ဘာကြောင့် စမစ်-ရိုးက အာဆင်နယ်ရဲ့ မရှိမဖြစ် ကစားသမား ဖြစ်လာတာလဲ

[UNICODE]

ဗြိတိန်ရဲ့ ထိပ်တန်းသတင်းဌာန တစ်ခုဖြစ်တဲ့ Daily Mail က အာဆင်နယ်အသင်းက လူငယ်ကြယ်ပွင့် ကွင်းလယ်လူ အီမီလီ စမစ်-ရိုးဟာ ဂန်းနားတွေရဲ့ မရှိမဖြစ် ကစားသမား လာဘ်ကောင်ကြယ်ပွင့် ဖြစ်နေပြီလို့ သုံးသပ်ဖော်ပြလိုက်ပါတယ်။

Daily Mail က အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာ စမစ်-ရိုးမပါဝင်ရင် ဒါမှမဟုတ် စမစ်-ရိုးခြေစွမ်းမပြသနိုင်ရင် သွင်းဂိုးရဖို့ခက်ခဲနေတဲ့အချက်ကို ထောက်ပြသွားခဲ့ပြီး နယူးကာဆယ်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်တွေက သက်သေပဲလို့ သုံးသပ်သွားခဲ့တာပါ။

အာဆင်နယ်အသင်းဟာ စမစ်-ရိုးကို ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးရဖို့ရုံးကန်ခဲ့ရပြီး အင်္ဂလိပ်ကွင်းလယ်တိုက်စစ်ကြယ်ပွင့်လေး လူစားဝင်လာမှသာ သွင်းဂိုးတွေရယူနိုင်ခဲ့တာပါ။ ပဲလေ့စ်နဲ့ပွဲစဉ်တုန်းကလည်း စမစ်-ရိုး အချုပ်ခံထားရချိန်မှာ အာဆင်နယ်တိုက်စစ်ဟာ ယခင်ပွဲစဉ်တွေကလောက် ထက်မြက်မှုမရှိတော့တာကလည်း သတိထားစရာအချက်ဖြစ်လာခဲ့ပါတယ်။

စမစ်-ရိုးဟာ လက်ရှိရာသီမှာ အသင်းအတွက် ၁၀ ပွဲပါဝင်ကစားပေးထားပြီး ၂ ဂိုး သွင်းယူကာ ၄ ဂိုးဖန်တီးပေးထားပါတယ်။ အထူးသဖြင့် အာဆင်နယ်အသင်း နောက်ဆုံးရရှိခဲ့တဲ့ သွင်းဂိုး ၁၀ ဂိုးမှာ သူပရဲ့ ပါဝင်ပတ်သက်မှုက ၅ ဂိုး (၄ ဂိုး ဖန်တီး၊ ၁ ဂိုးသွင်း) အထိ ပါဝင်နေခဲ့တာပါ။ ဒါကြောင့်လည်း သူ့ကို မရှိမဖြစ် ကစားသမား လို့ အမွှမ်းတင်နေကြတာပါ။

Daily Mail ရဲ့ ထောက်ပြချက်အရလည်း အာဆင်နယ်အသင်းဟာ စမစ်-ရိုး ပါဝင်ကစားတဲ့ပွဲစဉ်တွေမှာ တစ်ပွဲပျမ်းမျှ ၂ ဂိုးနှုန်း ဂိုးသွင်းနိုင်စွမ်းရှိပေမယ့် သူမပါဝင်တဲ့ပွဲစဉ်တွေမှာတော့ တစ်ပွဲကိုပျမ်းမျှ ဝ.၇၉ ဂိုးသာ သွင်းယူနိုင်တဲ့အထိ အခြေအနေဆိုးရွားနေခဲ့တာပါ။

smith-rowe

ဒါကြောင့်လည်း အသင်းက ဝါရင့်ကွင်းလယ်လူ ဂရာနစ် ရှာခါက အီမီလီ စမစ်-ရိုးဟာ သူတို့အသင်းရဲ့ အဓိက ကစားသမားဖြစ်နေပြီလို့ မီဒီယာတွေကို ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ “သူက ချစ်ဖို့ခင်ဖို့ကောင်းတဲ့ ကောင်လေးပါ။ အရမ်းတော်သလို တိုးတက်မှုကလည်း မြန်ဆန်လွန်းပါတယ်။ သူ့ရဲ့ အားသာချက်က အတွေ့အကြုံရှိတဲ့ လူကြီးတွေဆီကနေ နာယူသင်ကြားတတ်တာပါပဲ။ ခုဆို သူက အသင်းရဲ့ အရေးကြီးကစားသမားဖြစ်လာခဲ့ပါပြီ” လို့ ရှာခါက ပြောဆိုသွားခဲ့တာပါ။

