ဘရိုက်တန် ဝ-၁ အာဆင်နယ် ပွဲစဉ်က မှတ်မှတ်ထင်ထင် အချက် ၅ ချက်

[UNICODE]

အာဆင်နယ်အသင်းဟာ ဒီဇင်ဘာပွဲကျပ်ကာလမှာ ရလဒ်တွေ ပြန်မှန်လာခဲ့ပါတယ်။ ချယ်လ်ဆီးကို အိမ်ကွင်းမှာ အနိုင်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာ ဘရိုက်တန်ကို အဝေးကွင်းမှာ ဝ-၁ ရလဒ်နဲ့ ထပ်မံအနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အဆင့် ၁၃ နေရာထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ခြေစွမ်းပိုင်းမှာ အားနည်းချက်လေးတွေ နည်းနည်းစီရှိနေသေးပေမယ့် ၂ ပွဲမှာ ၆ မှတ်စုဆောင်းနိုင်ခဲ့တဲ့အပြင် ၄ ဂိုးသွင်းယူကာ ၁ ဂိုးသာ ပြန်လည်ခွင့်ပြုခဲ့ရတာမို့ တိုးတက်မှုကတော့ သိသာတယ်လို့ဆိုရမှာပါ။

မနက်ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲစဉ်မှာ ချယ်လ်ဆီးနဲ့ပွဲက လူစာရင်းကို ၁ ယောက်ပဲ လဲပြီး ပြန်အသုံးပြုခဲ့ပါတယ်။ ဒီပွဲမှာလည်း ရလဒ်ကောင်းခဲ့တာမို့ လက်ရှိလူစာရင်းက ကစားသမားအများစုဟာ ပုံမှန်ပွဲထွက်ကစားသမားတွေဖြစ်လာဖို့ အခွင့်အလမ်းများနေသူတွေလို့ ယူဆရမှာပါ။

ဂန်းနားတွေဟာ Back-to-back နိုင်ပွဲရယူနိုင်ခဲ့ပေမယ့် အလွယ်တကူအနိုင်ရခဲ့တာတော့မဟုတ်ပါဘူး။ သရေပွဲ ၇ ပွဲအထိ ရယူထားတဲ့ ဘရိုက်တန်ကို ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။ ဒုတိယပိုင်း ခြေစွမ်းအပြောင်းအလဲကြောင့်သာ အနိုင်ရခဲ့တာပါ။ တစ်သင်းလုံးရဲ့ ကြိုးစားအားထုတ်မှုကို မြင်ခဲ့ရတာမို့ ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲတော့ဖြစ်ခဲ့ပါတယ်။ ထူးခြားချက်တွေနဲ့ ထောက်ပြစရာတွေလည်း ရှိခဲ့တာမို့ ဆက်ဆွေးနွေးချင်ပါသေးတယ်။

၁။ အူဘာမီယန်း မဟုတ်သေးတဲ့ အူဘာမီယန်း

အူဘာမီယန်းဟာ အငြင်းပွားဖွယ်မရှိ ထိပ်တန်းဂိုးသွင်းရှင်တစ်ယောက်ပါ။ အသင်းကို စတင်ရောက်ရောက်ခြင်းရာသီမှာတင် ၁၄ ပွဲသာ ပါဝင်ကစားခဲ့ရပေမယ့် ၁၄ ဂိုသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဒုတိယရာသီမှာတော့ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တတိယရာသီမှာ ဂိုးသွင်းဘုရင်ဆုကို ၁ ဂိုးအကွာနဲ့ လက်လွှတ်ခဲ့ရပေမယ့် တစ်ရာသီလုံးသွင်းဂိုးက ၂၉ ဂိုးအထိရှိခဲ့တာပါ။ ဒါပေမယ့် ဒီရာသီမှာတော့ အူဘာမီယန်းရဲ့ စွမ်းဆောင်ရည်က ဝေဖန်ထောက်ပြစရာဖြစ်လို့နေပါတယ်။ ရာသီတစ်ဝက်ကျိုးချိန်မှာ သွင်းဂိုး ၅ ဂိုးသာသွင်းယူထားနိုင်နေသလို ဂိုးမသွင်းယူနိုင်တာထက် ပိုမိုဆိုးရွားနေတာက သူ့ရဲ့ ကစားပုံနဲ့ အသွင်အပြင်တွေပါပဲ။ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ နဲ့ စာချုပ်သစ်ချုပ်ဆိုပြီးကတည်းက ဖိဖိစီးစီးမကစားတော့ဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ အူဘာမီယန်းဟာ ခြေစွမ်းပိုင်း အတော်လေးကို သိသိသာသာကျဆင်းနေပြီး ဒီမနက်ကစားသွားတဲ့ ဘရိုက်တန်နဲ့ပွဲစဉ်မှာဆိုရင် အခွင့်အရေးတချို့ကို ဖြစ်ကတတ်ဆန်း ဖြုန်းတီးခဲ့တာမျိုးတွေတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် ဘရိုက်တန်နဲ့ပွဲစဉ် ဒုတိယပိုင်းမှာတော့ ကြိုးစားအားထုတ်ပုံ အနည်းငယ်ပြန်တက်လာခဲ့တာမို့ ရှေ့လာမယ့်ပွဲစဉ်တွေမှာ အူဘာမီယန်းအစစ်ကို ပြန်မြင်ရမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၂။ ၄၅ မိနစ် အာဆင်နယ်

