
[UNICODE]
အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ကိစ္စ လိပ်ခဲတည်းလဲဖြစ်နေတဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ဟာ အသင်းမှာဆက်ကစားသွားဖို့ ဆန္ဒရှိနေပေမယ့် အေးဂျင့်ဖြစ်သူတွေကြောင့် ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်နေတယ်လို့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက ပြောဆိုလိုက်ပါတယ်။
အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၆ လ နီးပါးသာကျန်ရှိတော့သူဖြစ်ပြီး အသင်းနဲ့စာချုပ်သစ်မချုပ်ဆိုဖြစ်ဘူးဆိုရင် ရာသီကုန်မှာ အလွတ်ထွက်ခွာဖို့ ပြိုင်ဘက်အသင်းတွေနဲ့ ဆွေးနွေးခွင့်ရရှိထားသူဖြစ်ပါတယ်။ လက်တလောမှာလည်း ဘာလိုဂန်ကို ခေါ်ယူဖို့ လီဗာပူးလ်၊ ဆွမ်ဆီးနဲ့ ဆောက်သမ်တန်အပါအဝင် အင်္ဂလန်၊ နယ်သာလန်၊ အီတလီနဲ့ ဂျာမနီကလပ်တွေက အပြိုင်ကြိုးပမ်းနေကြတာပါ။

နည်းပြဖြစ်သူ မီခယ် အာတီတာကတော့ ဘာလိုဂန်ကို အသင်းမှာဆက်လက်ထိမ်းသိမ်းလိုကြောင်း အတိတလင်း ထပ်မံပြောဆိုခဲ့သလို စာချုပ်ကိစ္စ ညှိနှိုင်းမှုတွေ ဘာကြောင့် အဆင်မပြေဖြစ်နေတယ်ဆိုတာကိုလည်း ခုလို ပြောဆိုသွားပါတယ်။
“ပြောရမယ်ဆိုရင် ဒီကိစ္စက သုံးဦးသုံးဖလှယ် ညှိနှိုင်းနေရတဲ့ ကိစ္စပါ။ သေချာတာကတော့ အသင်းက စာချုပ်သက်တမ်းတိုးချင်ပါတယ်။ ကစားသမားကလည်း အသင်းမှာ နေချင်ပါတယ်။ ဒါပေမယ့် အေးဂျင့်နဲ့ ပတ်သက်လို့တော့ ကျွန်တော်လည်း မသေချာပါဘူး။ သူက နှောင့်ယှက်နေတယ်လို့တော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အကြားမှာ သူနဲ့ပဲ ညှိနှိုင်းမရဖြစ်နေတာပါ။” လို့ စပိန်လူမျိုးနည်းပြကဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ အသင်းမှာ ဆက်နေချင်နေတဲ့ ကစားသမားနဲ့လည်း ဆွေးနွေးနေရသလို အေးဂျင့်ဖြစ်သူနဲ့လည်း သပ်သပ်ထပ်ဆွေးနွေးနေရပါတယ်။ ကျွန်တော်ပြောနိုင်တာကတော့ သူ့ကို အသင်းမှာဆက်ပြီး ထိမ်းသိမ်းနိုင်ဖို့ နည်းလမ်းမျိုးစုံသုံးသွားမှာပါ။ တဖက်မှာလည်း တခြားတဖက်ကလူတွေ (အေးဂျင့်တွေ) က သူတို့ရဲ့ အကျိုးစီးပွားအတွက် ကျွန်တော်တို့ကို ဆန့်ကျင်ချင်နေကြပါတယ်။ တကယ်တော့ ကစားသမားရဲ့ ဆန္ဒက အရေးအကြီးဆုံးပါ။ သူက အသင်းမှာဆက်နေချင်သလို အသင်းနဲ့လည်း အောင်မြင်မှုတွေ ရယူချင်နေတာပါ” လို့ နည်းပြဖြစ်သူ မီခယ် အာတီတာက ဆိုသွားခဲ့ပါတယ်။
ဘာလိုဂန်ဟာ ဂန်းနားတွေအတွက် ယူရိုပါလိဂ်မှာ ၄ ပွဲပါဝင်ကစားပေးထားပြီး စုစုပေါင်းပွဲကစားချိန် ၆၁ မိနစ်သာရှိပေမယ့် သွင်းဂိုး ၂ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးပေးထားနိုင်တဲ့အထိ ခြေစွမ်းကောင်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။
Source: Goal
[ZAWGYI]
အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ကိစၥ လိပ္ခဲတည္းလဲျဖစ္ေနတဲ့ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂန္ဟာ အသင္းမွာဆက္ကစားသြားဖို႔ ဆႏၵရွိေနေပမယ့္ ေအးဂ်င့္ျဖစ္သူေတြေၾကာင့္ ေဆြးေႏြးမႈေတြ အဆင္မေျပျဖစ္ေနတယ္လုိ႔ အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက ေျပာဆိုလိုက္ပါတယ္။
အသက္ ၁၉ ႏွစ္အ႐ြယ္သာရွိေသးတဲ့ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂန္ဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၆ လ နီးပါးသာက်န္ရွိေတာ့သူျဖစ္ျပီး အသင္းနဲ႔စာခ်ဳပ္သစ္မခ်ဳပ္ဆိုျဖစ္ဘူးဆိုရင္ ရာသီကုန္မွာ အလြတ္ထြက္ခြာဖို႔ ျပိဳင္ဘက္အသင္းေတြနဲ႔ ေဆြးေႏြးခြင့္ရရွိထားသူျဖစ္ပါတယ္။ လက္တေလာမွာလည္း ဘာလိုဂန္ကို ေခၚယူဖို႔ လီဗာပူးလ္၊ ဆြမ္ဆီးနဲ႔ ေဆာက္သမ္တန္အပါအဝင္ အဂၤလန္၊ နယ္သာလန္၊ အီတလီနဲ႔ ဂ်ာမနီကလပ္ေတြက အျပိဳင္ၾကိဳးပမ္းေနၾကတာပါ။

