
[UNICODE]
ကွင်းလယ်လူဖြည့်တင်းဖို့ စီစဉ်နေတဲ့ အာဆင်နယ်အသင်းဟာ စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းက အီတလီလက်ရွေးစင် ကွင်းလယ်လူ နီကိုလို ဘာရယ်လာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြလာကြပါတယ်။
ကွင်းထဲမှာ လုပ်အားနှုန်းကောင်းကောင်းနဲ့ မရပ်မနားပြေးလွှားကစားနေတတ်တာကြောင့် Unrest Player နာမည်ကြီးတဲ့ ဘာရယ်လာဟာ အင်တာမီလန်အသင်း စီးရီးအေချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့မှုမှာ လူကာကူ၊ မာတီနက်ဇ်နဲ့ ဟန်ဒါနိုဗစ်တို့လိုပဲ အဓိကျစွာ အရေးပါခဲ့သူပါ။

အင်တာမီလန်အသင်း စီးရီးအေ ချန်ပီယံဖြစ်ခဲ့ပေမယ့် နည်းပြဖြစ်သူ ကွန်တီနဲ့ အသင်းပိုင်ရှင်တွေအကြား သဘောထားမတိုက်ဆိုင်မှုတွေရှိလာပြီး ကွန်တီထွက်ခွာသွားချိန်မှာတော့ မီလန်ကလပ်က အဓိက ကစားသမားတစ်ချို့ပါ အသင်းပြောင်းရွှေ့ဖို့ စီစဉ်မှုတွေရှိလာခဲ့ပြီး တန်ကြေး ပေါင် ၅၈.၅ သန်း သတ်မှတ်ခံထားရတဲ့ ၂၄ နှစ်သား ဘာရယ်လာဟာလည်း အဆိုပါကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ သူတို့ရဲ့အဓိက ကွင်းလယ်လူ သောမတ် ပါတေးနဲ့တွဲဖက်ကစားစေဖို့ ဒေါင်ဒေါင်မြည်ထိပ်တန်းကွင်းလယ်လူ တစ်ဦးဖြည့်တင်းဖို့ စီစဉ်နေတဲ့အသင်းဖြစ်ပြီး အီဗက် ဘစ်ဆူးမား၊ ဂွီဒို ရိုဒရီဂွက်ဇ်၊ ဆန်ဒါ ဘာ့ဂျ်စတဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေတဲ့အသင်းဖြစ်ပါတယ်။ ခုချိန်မှာတော့ သူတို့ရဲ့ ပစ်မှတ်ဟောင်းဖြစ်ပြီး လက်ရှိတခြားပစ်မှတ်တွေထက် ပိုပြီးအဆင့်အတန်းမြင့်မားတဲ့ ဘာရယ်လာဘက်ကို မြှားဦးလှည့်လာခဲ့ပြီလို့ ဆိုရမှာပါ။

အင်တာမီလန် ဂန္တဝင်ဟောင်း ဂူဆက်ပီ ဘာဂိုမီကတော့ ဘာရယ်လာကို ခေါ်ယူနိုင်တဲ့အသင်းဟာ အလွန်အကျိုးရှိလိမ့်မယ်လို့ ဆိုထားပတယ်။ “လူတိုင်းက အင်တာဆိုတာနဲ့ လူကာကူ အကြောင်းကို အဓိကပြောကြပေမယ့် ကျွန်တော်ကတော့ ဘာရယ်လာက ပိုအရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ သူ့ရဲ့ ခြေစွမ်းတည်ငြိမ်မှု၊ တစ်ဦးချင်းအရည်အသွေးနဲ့ စရိုက်လက္ခဏာတွေက အင်တာမီလန်အသင်းရဲ့ အောင်ပွဲမှာ အရမ်းအခရာကျပါတယ်။ သူက ကွင်းလယ်တစ်ကြောလုံးမှာ နေရာစုံကစားနိုင်တဲ့သူမျိုးပါ။ သူက ဘယ်အသင်းကိုရောက်ရောက် အရေးပါတဲ့အစိတ်အပိုင်းဖြစ်နေမှာ သေချာနေတဲ့သူမျိုးပါ” လို့ ဘာဂိုမီက ဆိုခဲ့ပါတယ်။
အီတလီလက်ရွေးစင် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီတုန်းက အင်တာမီလန်အသင်းအတွက် ပွဲစဉ်ပေါင်း ၅၂ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၄ ဂိုးသွင်းယူကာ ၉ ဂိုးဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။
Source: La Gazzetta dello Sport
[ZAWGYI]
ကြင္းလယ္လူျဖည့္တင္းဖို႔ စီစဥ္ေနတဲ့ အာဆင္နယ္အသင္းဟာ စီးရီးေအခ်န္ပီယံ အင္တာမီလန္အသင္းက အီတလီလက္ေရြးစင္ ကြင္းလယ္လူ နီကိုလို ဘာရယ္လာကို ေခၚယူဖုိ႔ စိတ္ဝင္စားေနတယ္လုိ႔ အီတလီမီဒီယာေတြက ေဖာ္ျပလာၾကပါတယ္။
ကြင္းထဲမွာ လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ မရပ္မနားေျပးလႊားကစားေနတတ္တာေၾကာင့္ Unrest Player နာမည္ၾကီးတဲ့ ဘာရယ္လာဟာ အင္တာမီလန္အသင္း စီးရီးေအခ်န္ပီယံဆုကို ျပန္လည္ရယူႏုိင္ခဲ့မႈမွာ လူကာကူ၊ မာတီနက္ဇ္နဲ႔ ဟန္ဒါႏိုဗစ္တို႔လိုပဲ အဓိက်စြာ အေရးပါခဲ့သူပါ။

