ဘရန်ဒန် ရော်ဂျာ အာဆင်နယ်နည်းပြသစ် ဖြစ်လာတော့မှာလား

[UNICODE]

လက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာစ်ဟာ အာဆင်နယ်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဆန္ဒပြင်းပြနေပြီး အာတီတာသာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရမယ်ဆိုရင် ဂန်းနားတွေရဲ့ နည်းပြသစ်ဖြစ်လာနိုင်ခြေလည်း မြင့်မားနေတယ်လို့ The Express သတင်းစာက ဖော်ပြလိုက်ပါတယ်။

အသက် ၄၇ နှစ်အရွယ် မြောက်အိုင်ယာလန်လူမျိုးနည်းပြဟာ အာဆင်နယ်အသင်းကသာ လက်ရှိနည်းပြ မီခယ် အာတီတာကို ထုတ်ပါယ်ခဲ့မယ်ဆိုရင် လက်စတာ နည်းပြရာထူးကနေ ထွက်ခွာဖို့ အဆင့်သင့်ပြင်ဆင်ထားတယ်လို့ သတင်းမှာဖော်ပြခဲ့ပါတယ်။

ရော်ဂျာစ်က လက်စတာစီးတီးအသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် သူအလိုရှိတဲ့ လယ်ဗယ်မျိုးကို တက်လှမ်းနိုင်ဖို့ဆိုရင် လိုအပ်တဲ့အရင်းအမြစ်တွေနဲ့ ပံ့ပိုးမှုတွေကို အာဆင်နယ်အသင်းကသာ ပြုလုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဂန်းနားတွေရဲ့ လက်ရှိ အခြေအနေဆိုးတွေဟာ သူ့အတွက် အခွင့်အလမ်းဖြစ်တယ်လို့ ရော်ဂျာစ်က ယူဆနေပြီး နည်းပြအာတီတာကိုသာ ထုတ်ပါယ်ခဲ့မယ်ဆိုရင် အစားဝင်ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

တဖက်မှာလည်း talkSPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ နည်းပြအာတီတာကို ထုတ်ပါယ်ဖို့ အစီအစဉ်မရှိကြောင်း အရိပ်အကဲပြသနေပေမယ့် တဖက်မှာလည်း ဘရန်ဒန် ရော်ဂျာစ်ကို ဆက်သွယ်မှုဆွေးနွေးမှုတွေ လျှို့ဝှက်ပြုလုပ်နေကြောင်း သိထားရပါတယ်။

ဘရန်ဒန် ရော်ဂျာစ်ဟာ အာဆင်နယ်အသင်းကနေ အာဆင်းဝင်းဂါး ထွက်ခွာသွားချိန်တုန်းက တစ်ကြိမ်၊ အူနိုင်း အမ်မရီ ထွက်ခွာသွားချိန်တုန်းကတစ်ကြိမ် နည်းပြသစ်ဖြစ်လာဖို့ နီးနီးစပ်စပ် ရေပန်းစားခဲ့ပေမယ့် အဆိုပါရာထူးကို ရယူဖို့ အချိန်မတန်သေးဘူးလို့ ယူဆခဲ့တာကြောင့် ချဉ်းကပ်မှု ၂ ကြိမ်လုံးကို ငြင်းဆန်ပယ်ချခဲ့ဖူးသူဖြစ်ပါတယ်။

Source: Express, talkSPORT

[ZAWGYI]

လက္စတာစီးတီးအသင္းရဲ႕ နည္းျပျဖစ္သူ ဘရန္ဒန္ ေရာ္ဂ်ာစ္ဟာ အာဆင္နယ္အသင္းကို ကိုင္တြယ္ဖို႔ စိတ္ဆႏၵျပင္းျပေနျပီး အာတီတာသာ ရာထူးကေန ထုတ္ပယ္ခံခဲ့ရမယ္ဆိုရင္ ဂန္းနားေတြရဲ႕ နည္းျပသစ္ျဖစ္လာႏုိင္ေျခလည္း ျမင့္မားေနတယ္လုိ႔ The Express သတင္းစာက ေဖာ္ျပလိုက္ပါတယ္။

အသက္ ၄၇ ႏွစ္အရြယ္ ေျမာက္အုိင္ယာလန္လူမ်ိဳးနည္းျပဟာ အာဆင္နယ္အသင္းကသာ လက္ရွိနည္းျပ မီခယ္ အာတီတာကို ထုတ္ပါယ္ခဲ့မယ္ဆိုရင္ လက္စတာ နည္းျပရာထူးကေန ထြက္ခြာဖို႔ အဆင့္သင့္ျပင္ဆင္ထားတယ္လုိ႔ သတင္းမွာေဖာ္ျပခဲ့ပါတယ္။

ေရာ္ဂ်ာစ္က လက္စတာစီးတီးအသင္းဟာ အသင္းေကာင္းတစ္သင္းျဖစ္ေပမယ့္ သူအလိုရွိတဲ့ လယ္ဗယ္မ်ိဳးကို တက္လွမ္းႏုိင္ဖို႔ဆိုရင္ လိုအပ္တဲ့အရင္းအျမစ္ေတြနဲ႔ ပံ့ပိုးမႈေတြကို အာဆင္နယ္အသင္းကသာ ျပဳလုပ္ေပးႏုိင္လိမ့္မယ္လို႔ ယံုၾကည္ေနေၾကာင္းလည္း သတင္းမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ဂန္းနားေတြရဲ႕ လက္ရွိ အေျခအေနဆိုးေတြဟာ သူ႔အတြက္ အခြင့္အလမ္းျဖစ္တယ္လုိ႔ ေရာ္ဂ်ာစ္က ယူဆေနျပီး နည္းျပအာတီတာကိုသာ ထုတ္ပါယ္ခဲ့မယ္ဆိုရင္ အစားဝင္ဖို႔ စိတ္အားထက္သန္ေနတာျဖစ္ပါတယ္။

တဖက္မွာလည္း talkSPORT သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ နည္းျပအာတီတာကို ထုတ္ပါယ္ဖို႔ အစီအစဥ္မရွိေၾကာင္း အရိပ္အကဲျပသေနေပမယ့္ တဖက္မွာလည္း ဘရန္ဒန္ ေရာ္ဂ်ာစ္ကို ဆက္သြယ္မႈေဆြးေႏြးမႈေတြ လွ်ိဳ႕ဝွက္ျပဳလုပ္ေနေၾကာင္း သိထားရပါတယ္။

ဘရန္ဒန္ ေရာ္ဂ်ာစ္ဟာ အာဆင္နယ္အသင္းကေန အာဆင္းဝင္းဂါး ထြက္ခြာသြားခ်ိန္တုန္းက တစ္ၾကိမ္၊ အူႏုိင္း အမ္မရီ ထြက္ခြာသြားခ်ိန္တုန္းကတစ္ၾကိမ္ နည္းျပသစ္ျဖစ္လာဖို႔ နီးနီးစပ္စပ္ ေရပန္းစားခဲ့ေပမယ့္ အဆုိပါရာထူးကို ရယူဖို႔ အခ်ိန္မတန္ေသးဘူးလို႔ ယူဆခဲ့တာေၾကာင့္ ခ်ဥ္းကပ္မႈ ၂ ၾကိမ္လံုးကို ျငင္းဆန္ပယ္ခ်ခဲ့ဖူးသူျဖစ္ပါတယ္။

Source: Express, talkSPORT

Leave a Reply