နည္းျပျဖစ္သူ မီခယ္ အာတီတာကေတာ့ ဘာလိုဂန္ကို အသင္းမွာဆက္လက္ထိမ္းသိမ္းလိုေၾကာင္း အတိတလင္း ထပ္မံေျပာဆိုခဲ့သလို စာခ်ဳပ္ကိစၥ ညွိႏိႈင္းမႈေတြ ဘာေၾကာင့္ အဆင္မေျပျဖစ္ေနတယ္ဆုိတာကိုလည္း ခုလို ေျပာဆိုသြားပါတယ္။
“ေျပာရမယ္ဆိုရင္ ဒီကိစၥက သံုးဦးသံုးဖလွယ္ ညွိႏိႈင္းေနရတဲ့ ကိစၥပါ။ ေသခ်ာတာကေတာ့ အသင္းက စာခ်ဳပ္သက္တမ္းတိုးခ်င္ပါတယ္။ ကစားသမားကလည္း အသင္းမွာ ေနခ်င္ပါတယ္။ ဒါေပမယ့္ ေအးဂ်င့္နဲ႔ ပတ္သက္လို႔ေတာ့ ကၽြန္ေတာ္လည္း မေသခ်ာပါဘူး။ သူက ေႏွာင့္ယွက္ေနတယ္လုိ႔ေတာ့ ကၽြန္ေတာ္ မေျပာခ်င္ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔အၾကားမွာ သူနဲ႔ပဲ ညွိႏိႈင္းမရျဖစ္ေနတာပါ။” လို႔ စပိန္လူမ်ိဳးနည္းျပကဆိုပါတယ္။

ဆက္လက္ျပီးေတာ့လည္း “ကၽြန္ေတာ္တို႔ အသင္းမွာ ဆက္ေနခ်င္ေနတဲ့ ကစားသမားနဲ႔လည္း ေဆြးေႏြးေနရသလို ေအးဂ်င့္ျဖစ္သူနဲ႔လည္း သပ္သပ္ထပ္ေဆြးေႏြးေနရပါတယ္။ ကၽြန္ေတာ္ေျပာႏိုင္တာကေတာ့ သူ႔ကို အသင္းမွာဆက္ျပီး ထိမ္းသိမ္းႏိုင္ဖို႔ နည္းလမ္းမ်ိဳးစံုသံုးသြားမွာပါ။ တဖက္မွာလည္း တျခားတဖက္ကလူေတြ (ေအးဂ်င့္ေတြ) က သူတို႔ရဲ႕ အက်ိဳးစီးပြားအတြက္ ကၽြန္ေတာ္တို႔ကို ဆန္႔က်င္ခ်င္ေနၾကပါတယ္။ တကယ္ေတာ့ ကစားသမားရဲ႕ ဆႏၵက အေရးအၾကီးဆံုးပါ။ သူက အသင္းမွာဆက္ေနခ်င္သလို အသင္းနဲ႔လည္း ေအာင္ျမင္မႈေတြ ရယူခ်င္ေနတာပါ” လို႔ နည္းျပျဖစ္သူ မီခယ္ အာတီတာက ဆိုသြားခဲ့ပါတယ္။
ဘာလိုဂန္ဟာ ဂန္းနားေတြအတြက္ ယူ႐ိုပါလိဂ္မွာ ၄ ပြဲပါဝင္ကစားေပးထားျပီး စုစုေပါင္းပြဲကစားခ်ိန္ ၆၁ မိနစ္သာရွိေပမယ့္ သြင္းဂိုး ၂ ဂိုးသြင္းယူကာ ၁ ဂိုးဖန္တီးေပးထားႏိုင္တဲ့အထိ ေျခစြမ္းေကာင္းျပသႏိုင္ခဲ့သူျဖစ္ပါတယ္။
Source: Goal