ဘာလိုဂန်ရဲ့ အနာဂတ်အကြောင်း ထုတ်ပြောလာတဲ့ အာတီတာ

[UNICODE]

အသင်းမှာ ခြေစွမ်းပြသနေတဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်နဲ့ စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်လို့ မီဒီယာတွေက မေးမြန်းခဲ့ရာမှာ ကစားသမားရဲ့ အနာဂတ်ဟာ အာဆင်နယ်မှာဆက်ရှိနေဖို့ နီးစပ်နေပြီလို့ နည်းပြဖြစ်သူ မီခယ် အာတီတာက ပြောဆိုသွားခဲ့ပါသေးတယ်။

“ကျွန်တော်တို့ ကာယကံရှင်ကစားသမားနဲ့ ဆွေးနွေးမှုတစ်ချို့ ဆက်ပြီး ပြုလုပ်နေပါတယ်။ အသင်းမှာ သူ့ကို ဆက်ရှိနေစေချင်တယ်ဆိုတာကို သူကိုယ်တိုင်လည်း သိထားပါတယ်။ နောက်ပြီး စာချုပ်သက်တမ်း လက်ကျန်အခြေအနေကိုရောပေါ့” လို့ အာတီတာက ဆိုသွားခဲ့ပါတယ်။

“ဒီကိစ္စအတွက် အကောင်းဆုံး အဖြေကို ကျွန်တော်တို့ ပူးပေါင်း ရှာဖွေနေကြပါတယ်။ ကျွန်တော်တို့မှာ ဆန္ဒရှိနေသလို သူကိုယ်တိုင်ကလည်း အသင်းမှာ ဆက်ရှိချင်နေတာပါ။ သိပ်မကြာခင်မှာ အပြီးသတ် သဘောတူညီချက်ရရှိတော့မယ်လို့ မျှော်လင့်ရပါတယ်” လို့ စပိန်လူမျိုးနည်းပြက ဒန်ဒါ့ခ်နဲ့ပွဲစဉ်အပြီးမှာ ပြောဆိုသွားခဲ့တာပါ။

ဒါ့အပြင် ပါဝင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ် ၄ ပွဲမှာ အသင်းအတွက် ၆၁ မိနစ်သာပါဝင်ကစားပေးရသေးပေမယ့် သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးထားနိုင်နေပြီဖြစ်တဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ဟာ ရင့်ကျက်တဲ့ကစားသမားဖြစ်လာနေပြီလို့လည်း ဒန်းဒါ့ခ်နဲ့ပွဲစဉ်အပြီးမှာ နည်းပြအာတီတာက ချီးမွမ်းပြောဆိုသွားပါသေးတယ်။

“ဖလိုက အရမ်းကို ကောင်းကောင်း စွမ်းဆောင်ပြခဲ့ပါတယ်။ သူပါဝင်ကစားခဲ့တဲ့မိနစ်တိုင်းမှာ အရည်အသွေးကို ထုတ်ပြနိုင်ခဲ့တာပါ။ သူက ဒီနေ့မှာတော့ တကယ့်ကို စူပါကစားသမားပါပဲ။ ပြိုင်ဘက်တွေကို ထပ်ပြီး ဒုက္ခပေးနိုင်ခဲ့ပြန်ပါတယ်။ တစ်ဂိုးသွင်းနိုင်ခဲ့သလို အသင်းဖော်အတွက်လည်း ၁ ဂိုး ဖန်တီးပေးခဲ့တာပါ။ သူ့အနေနဲ့ တကယ်ကိုကောင်းကောင်းရှင်သန်နိုင်နေပြီး ရင့်ကျက်မှုလည်း ရှိလာနေပါပြီ” လို့ အာတီတာကဆိုသွားခဲ့ပါတယ်။

Source: Arsenal

[ZAWGYI]