ဘာကြောင့် စမစ်-ရိုးက ခုလိုအရေးပါလာတာလဲဆိုတာကိုလည်း ရှာခါက ခုလို ရှင်းပြသွားခဲ့ပါသေးတယ်။ “ခင်ဗျားတို့ မြင်နိုင်တာပဲ။ သူ ဘယ်လောက် ဘောလုံးတွေ ဆယ်ယူပေးနေတယ်၊ ဘောလုံးတွေ ဖြန့်ဝေပေးနေတယ်ဆိုတာကိုလေ။ သူက တိုက်စစ်အတွက်ရော ကစားကွက်အတွက်ပါ အရေးပါတဲ့သူပါ။ သူက နေ့စဉ်နဲ့အမျှတိုးတက်မှုကို ပြသနိုင်နေတယ်။ ခြေစွမ်းအပြင် စိတ်ထားရင့်ကျက်တည်ငြိမ်မှုပါ ပေါင်းစပ်နိုင်တော့ ခုလို အရမ်းအရေးပါတဲ့ ကစားသမားဖြစ်လာတာပေါ့” လို့လည်း ရှာခါက ဆိုသွားခဲ့ပါသေးတယ်။

အသက် ၂၀ အရွယ်သာရှိသေးတဲ့ အီမီလီ စမစ်-ရိုးဟာ ရာသီအစတုန်းက အငှားချထားခံရဖို့ နီးစပ်ခဲ့သူဖြစ်ပြီး နည်းပြအာတီတာရဲ့ တားဆီးမှုကြောင့်မှာ အသင်းမှာ ဆက်လက်ရှိနေတာဖြစ်ပြီး ဒီကြားကာလမှာ ဒါဏ်ရာပြဿနာတွေနဲ့ စိတ်ပျက်စရာ အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ရပေမယ့် ခုချိန်မှာတော့ အသင်းရဲ့ အရေးအပါဆုံးကစားသမားဖြစ်လာတဲ့အထိ ကြိုးစားအားထုတ်ပြခဲ့သူဖြစ်တယ်လို့ သတင်းမီဒီယာတွေရဲ့ ချီးမွမ်းမှုကို ခံနေရပါတယ်။

Source: Arsenal Media, Daily Mail

[ZAWGYI]

ျဗိတိန္ရဲ႕ ထိပ္တန္းသတင္းဌာန တစ္ခုျဖစ္တဲ့ Daily Mail က အာဆင္နယ္အသင္းက လူငယ္ၾကယ္ပြင့္ ကြင္းလယ္လူ အီမီလီ စမစ္-ရိုးဟာ ဂန္းနားေတြရဲ႕ မရွိမျဖစ္ လာဘ္ေကာင္ကစားသမားျဖစ္ေနျပီလို႔ သံုးသပ္ေဖာ္ျပလိုက္ပါတယ္။

Daily Mail က အာဆင္နယ္အသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ပြဲစဥ္ေတြမွာ စမစ္-ရိုးမပါဝင္ရင္ ဒါမွမဟုတ္ စမစ္-ရိုးေျခစြမ္းမျပသႏုိင္ရင္ သြင္းဂိုးရဖို႔ခက္ခဲေနတဲ့အခ်က္ကို ေထာက္ျပသြားခဲ့ျပီး နယူးကာဆယ္၊ ခရစၥတယ္ပဲေလ့စ္တို႔နဲ႔ရင္ဆုိင္ခဲ့တဲ့ပြဲစဥ္ေတြက သက္ေသပဲလို႔ သံုးသပ္သြားခဲ့တာပါ။

အာဆင္နယ္အသင္းဟာ စမစ္-ရိုးကို ပြဲထြက္ကစားသမားအျဖစ္ အသံုးမျပဳခဲ့တဲ့ နယူးကာဆယ္အသင္းနဲ႔ပြဲစဥ္မွာ ဂိုးရဖို႔ရံုးကန္ခဲ့ရျပီး အဂၤလိပ္ကြင္းလယ္တုိက္စစ္ၾကယ္ပြင့္ေလး လူစားဝင္လာမွသာ သြင္းဂိုးေတြရယူႏုိင္ခဲ့တာပါ။ ပဲေလ့စ္နဲ႔ပြဲစဥ္တုန္းကလည္း စမစ္-ရိုး အခ်ဳပ္ခံထားရခ်ိန္မွာ အာဆင္နယ္တိုက္စစ္ဟာ ယခင္ပြဲစဥ္ေတြကေလာက္ ထက္ျမက္မႈမရွိေတာ့တာကလည္း သတိထားစရာအခ်က္ျဖစ္လာခဲ့ပါတယ္။