ဘရိုက်တန်နဲ့ပွဲက အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်က ပထမပိုင်းနဲ့ ဒုတိယပိုင်း ကွာခြားမှု အတော်ကြီးပါတယ်။ ပထမပိုင်းမှာ ဂိုးပေါက် တစ်ကြိမ်မှတည့်အောင် မကန်နိုင်ခဲ့သလို ဘယ်လာရင်နဲ့ ဟိုးလ်ဒင်းကြားက ယိုပေါက်ကြောင့် ခံစစ်ကလည်း ဖယိုဖရဲဖြစ်နေခဲ့တာပါ။ အာတီတာက သူ့အသင်းရဲ့ တိုက်စစ်အားနည်းချက်ကို ပြင်ဆင်နိုင်ခဲ့ပြီလို့ ချယ်လ်ဆီးနဲ့ပွဲအပြီးမှာ ပြောဆိုခဲ့ပေမယ့် ဘရိုက်တန်နဲ့ပွဲစဉ်ရဲ့ ပထမပိုင်းခြေစွမ်းအရဆိုရင်တော့ ဒီစကားက မှန်ကန်မှုမရှိပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းဟာ အသင်းတစ်သင်းပြောင်းလဲပြီး ကန်သလိုကို ပြောင်းလဲသွားပါတယ်။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် အာတီတာဟာ အဝတ်လဲခန်းအပေါ် လွှမ်းမိုးနိုင်ဆဲလို့ ယူဆရပါတယ်။ ဒုတိယပိုင်း အာဆင်နယ်အသင်းရဲ့ ခြေစွမ်းဟာ အတော်လေးထက်မြက်လာခဲ့ပြီး လူငယ်တွေရဲ့ ရုံးကန်အားအပြင် အူဘာမီယန်းကိုယ်တိုင်လည်း အတော်လေးလိုက်ကစားလာခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ ကစားအားကောင်းတဲ့ မာတီနယ်လီကို ကြံ့ခိုင်မှုအနေအထားကြောင့် လာကာဇက်နဲ့ လဲလှယ်လိုက်ချိန်မှာ အသင်းရဲ့ တိုက်စစ်ကျဆင်းသွားမှာ စိုးရိမ်မိခဲ့ပေမယ့် လာကာဇက်က ကွင်းထဲဝင်လာပြီး ၂၁ စက္ကန့်အကြာမှာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးသွားတာမို့ စိုးရိမ်စိတ်လျော့ပါးခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်ဆင်မှု ၈ ကြိမ်ပြုလုက်နိုင်ခဲ့ပြီး ၃ ကြိမ်ဂိုးပေါက်တည့်ကာ ၁ ကြိမ်ကို ပြိုင်ဘက်ခံစစ်က ပိတ်ဆို့တားဆီးခဲ့ရပါတယ်။ ၄၅ မိနစ်တာ ကာလအနေနဲ့ သုံးသပ်ရရင် အားရစရာတိုက်စစ်ဖြစ်ပေမယ့် ဒါကိုက တစ်ပွဲလုံးစာစွမ်းဆောင်ရည်လည်းဖြစ်နေခဲ့တာပါ။ ကျေနပ်စရာကောင်းတာကတော့ ထက်မြက်မှုရှိတဲ့ တန်ပြန်တိုက်စစ် ထိုးဖောက်မှုတစ်ချို့ ပြန်မြင်လာရတာပဲဖြစ်ပါတယ်။

