အသင္းကေန ထြက္ခြာခ်င္ေနျပီး ရာသီကုန္မွာ အာဆင္နယ္အသင္းနဲ႔ လမ္းခြဲဖို႔ စီစဥ္ေနတယ္လို႔ သိထားရပါတယ္။ ၂၅ ႏွစ္သား ခံစစ္မွဴးဟာ ပီအက္စ္ဂ်ီ ဒါမွမဟုတ္ ဂ်ဴဗင္တပ္အသင္း တစ္သင္းသင္းထံ ေျပာင္းေရႊ႕ဖြယ္ရွိတယ္ဆိုတဲ့ သတင္းေတြက က်ယ္က်ယ္ျပန္႔ျပန္႔ကို ထြက္ေပၚေနပါတယ္။

ဒီလိုအေျခအေနမ်ိဳးမွာ အာဆင္နယ္အသင္းကိုယ္တုိင္ကလည္း ညာေနာက္ခံလူသစ္ ရွာေဖြမႈကို အတိတလင္းစတင္လာတာမို႔ ဘယ္လာရင္ရဲ႕ သတင္းေတြဟာ ပိုမိုခိုင္မာလာေနတယ္လုိ႔ ဆိုရပါလိမ့္မယ္။ အာဆင္နယ္အသင္းဟာ တာရစ္ လမ္ပ္ေတးနဲ႔ မက္ဇ္ အာရြန္တို႔ကို အဓိကပစ္မွတ္ထားေစာင့္ၾကည့္ေနတာပါ။

တဖက္မွာလည္း အာဆင္နယ္အသင္းဟာ ကစားသမားသစ္ေတြ ရွာေဖြေနသလို အသင္းရဲ႕ အကယ္ဒမီက ၾကယ္ပြင့္ေတြကိုလည္း ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနျပန္ပါတယ္။ ေနာက္ပိုင္းႏွစ္ေတြမွာ ထိပ္တန္းအဆင့္ ၾကယ္ပြင့္ေတြ ဆက္တုိက္ေမြးထုတ္ေပးေနတဲ့ ေဟးအန္႔ဒ္အကယ္ဒမီဟာ ေနာက္ထပ္ ဘယ္လာရင္တစ္ေယာက္ ထပ္ျပီး ေမြးထုတ္ေပးလာႏုိင္မလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ပါ။ ဒါေၾကာင့္လည္း အာဆင္နယ္အသင္းရဲ႕ လူငယ္ေတြထဲကေန ဘယ္လာရင္ေနရာကို အစားဝင္ေရာက္ႏုိင္တဲ့ ေျခစြမ္းထက္ လူငယ္ၾကယ္ပြင့္ေလးေတြကို စုစည္းေဖာ္ျပေပးခ်င္ပါတယ္။

အိုမာ ရီကစ္ (၁၉ ႏွစ္)

အေျခခံအားျဖင့္ အိုမာ ရီကစ္ကို ဗဟိုေနာက္ခံလူအျဖစ္ လူသိမ်ားပါတယ္။ ယခုဇန္နဝါရီမွာမွ ဟာသာဘာလင္အသင္းကေန အာဆင္နယ္အသင္းဆီ ေျပာင္းေရႊ႕လာတဲ့ ရီကစ္ဟာ ဗဟိုခံစစ္မွာတင္မက ခံစစ္ဘယ္အစြန္နဲ႔ ခံစစ္ညာအစြန္ ေနရာေတြမွာပါ ကစားႏုိင္သူျဖစ္ပါတယ္။ သူ႔ရဲ႕ ထူးျခားခ်က္ကေတာ့ ဆန္တီ ကာဇိုလာလိုမ်ိဳး ဘယ္ေျခ၊ ညာေျခ ႏွစ္မ်ိဳးလံုး အသံုးျပဳႏိုင္တာပါပဲ။ ခံစစ္ကစားပံုေကာင္းမြန္ျပီး ေရြ႕လ်ားႏႈန္းေကာင္းမြန္မႈက သူ႔ကို ညာေနာက္ခံလူအျဖစ္ အံဝင္ခြင္က် အသံုးခ်ႏုိင္ေစဖို႔ အေထာက္အကူျဖစ္ေစပါတယ္။ ျဖတ္တင္ေဘာ ေပးပို႔ရာမွာ အားနည္းခ်က္ရွိေပမယ့္ ဂ်ာမန္ကလပ္မွာတုန္းကလည္း ခံစစ္အစြန္မွာ ထြက္ကစားဖူးတာေၾကာင့္ ဒီေနရာနဲ႔စိမ္းတဲ့ကစားသမားမ်ိဳးေတာ့ မဟုတ္ပါဘူး။ ပင္ကိုယ္ပါရမီရွိတဲ့ ၾကယ္ပြင့္မ်ိဳးျဖစ္တာမို႔ ေသခ်ာေလ့က်င့္သင္ၾကားေပးရင္ ျဖစ္ထြန္းေအာင္ျမင္လာႏုိင္တဲ့ ကစားသမားမ်ိဳးပါ။