စမစ္-ရိုးဟာ လက္ရွိရာသီမွာ အသင္းအတြက္ ၁၀ ပြဲပါဝင္ကစားေပးထားျပီး ၂ ဂိုး သြင္းယူကာ ၄ ဂိုးဖန္တီးေပးထားပါတယ္။ အထူးသျဖင့္ အာဆင္နယ္အသင္း ေနာက္ဆံုးရရွိခဲ့တဲ့ သြင္းဂိုး ၁၀ ဂိုးမွာ သူပရဲ႕ ပါဝင္ပတ္သက္မႈက ၅ ဂိုး (၄ ဂိုး ဖန္တီး၊ ၁ ဂိုးသြင္း) အထိ ပါဝင္ေနခဲ့တာပါ။

Daily Mail ရဲ႕ ေထာက္ျပခ်က္အရလည္း အာဆင္နယ္အသင္းဟာ စမစ္-ရိုး ပါဝင္ကစားတဲ့ပြဲစဥ္ေတြမွာ တစ္ပြဲပ်မ္းမွ် ၂ ဂိုးႏႈန္း ဂိုးသြင္းႏုိင္စြမ္းရွိေပမယ့္ သူမပါဝင္တဲ့ပြဲစဥ္ေတြမွာေတာ့ တစ္ပြဲကိုပ်မ္းမွ် ၀.၇၉ ဂိုးသာ သြင္းယူႏုိင္တဲ့အထိ အေျခအေနဆိုးရြားေနခဲ့တာပါ။

smith-rowe

ဒါေၾကာင့္လည္း အသင္းက ဝါရင့္ကြင္းလယ္လူ ဂရာနစ္ ရွာခါက အီမီလီ စမစ္-ရိုးဟာ သူတို႔အသင္းရဲ႕ အဓိက ကစားသမားျဖစ္ေနျပီလို႔ မီဒီယာေတြကို ဖြင့္ဟခဲ့တာျဖစ္ပါတယ္။ “သူက ခ်စ္ဖို႔ခင္ဖို႔ေကာင္းတဲ့ ေကာင္ေလးပါ။ အရမ္းေတာ္သလို တိုးတက္မႈကလည္း ျမန္ဆန္လြန္းပါတယ္။ သူ႔ရဲ႕ အားသာခ်က္က အေတြ႕အၾကံဳရွိတဲ့ လူၾကီးေတြဆီကေန နာယူသင္ၾကားတတ္တာပါပဲ။ ခုဆို သူက အသင္းရဲ႕ အေရးၾကီးကစားသမားျဖစ္လာခဲ့ပါျပီ” လို႔ ရွာခါက ေျပာဆိုသြားခဲ့တာပါ။

ဘာေၾကာင့္ စမစ္-ရိုးက ခုလိုအေရးပါလာတာလဲဆုိတာကိုလည္း ရွာခါက ခုလို ရွင္းျပသြားခဲ့ပါေသးတယ္။ “ခင္ဗ်ားတုိ႔ ျမင္ႏုိင္တာပဲ။ သူ ဘယ္ေလာက္ ေဘာလံုးေတြ ဆယ္ယူေပးေနတယ္၊ ေဘာလံုးေတြ ျဖန္႔ေဝေပးေနတယ္ဆုိတာကိုေလ။ သူက တုိက္စစ္အတြက္ေရာ ကစားကြက္အတြက္ပါ အေရးပါတဲ့သူပါ။ သူက ေန႔စဥ္နဲ႔အမွ်တိုးတက္မႈကို ျပသႏုိင္ေနတယ္။ ေျခစြမ္းအျပင္ စိတ္ထားရင့္က်က္တည္ျငိမ္မႈပါ ေပါင္းစပ္ႏုိင္ေတာ့ ခုလို အရမ္းအေရးပါတဲ့ ကစားသမားျဖစ္လာတာေပါ့” လို႔လည္း ရွာခါက ဆိုသြားခဲ့ပါေသးတယ္။

အသက္ ၂၀ အရြယ္သာရွိေသးတဲ့ အီမီလီ စမစ္-ရိုးဟာ ရာသီအစတုန္းက အငွားခ်ထားခံရဖို႔ နီးစပ္ခဲ့သူျဖစ္ျပီး နည္းျပအာတီတာရဲ႕ တားဆီးမႈေၾကာင့္မွာ အသင္းမွာ ဆက္လက္ရွိေနတာျဖစ္ျပီး ဒီၾကားကာလမွာ ဒါဏ္ရာျပႆနာေတြနဲ႔ စိတ္ပ်က္စရာ အခုိက္အတန္႔ေတြကို ျဖတ္သန္းခဲ့ရေပမယ့္ ခုခ်ိန္မွာေတာ့ အသင္းရဲ႕ အေရးအပါဆံုးကစားသမားျဖစ္လာတဲ့အထိ ၾကိဳးစားအားထုတ္ျပခဲ့သူျဖစ္တယ္လုိ႔ သတင္းမီဒီယာေတြရဲ႕ ခ်ီးမြမ္းမႈကို ခံေနရပါတယ္။

Source: Arsenal Media, Daily Mail

Leave a Reply