၃။ စူပါ ဆာကာ

ဘရိုက်တန်နဲ့ပွဲအကြောင်းပြောမယ်ဆိုရင် ဘူကာယို ဆာကာကို ချန်လှပ်ထားလို့မရပါဘူး။ ဆာကာရဲ့ ရုံးကန်အားဟာ ဒီပွဲအနိုင်ရလဒ်အတွက် အရေးအပါဆုံးဖြစ်ခဲ့ပြီးတော့ အသင်းရသွားတဲ့ အနိုင်ဂိုးကလည်း သူ့ရဲ့ထက်မြက်ပြီး ပါးနပ်လှတဲ့ တစ်ဦးချင်အရည်အသွေးကြောင့်ပါ။ ချယ်လ်ဆီးနဲ့ပွဲမှာ အံ့သြမင်သက်ဖွယ် သွင်းဂိုး ၁ ဂိုးသွင်းယူပြခဲ့တဲ့ ဆာကာဟာ ယခုပွဲစဉ်မှာလည်း ကမ္ဘာ့အဆင့် ဖြတ်ကျော်နိုင်စွမ်းနဲ့အတူ အသင်းအတွက် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆာကာရဲ့ ဂိုးဖန်တီးမှုမှာ သူ့ရဲ့ အမြန်နှုန်း၊ သက်လုံ၊ ပါးနပ်မှု၊ ဘောလုံးအမြင်နဲ့ တစ်ဦးချင်းဖြတ်ကျော်နိုင်စွမ်း အားလုံးပေါင်းစပ်ပါဝင်နေပြီးတော့ တကယ့်အဆင့်မြင့် ကစားပုံမျိုးဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ဆီကနေ ဒီလိုဖြတ်ကျော်နိုင်စွမ်းမျိုးကို မြင်တွေ့ခဲ့ရတာက တကယ်ကို ကျေနပ်နှစ်သက်ဖွယ်ရာဖြစ်ပါတယ်။ ပွဲချိန် ၈၁ မိနစ်မှာ ဒါဏ်ရာရသွားတာမို့ အတန်ငယ်စိုးရိမ်ခဲ့ရပေမယ့် ဒါဏ်ရာက စိတ်ပူစရာမရှိဘူးလို့ သိထားရတာမို့ တော်သေးတယ်ပဲဆိုရမှာပါ။

၄။ အာတီတာ မှန်သွားခဲ့တဲ့ လောင်းကစားတစ်ခု (သို့) စမစ်-ရိုး

အာတီတာက အသင်းကို စရောက်ချိန်ကတည်းက စမစ်-ရိုးအပေါ် မျှော်လင့်ချက် ကြီးကြီးထားခဲ့သူပါ။ ယမန်နှစ်ရာသီတုန်းက ဒါဏ်ရာဗရပွနဲ့ ယူ-၂၃ သင်းက ကစားသမားကို ဟက်ဒါဖီးလ်ဒ်ထံ အငှားချပြီး ကြံ့ခိုင်မှု တည်ဆောက်စေခဲ့တာ အာတီတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက ရာသီအစမှာတင် ဒါဏ်ရာရသွားပြန်တာမို့ အငှားထွက်ကစားခိုင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ အသင်းတာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ဒီကောင်လေးကို အသင်းမှာ ဆက်ထိမ်းသိမ်းထားခဲ့တာလည်း အာတီတာပါပဲ။ ခုချိန်မှာတော့ အာတီတာတစ်ယောက် ဒီအကျိုးကျေးဇူးတွေကို ခံစားနေရပြီလို့ပဲ ဆိုရမှာပါ။ လုံလောက်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ပေးပြီးချိန်မှာတော့ စမစ်သ်-ရိုးရဲ့ ခြေစွမ်း ဘယ်လောက်ကောင်းတယ်ဆိုတာကို ပရိတ်သတ်တွေ မျက်ဝါးထင်ထင်တွေ့မြင်နေရပါပြီ။ တချိန်တုန်းက ဒါဏ်ရာ ခဏခဏရတတ်တဲ့ ဖြူဖျော့ဖျော့ကောင်လေးဟာ ယမန်နေ့တုန်းက ဘရိုက်တန်နဲ့ပွဲစဉ်မှာ ကြံ့ခိုင်မှုအသားပေးကစားလာတဲ့ ဘရိုက်တန်ခံစစ်တန်းကို အလိမ်အခေါက် အတိုးအလှုပ်တွေအပြင် ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်း အားပြုပြီးပါ ရင်ဆိုင်ပြခဲ့ပါတယ်။ စမစ်သ်-ရိုးဟာ ဒီပွဲမတိုင်ခင် ချယ်လ်ဆီးနဲ့ပွဲစဉ်တုန်းကလည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်အဖျက်တွေထဲက တစ်ယောက်ဖြစ်တဲ့ ကန်တေကို ကောင်းကောင်းရင်ဆိုင်ပြခဲ့ပါသေးတယ်။ စမစ်သ်-ရိုးဟာ လက်ရှိရာသီမှာ အာဆင်နယ်အသင်းအတွက် မိနစ် ၃၀၀ စွန်းစွန်းသာ ပါဝင်ကစားခွင့်ရသေးပေမယ့် ၁ ဂိုးသွင်းယူပြီး ၃ ဂိုးဖန်တီးပေးထားပါတယ်။ အာတီတာ မှန်သွားခဲ့တဲ့ လောင်းကြေးတစ်ခုလို့ ဆိုရပါလိမ့်မယ်။