အသင္းမွာ ေျခစြမ္းျပသေနတဲ့ လူငယ္တုိက္စစ္မွဴး ဖိုလာရင္ ဘာလိုဂန္နဲ႔ စာခ်ဳပ္သစ္ကိစၥနဲ႔ ပတ္သက္လို႔ မီဒီယာေတြက ေမးျမန္းခဲ့ရာမွာ ကစားသမားရဲ႕ အနာဂတ္ဟာ အာဆင္နယ္မွာဆက္ရွိေနဖို႔ နီးစပ္ေနျပီလို႔ နည္းျပျဖစ္သူ မီခယ္ အာတီတာက ေျပာဆိုသြားခဲ့ပါေသးတယ္။

“ကၽြန္ေတာ္တို႔ ကာယကံရွင္ကစားသမားနဲ႔ ေဆြးေႏြးမႈတစ္ခ်ိဳ႕ ဆက္ျပီး ျပဳလုပ္ေနပါတယ္။ အသင္းမွာ သူ႔ကို ဆက္ရွိေနေစခ်င္တယ္ဆိုတာကို သူကိုယ္တိုင္လည္း သိထားပါတယ္။ ေနာက္ျပီး စာခ်ဳပ္သက္တမ္း လက္က်န္အေျခအေနကိုေရာေပါ့” လို႔ အာတီတာက ဆိုသြားခဲ့ပါတယ္။

“ဒီကိစၥအတြက္ အေကာင္းဆံုး အေျဖကို ကၽြန္ေတာ္တို႔ ပူးေပါင္း ရွာေဖြေနၾကပါတယ္။ ကၽြန္ေတာ္တို႔မွာ ဆႏၵရွိေနသလို သူကိုယ္တုိင္ကလည္း အသင္းမွာ ဆက္ရွိခ်င္ေနတာပါ။ သိပ္မၾကာခင္မွာ အျပီးသတ္ သေဘာတူညီခ်က္ရရွိေတာ့မယ္လုိ႔ ေမွ်ာ္လင့္ရပါတယ္” လို႔ စပိန္လူမ်ိဳးနည္းျပက ဒန္ဒါ့ခ္နဲ႔ပြဲစဥ္အျပီးမွာ ေျပာဆိုသြားခဲ့တာပါ။

ဒါ့အျပင္ ပါဝင္ကစားခဲ့တဲ့ ယူရိုပါလိဂ္ပြဲစဥ္ ၄ ပြဲမွာ အသင္းအတြက္ ၆၁ မိနစ္သာပါဝင္ကစားေပးရေသးေပမယ့္ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ၾကိမ္ျပဳလုပ္ေပးထားႏုိင္ေနျပီျဖစ္တဲ့ လူငယ္တုိက္စစ္မွဴး ဖိုလာရင္ ဘာလိုဂန္ဟာ ရင့္က်က္တဲ့ကစားသမားျဖစ္လာေနျပီလို႔လည္း ဒန္းဒါ့ခ္နဲ႔ပြဲစဥ္အျပီးမွာ နည္းျပအာတီတာက ခ်ီးမြမ္းေျပာဆိုသြားပါေသးတယ္။

“ဖလိုက အရမ္းကို ေကာင္းေကာင္း စြမ္းေဆာင္ျပခဲ့ပါတယ္။ သူပါဝင္ကစားခဲ့တဲ့မိနစ္တိုင္းမွာ အရည္အေသြးကို ထုတ္ျပႏိုင္ခဲ့တာပါ။ သူက ဒီေန႔မွာေတာ့ တကယ့္ကို စူပါကစားသမားပါပဲ။ ျပိဳင္ဘက္ေတြကို ထပ္ျပီး ဒုကၡေပးႏုိင္ခဲ့ျပန္ပါတယ္။ တစ္ဂိုးသြင္းႏုိင္ခဲ့သလုိ အသင္းေဖာ္အတြက္လည္း ၁ ဂိုး ဖန္တီးေပးခဲ့တာပါ။ သူ႔အေနနဲ႔ တကယ္ကိုေကာင္းေကာင္းရွင္သန္ႏုိင္ေနျပီး ရင့္က်က္မႈလည္း ရွိလာေနပါျပီ” လို႔ အာတီတာကဆိုသြားခဲ့ပါတယ္။

Source: Arsenal

Leave a Reply