အင္တာမီလန္အသင္း စီးရီးေအ ခ်န္ပီယံျဖစ္ခဲ့ေပမယ့္ နည္းျပျဖစ္သူ ကြန္တီနဲ႔ အသင္းပိုင္ရွင္ေတြအၾကား သေဘာထားမတုိက္ဆုိင္မႈေတြရွိလာျပီး ကြန္တီထြက္ခြာသြားခ်ိန္မွာေတာ့ မီလန္ကလပ္က အဓိက ကစားသမားတစ္ခ်ိဳ႕ပါ အသင္းေျပာင္းေရႊ႕ဖို႔ စီစဥ္မႈေတြရွိလာခဲ့ျပီး တန္ေၾကး ေပါင္ ၅၈.၅ သန္း သတ္မွတ္ခံထားရတဲ့ ၂၄ ႏွစ္သား ဘာရယ္လာဟာလည္း အဆုိပါကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။
အာဆင္နယ္အသင္းဟာ သူတို႔ရဲ႕အဓိက ကြင္းလယ္လူ ေသာမတ္ ပါေတးနဲ႔တြဲဖက္ကစားေစဖို႔ ေဒါင္ေဒါင္ျမည္ထိပ္တန္းကြင္းလယ္လူ တစ္ဦးျဖည့္တင္းဖို႔ စီစဥ္ေနတဲ့အသင္းျဖစ္ျပီး အီဗက္ ဘစ္ဆူးမား၊ ဂီြဒို ရိုဒရီဂြက္ဇ္၊ ဆန္ဒါ ဘာ့ဂ်္စတဲ့ ကစားသမားေတြကို ပစ္မွတ္ထားေနတဲ့အသင္းျဖစ္ပါတယ္။ ခုခ်ိန္မွာေတာ့ သူတို႔ရဲ႕ ပစ္မွတ္ေဟာင္းျဖစ္ျပီး လက္ရွိတျခားပစ္မွတ္ေတြထက္ ပိုျပီးအဆင့္အတန္းျမင့္မားတဲ့ ဘာရယ္လာဘက္ကို ျမွားဦးလွည့္လာခဲ့ျပီလို႔ ဆိုရမွာပါ။

အင္တာမီလန္ ဂႏၱဝင္ေဟာင္း ဂူဆက္ပီ ဘာဂိုမီကေတာ့ ဘာရယ္လာကို ေခၚယူႏိုင္တဲ့အသင္းဟာ အလြန္အက်ိဳးရွိလိမ့္မယ္လုိ႔ ဆုိထားပတယ္။ “လူတုိင္းက အင္တာဆိုတာနဲ႔ လူကာကူ အေၾကာင္းကို အဓိကေျပာၾကေပမယ့္ ကၽြန္ေတာ္ကေတာ့ ဘာရယ္လာက ပိုအေရးၾကီးတယ္လုိ႔ ဆိုခ်င္ပါတယ္။ သူ႕ရဲ႕ ေျခစြမ္းတည္ျငိမ္မႈ၊ တစ္ဦးခ်င္းအရည္အေသြးနဲ႔ စရိုက္လကၡဏာေတြက အင္တာမီလန္အသင္းရဲ႕ ေအာင္ပြဲမွာ အရမ္းအခရာက်ပါတယ္။ သူက ကြင္းလယ္တစ္ေၾကာလံုးမွာ ေနရာစံုကစားႏုိင္တဲ့သူမ်ိဳးပါ။ သူက ဘယ္အသင္းကိုေရာက္ေရာက္ အေရးပါတဲ့အစိတ္အပိုင္းျဖစ္ေနမွာ ေသခ်ာေနတဲ့သူမ်ိဳးပါ” လို႔ ဘာဂိုမီက ဆိုခဲ့ပါတယ္။
အီတလီလက္ေရြးစင္ ကြင္းလယ္လူဟာ ျပီးခဲ့တဲ့ရာသီတုန္းက အင္တာမီလန္အသင္းအတြက္ ပြဲစဥ္ေပါင္း ၅၂ ပြဲအထိ ပါဝင္ကစားေပးခဲ့ျပီး ၄ ဂိုးသြင္းယူကာ ၉ ဂိုးဖန္တီးေပးႏုိင္ခဲ့သူျဖစ္ပါတယ္။
Source: La Gazzetta dello Sport