၅။ အာဆင်နယ် ပြန်လာပြီလား

အဖြေကတော့ No ပါ။ ဂန်းနားတွေဟာ ချယ်လ်ဆီးနဲ့ ဘရိုက်တန်တို့ကို Back-t-back နိုင်ပွဲတွေ ရယူနိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်းမှာ ပြင်ဆင်စရာတွေတော့ ရှိနေဆဲဖြစ်ပါတယ်။ နေရာစုံမှာ အားနည်းချက်တွေရှိနေပြီးတော့ ခုနိုင်ပွဲ ၂ ပွဲမှာ အရေးပါခဲ့တာက ကစားကွက်အပြောင်းအလဲကြောင့် ကစားသမားတွေ ယုံကြည်မှုပိုမြင့်တက်လာခဲ့တာ၊ မာရီရဲ့ တည်ငြိမ်တဲ့ ခြေစွမ်း၊ လကာဇက် ဂိုးပေါက်ပြန်တွေ့လာမှုနဲ့ လူငယ်ကြယ်ပွင့် ၃ ယောက်ရဲ့ ရုံးကန်အားတွေကြောင့်လို့ ဆိုရမှာပါ။ တကယ်တမ်း အားနည်းချက်တွေကို ပြောရမယ်ဆိုရင်တော့ ခံစစ်တန်းမှာ ဟိုးလ်ဒင်းနဲ့ ဘယ်လာရင်တို့ရဲ့ အကြားက နေရာလွတ်တွေက ခုချိန်အထိ ဒုက္ခပေးနေတုန်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဘယ်ခြမ်းခံစစ်မှာ မာရီ-တီယာနီ၊ ဂါဘရီယယ်-တီယာနီ ဘယ်လိုတွဲဖက်ပွဲထုတ်ပါစေ အဆင်ပြေနေပေမယ့် ညာခြမ်းမှာတော့ ဘယ်လာရင်-ဟိုးလ်ဒင်း၊ ဆိုအာရက်စ်-ဟိုးလ်ဒင်း၊ ဘယ်လာရင်-လူးဝီးစ် ဘယ်လိုတွဲဖက်ပွဲထုတ်ပါစေ ဟန်ချက်ညီမှု ကင်းမဲ့နေတာပါ။ ကွင်းလယ်ပိုင်းကတော့ ပါတေးပြန်မပါလာနိုင်မချင်း တည်ငြိမ်မှု ကင်းမဲ့နေဦးမှာဖြစ်သလို ပါတေးပြန်ပါလာရင်တောင်မှ ဂါနာသား ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ကူညီနိုင်မယ့် တွဲဖက်သစ် ရှာဖွေခေါ်ယူနိုင်ဖို့ လိုအပ်နေပါသေးတယ်။ တိုက်စစ်ပိုင်းမှာတော့ ကွင်းလယ်တိုက်စစ်တန်းက လူငယ် ၃ ယောက်ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် တိုးတက်မှုတွေရှိလာပေမယ့် အသင်းခေါင်းဆောင် အူဘာမီယန်းရဲ့ ခြေစွမ်းကတော့ စိတ်ပျက်စရာကောင်းနေဆဲပါ။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ရလဒ်ပိုင်းတိုးတက်လာတာမှန်ပေမယ့် လက်ရှိအားနည်းချက်တွေကြောင့် ရှေ့လာမယ့်ပွဲစဉ်တွေမှာ သေချာအာရုံစိုက်ကစားနိုင်ဖို့ လိုအပ်ဦးမှာပါ။ ယုံကြည်မှုပိုင်းပိုမိုတိုးတက်လာတာကြောင့် ရှေ့ကာလတွေကလို ဆက်တိုက် နိုင်ပွဲပျောက်ဆုံးတာမျိုးဖြစ်လာဖို့ကတော့ ဖြစ်နိုင်ခြေနည်းသွားခဲ့ပါပြီ။ ဒါက တိုးတက်မှုလို့ပဲ ဆိုရမှာပါ။

[ZAWGYI]

အာဆင္နယ္အသင္းဟာ ဒီဇင္ဘာပြဲက်ပ္ကာလမွာ ရလဒ္ေတြ ျပန္မွန္လာခဲ့ပါတယ္။ ခ်ယ္လ္ဆီးကို အိမ္ကြင္းမွာ အႏိုင္ယူႏုိင္ခဲ့ျပီးတဲ့ေနာက္မွာ ဘရိုက္တန္ကို အေဝးကြင္းမွာ ၀-၁ ရလဒ္နဲ႔ ထပ္မံအႏုိင္ယူႏုိင္ခဲ့ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ အဆင့္ ၁၃ ေနရာထိ တက္လွမ္းလာႏုိင္ခဲ့ပါတယ္။

ေျခစြမ္းပိုင္းမွာ အားနည္းခ်က္ေလးေတြ နည္းနည္းစီရွိေနေသးေပမယ့္ ၂ ပြဲမွာ ၆ မွတ္စုေဆာင္းႏဳိင္ခဲ့တဲ့အျပင္ ၄ ဂိုးသြင္းယူကာ ၁ ဂိုးသာ ျပန္လည္ခြင့္ျပဳခဲ့ရတာမို႔ တုိးတက္မႈကေတာ့ သိသာတယ္လုိ႔ဆိုရမွာပါ။