ဘရြန္ခ္ ေနာ္တင္-ကပ္ဖီ (၁၇)

ေနာ္တင္-ကပ္ဖီက အသက္ ၁၇ ႏွစ္အရြယ္သာရွိေသးေပမယ့္ ယူ-၂၃ အသင္းအတြက္ပါ ကစားေပးေနရသူပါ။ သူ႔ရဲ႕ အသက္အရြယ္နဲ႔မလိုက္ေအာင္ ရင့္က်က္တည္ျငိမ္မႈနဲ႔ တုိက္စစ္အားသန္ကစားဟန္ေတြေၾကာင့္ လူငယ္အဆင့္ျပိဳင္ပြဲေတြမွာေတာ့ နာမည္ေက်ာ္တဲ့ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ကပ္ဖီရဲ႕ လက္ရွိေျခစြမ္းဟာ ဟက္တာ ဘယ္လာရင္တစ္ေယာက္ အာဆင္နယ္အသင္းၾကီးထံ မေရာက္မွီ လူငယ္အသင္းမွာ ျပသခဲ့တဲ့ေျခစြမ္းမ်ိဳးနဲ႔ဆင္တူတယ္လုိ႔လည္း သံုးသပ္ခံထားရပါတယ္။ ဘယ္လာရင္ရဲ႕ ေနရာကို တုိက္ရိုက္အစားထိုးခြင့္ရဖို႔အတြက္ ငယ္ရြယ္လြန္းေသးေပမယ့္ ဒီၾကယ္ပြင့္ေလးအေနနဲ႔ လာမယ့္ရာသီသစ္မွာ အခြင့္အေရးေကာင္းေတြ ပိုင္ဆုိင္ရဖို႔ နီးစပ္ေနသူျဖစ္ပါတယ္။

ဂ်ိဳနသန္ ဒန္ဇီယီ (၂၁)

ဒန္ဇီယီဟာ လက္ရွိရာသီအစမွာ စပါးအသင္းကေန အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕လာတဲ့ လူငယ္ခံစစ္မွဴးတစ္ဦးပါ။ လက္ရွိ ယူ-၂၃ အသင္းမွာ ဗဟိုခံစစ္မွဴးအျဖစ္ကစားေနေပမယ့္ သူ႔ရဲ႕ကစားသမားဘဝ အခ်ိန္အမ်ားစုကို ေတာင္ပံတုိက္စစ္နဲ႔ ေတာင္ပံခံစစ္မွဴးအျဖစ္ ျဖတ္သန္းခဲ့သူျဖစ္ပါတယ္။ ခံစစ္ကေန တုိက္စစ္ကို ကူးေျပာင္းရာမွာ ညက္ေညာျပီး ထိေရာက္မႈရွိတာေၾကာင့္ စပါးခံစစ္မွဴး ယန္ ဗာတြန္ဂန္ကိုယ္တုိင္က ထုတ္ေဖာ္ခ်ီးမြမ္းတာကို ခံခဲ့ရဖူးပါတယ္။ ၂၁ ႏွစ္သား ခံစစ္မွဴးဟာ လာမယ့္ရာသီမွာ အသင္းၾကီးထံ ေျပာင္းေရႊ႕ကစားရႏုိင္တယ္လုိ႔ သံုးသပ္ခံထားရသူတစ္ဦးျဖစ္ျပီး ဘယ္လာရင္ရဲ႕ ညာေနာက္ခံလူေနရာကို သိမ္းပိုက္ႏုိင္စြမ္းရွိမရွိကေတာ့ ေစာင့္ၾကည့္ရပါဦးမယ္။

ေနာက္ထပ္ ၾကယ္ပြင့္မ်ား

လူငယ္အဆင့္ သက္တမ္းအလိုက္အသင္းေတြမွာ ေျခစြမ္းျပသေနၾကတဲ့ ရိုင္ယန္ အလီဘီယိုဆု (၁၉ ႏွစ္) ၊ ဒန္နီယယ္ အိုယီဂိုကီ (၁၈) ႏွစ္တို႔ကလည္း ေရြးခ်ယ္စရာ options ေတြျဖစ္ၾကပါတယ္။ သူတို႔ႏွစ္ဦးလံုးဟာ ညာေနာက္ခံလူစစ္စစ္ေတြျဖစ္ၾကျပီးေတာ့ သက္တမ္းအလိုက္ အဂၤလန္လက္ေရြးစင္အသင္းေတြမွာလည္း ပါဝင္ကစားခြင့္ရရွိေနသူေတြပါ။ အားလံုးထဲမွာ အေျခအေနေအေကာင္းဆံုးမဟုတ္ရင္ေတာင္မွ ဒီလူငယ္ေလးေတြမွာလည္း ေမွ်ာ္လင့္ခ်က္နဲ႔ အခြင့္အလမ္းတစ္ခ်ိဳ႕ရွိေနတာကေတာ့ အမွန္ပါပဲ။

Source: Football London

Leave a Reply