မနက္ကစားခဲ့တဲ့ ဘရိုက္တန္နဲ႔ပြဲစဥ္မွာ ခ်ယ္လ္ဆီးနဲ႔ပြဲက လူစာရင္းကို ၁ ေယာက္ပဲ လဲျပီး ျပန္အသံုးျပဳခဲ့ပါတယ္။ ဒီပြဲမွာလည္း ရလဒ္ေကာင္းခဲ့တာမို႔ လက္ရွိလူစာရင္းက ကစားသမားအမ်ားစုဟာ ပံုမွန္ပြဲထြက္ကစားသမားေတြျဖစ္လာဖို႔ အခြင့္အလမ္းမ်ားေနသူေတြလို႔ ယူဆရမွာပါ။

ဂန္းနားေတြဟာ Back-to-back ႏုိင္ပြဲရယူႏုိင္ခဲ့ေပမယ့္ အလြယ္တကူအႏုိင္ရခဲ့တာေတာ့မဟုတ္ပါဘူး။ သေရပြဲ ၇ ပြဲအထိ ရယူထားတဲ့ ဘရိုက္တန္ကို ခက္ခက္ခဲခဲကစားခဲ့ရပါတယ္။ ဒုတိယပိုင္း ေျခစြမ္းအေျပာင္းအလဲေၾကာင့္သာ အႏုိင္ရခဲ့တာပါ။ တစ္သင္းလံုးရဲ႕ ၾကိဳးစားအားထုတ္မႈကို ျမင္ခဲ့ရတာမို႔ ထိုက္တန္တဲ့ ႏုိင္ပြဲတစ္ပြဲေတာ့ျဖစ္ခဲ့ပါတယ္။ ထူးျခားခ်က္ေတြနဲ႔ ေထာက္ျပစရာေတြလည္း ရွိခဲ့တာမို႔ ဆက္ေဆြးေႏြးခ်င္ပါေသးတယ္။

၁။ အူဘာမီယန္း မဟုတ္ေသးတဲ့ အူဘာမီယန္း

အူဘာမီယန္းဟာ အျငင္းပြားဖြယ္မရွိ ထိပ္တန္းဂိုးသြင္းရွင္တစ္ေယာက္ပါ။ အသင္းကို စတင္ေရာက္ေရာက္ျခင္းရာသီမွာတင္ ၁၄ ပြဲသာ ပါဝင္ကစားခဲ့ရေပမယ့္ ၁၄ ဂိုသြင္းယူႏုိင္ခဲ့သူျဖစ္ပါတယ္။ ဒုတိယရာသီမွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းဘုရင္ဆုကို သိမ္းပိုက္ႏုိင္ခဲ့ပါတယ္။ တတိယရာသီမွာ ဂိုးသြင္းဘုရင္ဆုကို ၁ ဂိုးအကြာနဲ႔ လက္လႊတ္ခဲ့ရေပမယ့္ တစ္ရာသီလံုးသြင္းဂိုးက ၂၉ ဂိုးအထိရွိခဲ့တာပါ။ ဒါေပမယ့္ ဒီရာသီမွာေတာ့ အူဘာမီယန္းရဲ႕ စြမ္းေဆာင္ရည္က ေဝဖန္ေထာက္ျပစရာျဖစ္လို႔ေနပါတယ္။ ရာသီတစ္ဝက္က်ိဳးခ်ိန္မွာ သြင္းဂိုး ၅ ဂိုးသာသြင္းယူထားႏုိင္ေနသလို ဂိုးမသြင္းယူႏုိင္တာထက္ ပိုမိုဆိုးရြားေနတာက သူ႔ရဲ႕ ကစားပံုနဲ႔ အသြင္အျပင္ေတြပါပဲ။ တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀ နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုျပီးကတည္းက ဖိဖိစီးစီးမကစားေတာ့ဘူးဆိုတဲ့ ေဝဖန္မႈေတြနဲ႔ရင္ဆုိင္ေနရတဲ့ အူဘာမီယန္းဟာ ေျခစြမ္းပိုင္း အေတာ္ေလးကို သိသိသာသာက်ဆင္းေနျပီး ဒီမနက္ကစားသြားတဲ့ ဘရိုက္တန္နဲ႔ပြဲစဥ္မွာဆိုရင္ အခြင့္အေရးတခ်ိဳ႕ကို ျဖစ္ကတတ္ဆန္း ျဖဳန္းတီးခဲ့တာမ်ိဳးေတြေတာင္ ရွိခဲ့ပါတယ္။ ဒါေပမယ့္ ဘရိုက္တန္နဲ႔ပြဲစဥ္ ဒုတိယပိုင္းမွာေတာ့ ၾကိဳးစားအားထုတ္ပံု အနည္းငယ္ျပန္တက္လာခဲ့တာမို႔ ေရွ႕လာမယ့္ပြဲစဥ္ေတြမွာ အူဘာမီယန္းအစစ္ကို ျပန္ျမင္ရမလားဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၂။ ၄၅ မိနစ္ အာဆင္နယ္

ဘရိုက္တန္နဲ႔ပြဲက အာဆင္နယ္အသင္းရဲ႕ စြမ္းေဆာင္ရည္က ပထမပိုင္းနဲ႔ ဒုတိယပိုင္း ကြာျခားမႈ အေတာ္ၾကီးပါတယ္။ ပထမပိုင္းမွာ ဂိုးေပါက္ တစ္ၾကိမ္မွတည့္ေအာင္ မကန္ႏုိင္ခဲ့သလို ဘယ္လာရင္နဲ႔ ဟိုးလ္ဒင္းၾကားက ယိုေပါက္ေၾကာင့္ ခံစစ္ကလည္း ဖယိုဖရဲျဖစ္ေနခဲ့တာပါ။ အာတီတာက သူ႔အသင္းရဲ႕ တုိက္စစ္အားနည္းခ်က္ကို ျပင္ဆင္ႏုိင္ခဲ့ျပီလို႔ ခ်ယ္လ္ဆီးနဲ႔ပြဲအျပီးမွာ ေျပာဆိုခဲ့ေပမယ့္ ဘရိုက္တန္နဲ႔ပြဲစဥ္ရဲ႕ ပထမပိုင္းေျခစြမ္းအရဆိုရင္ေတာ့ ဒီစကားက မွန္ကန္မႈမရွိပါဘူး။ ဒါေပမယ့္ ဒုတိယပိုင္းမွာေတာ့ အာဆင္နယ္အသင္းဟာ အသင္းတစ္သင္းေျပာင္းလဲျပီး ကန္သလိုကို ေျပာင္းလဲသြားပါတယ္။ ဒီအေျခအေနကို ၾကည့္ျခင္းအားျဖင့္ အာတီတာဟာ အဝတ္လဲခန္းအေပၚ လႊမ္းမိုးႏိုင္ဆဲလို႔ ယူဆရပါတယ္။ ဒုတိယပိုင္း အာဆင္နယ္အသင္းရဲ႕ ေျခစြမ္းဟာ အေတာ္ေလးထက္ျမက္လာခဲ့ျပီး လူငယ္ေတြရဲ႕ ရံုးကန္အားအျပင္ အူဘာမီယန္းကိုယ္တုိင္လည္း အေတာ္ေလးလိုက္ကစားလာခဲ့တာကိုျမင္ေတြ႕ခဲ့ရပါတယ္။ ကစားအားေကာင္းတဲ့ မာတီနယ္လီကို ၾကံ့ခိုင္မႈအေနအထားေၾကာင့္ လာကာဇက္နဲ႔ လဲလွယ္လိုက္ခ်ိန္မွာ အသင္းရဲ႕ တုိက္စစ္က်ဆင္းသြားမွာ စိုးရိမ္မိခဲ့ေပမယ့္ လာကာဇက္က ကြင္းထဲဝင္လာျပီး ၂၁ စကၠန္႔အၾကာမွာ အသင္းအတြက္ အႏုိင္ဂိုးကို သြင္းယူေပးသြားတာမို႔ စိုးရိမ္စိတ္ေလ်ာ့ပါးခဲ့ရပါတယ္။ ဒုတိယပိုင္းမွာ အာဆင္နယ္အသင္းအေနနဲ႔ တုိက္စစ္ဆင္မႈ ၈ ၾကိမ္ျပဳလုက္ႏုိင္ခဲ့ျပီး ၃ ၾကိမ္ဂိုးေပါက္တည့္ကာ ၁ ၾကိမ္ကို ျပိဳင္ဘက္ခံစစ္က ပိတ္ဆို႔တားဆီးခဲ့ရပါတယ္။ ၄၅ မိနစ္တာ ကာလအေနနဲ႔ သံုးသပ္ရရင္ အားရစရာတုိက္စစ္ျဖစ္ေပမယ့္ ဒါကိုက တစ္ပြဲလံုးစာစြမ္းေဆာင္ရည္လည္းျဖစ္ေနခဲ့တာပါ။ ေက်နပ္စရာေကာင္းတာကေတာ့ ထက္ျမက္မႈရွိတဲ့ တန္ျပန္တုိက္စစ္ ထိုးေဖာက္မႈတစ္ခ်ိဳ႕ ျပန္ျမင္လာရတာပဲျဖစ္ပါတယ္။

၃။ စူပါ ဆာကာ

ဘရိုက္တန္နဲ႔ပြဲအေၾကာင္းေျပာမယ္ဆိုရင္ ဘူကာယို ဆာကာကို ခ်န္လွပ္ထားလို႔မရပါဘူး။ ဆာကာရဲ႕ ရံုးကန္အားဟာ ဒီပြဲအႏုိင္ရလဒ္အတြက္ အေရးအပါဆံုးျဖစ္ခဲ့ျပီးေတာ့ အသင္းရသြားတဲ့ အႏုိင္ဂိုးကလည္း သူ႔ရဲ႕ထက္ျမက္ျပီး ပါးနပ္လွတဲ့ တစ္ဦးခ်င္အရည္အေသြးေၾကာင့္ပါ။ ခ်ယ္လ္ဆီးနဲ႔ပြဲမွာ အံ့ၾသမင္သက္ဖြယ္ သြင္းဂိုး ၁ ဂိုးသြင္းယူျပခဲ့တဲ့ ဆာကာဟာ ယခုပြဲစဥ္မွာလည္း ကမၻာ့အဆင့္ ျဖတ္ေက်ာ္ႏုိင္စြမ္းနဲ႔အတူ အသင္းအတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ႏုိင္ခဲ့ပါတယ္။ ဆာကာရဲ႕ ဂိုးဖန္တီးမႈမွာ သူ႔ရဲ႕ အျမန္ႏႈန္း၊ သက္လံု၊ ပါးနပ္မႈ၊ ေဘာလုံးအျမင္နဲ႔ တစ္ဦးခ်င္းျဖတ္ေက်ာ္ႏုိင္စြမ္း အားလံုးေပါင္းစပ္ပါဝင္ေနျပီးေတာ့ တကယ့္အဆင့္ျမင့္ ကစားပံုမ်ိဳးျဖစ္ပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ လူငယ္တစ္ေယာက္ဆီကေန ဒီလိုျဖတ္ေက်ာ္ႏုိင္စြမ္းမ်ိဳးကို ျမင္ေတြ႕ခဲ့ရတာက တကယ္ကို ေက်နပ္ႏွစ္သက္ဖြယ္ရာျဖစ္ပါတယ္။ ပြဲခ်ိန္ ၈၁ မိနစ္မွာ ဒါဏ္ရာရသြားတာမို႔ အတန္ငယ္စိုးရိမ္ခဲ့ရေပမယ့္ ဒါဏ္ရာက စိတ္ပူစရာမရွိဘူးလို႔ သိထားရတာမို႔ ေတာ္ေသးတယ္ပဲဆိုရမွာပါ။

smith-rowe

၄။ အာတီတာ မွန္သြားခဲ့တဲ့ ေလာင္းကစားတစ္ခု (သို႔) စမစ္-ရိုး

အာတီတာက အသင္းကို စေရာက္ခ်ိန္ကတည္းက စမစ္-ရိုးအေပၚ ေမွ်ာ္လင့္ခ်က္ ၾကီးၾကီးထားခဲ့သူပါ။ ယမန္ႏွစ္ရာသီတုန္းက ဒါဏ္ရာဗရပြနဲ႔ ယူ-၂၃ သင္းက ကစားသမားကို ဟက္ဒါဖီးလ္ဒ္ထံ အငွားခ်ျပီး ၾကံ့ခိုင္မႈ တည္ေဆာက္ေစခဲ့တာ အာတီတာျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေႏြရာသီတုန္းက ရာသီအစမွာတင္ ဒါဏ္ရာရသြားျပန္တာမို႔ အငွားထြက္ကစားခိုင္းဖို႔ ဆံုးျဖတ္ခဲ့တဲ့ အသင္းတာဝန္ရွိသူေတြရဲ႕ ဆံုးျဖတ္ခ်က္ကို ဆန္႔က်င္ျပီး ဒီေကာင္ေလးကို အသင္းမွာ ဆက္ထိမ္းသိမ္းထားခဲ့တာလည္း အာတီတာပါပဲ။ ခုခ်ိန္မွာေတာ့ အာတီတာတစ္ေယာက္ ဒီအက်ိဳးေက်းဇူးေတြကို ခံစားေနရျပီလို႔ပဲ ဆိုရမွာပါ။ လံုေလာက္တဲ့ ျပင္ဆင္မႈေတြ ျပဳလုပ္ေပးျပီးခ်ိန္မွာေတာ့ စမစ္သ္-ရိုးရဲ႕ ေျခစြမ္း ဘယ္ေလာက္ေကာင္းတယ္ဆိုတာကို ပရိတ္သတ္ေတြ မ်က္ဝါးထင္ထင္ေတြ႕ျမင္ေနရပါျပီ။ တခ်ိန္တုန္းက ဒါဏ္ရာ ခဏခဏရတတ္တဲ့ ျဖဴေဖ်ာ့ေဖ်ာ့ေကာင္ေလးဟာ ယမန္ေန႔တုန္းက ဘရိုက္တန္နဲ႔ပြဲစဥ္မွာ ၾကံ့ခိုင္မႈအသားေပးကစားလာတဲ့ ဘရိုက္တန္ခံစစ္တန္းကို အလိမ္အေခါက္ အတိုးအလႈပ္ေတြအျပင္ ခႏၶာကိုယ္ၾကံ့ခိုင္မႈပိုင္း အားျပဳျပီးပါ ရင္ဆုိင္ျပခဲ့ပါတယ္။ စမစ္သ္-ရိုးဟာ ဒီပြဲမတုိင္ခင္ ခ်ယ္လ္ဆီးနဲ႔ပြဲစဥ္တုန္းကလည္း ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကြင္းလယ္အဖ်က္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ ကန္ေတကို ေကာင္းေကာင္းရင္ဆုိင္ျပခဲ့ပါေသးတယ္။ စမစ္သ္-ရိုးဟာ လက္ရွိရာသီမွာ အာဆင္နယ္အသင္းအတြက္ မိနစ္ ၃၀၀ စြန္းစြန္းသာ ပါဝင္ကစားခြင့္ရေသးေပမယ့္ ၁ ဂိုးသြင္းယူျပီး ၃ ဂိုးဖန္တီးေပးထားပါတယ္။ အာတီတာ မွန္သြားခဲ့တဲ့ ေလာင္းေၾကးတစ္ခုလို႔ ဆိုရပါလိမ့္မယ္။

၅။ အာဆင္နယ္ ျပန္လာျပီလား

အေျဖကေတာ့ No ပါ။ ဂန္းနားေတြဟာ ခ်ယ္လ္ဆီးနဲ႔ ဘရိုက္တန္တို႔ကို Back-t-back ႏုိင္ပြဲေတြ ရယူႏုိင္ခဲ့ေပမယ့္ ေျခစြမ္းပိုင္းမွာ ျပင္ဆင္စရာေတြေတာ့ ရွိေနဆဲျဖစ္ပါတယ္။ ေနရာစံုမွာ အားနည္းခ်က္ေတြရွိေနျပီးေတာ့ ခုႏိုင္ပြဲ ၂ ပြဲမွာ အေရးပါခဲ့တာက ကစားကြက္အေျပာင္းအလဲေၾကာင့္ ကစားသမားေတြ ယံုၾကည္မႈပိုျမင့္တက္လာခဲ့တာ၊ မာရီရဲ႕ တည္ျငိမ္တဲ့ ေျခစြမ္း၊ လကာဇက္ ဂိုးေပါက္ျပန္ေတြ႕လာမႈနဲ႔ လူငယ္ၾကယ္ပြင့္ ၃ ေယာက္ရဲ႕ ရံုးကန္အားေတြေၾကာင့္လို႔ ဆိုရမွာပါ။ တကယ္တမ္း အားနည္းခ်က္ေတြကို ေျပာရမယ္ဆိုရင္ေတာ့ ခံစစ္တန္းမွာ ဟိုးလ္ဒင္းနဲ႔ ဘယ္လာရင္တုိ႔ရဲ႕ အၾကားက ေနရာလြတ္ေတြက ခုခ်ိန္အထိ ဒုကၡေပးေနတုန္းျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ ဘယ္ျခမ္းခံစစ္မွာ မာရီ-တီယာနီ၊ ဂါဘရီယယ္-တီယာနီ ဘယ္လိုတြဲဖက္ပြဲထုတ္ပါေစ အဆင္ေျပေနေပမယ့္ ညာျခမ္းမွာေတာ့ ဘယ္လာရင္-ဟိုးလ္ဒင္း၊ ဆိုအာရက္စ္-ဟိုးလ္ဒင္း၊ ဘယ္လာရင္-လူးဝီးစ္ ဘယ္လိုတြဲဖက္ပြဲထုတ္ပါေစ ဟန္ခ်က္ညီမႈ ကင္းမဲ့ေနတာပါ။ ကြင္းလယ္ပိုင္းကေတာ့ ပါေတးျပန္မပါလာႏုိင္မခ်င္း တည္ျငိမ္မႈ ကင္းမဲ့ေနဦးမွာျဖစ္သလို ပါေတးျပန္ပါလာရင္ေတာင္မွ ဂါနာသား ဝန္ထုပ္ဝန္ပိုးမျဖစ္ေအာင္ ကူညီႏုိင္မယ့္ တြဲဖက္သစ္ ရွာေဖြေခၚယူႏုိင္ဖို႔ လိုအပ္ေနပါေသးတယ္။ တုိက္စစ္ပိုင္းမွာေတာ့ ကြင္းလယ္တုိက္စစ္တန္းက လူငယ္ ၃ ေယာက္ရဲ႕ ၾကိဳးစားအားထုတ္မႈေတြေၾကာင့္ တိုးတက္မႈေတြရွိလာေပမယ့္ အသင္းေခါင္းေဆာင္ အူဘာမီယန္းရဲ႕ ေျခစြမ္းကေတာ့ စိတ္ပ်က္စရာေကာင္းေနဆဲပါ။ ဒါေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ရလဒ္ပိုင္းတိုးတက္လာတာမွန္ေပမယ့္ လက္ရွိအားနည္းခ်က္ေတြေၾကာင့္ ေရွ႕လာမယ့္ပြဲစဥ္ေတြမွာ ေသခ်ာအာရံုစိုက္ကစားႏုိင္ဖို႔ လိုအပ္ဦးမွာပါ။ ယံုၾကည္မႈပိုင္းပိုမိုတိုးတက္လာတာေၾကာင့္ ေရွ႕ကာလေတြကလို ဆက္တုိက္ ႏုိင္ပြဲေပ်ာက္ဆံုးတာမ်ိဳးျဖစ္လာဖုိ႔ကေတာ့ ျဖစ္ႏုိင္ေျခနည္းသြားခဲ့ပါျပီ။ ဒါက တိုးတက္မႈလို႔ပဲ ဆိုရမွာပါ။

Leave a Reply