
[UNICODE]
အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်တစ်ယောက် အသင်းကနေ ထွက်ခွာဖို့ အသင်းသစ်ရှာဖွေနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပါတယ်။
မီဒီယာတွေ ဖော်ပြနေကြတဲ့ သတင်းတွေမှာ ဖိုလာရင် ဘာလိုဂန်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့အသင်း ၁၅ သင်းအထိရှိနေပြီး အဆိုပါအသင်းတွေထဲက ပြည်ပကလပ်အသင်းတသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီချက် ရရှိထားပြီလို့လည်း ဖော်ပြနေကြတာပါ။

ဒါနဲ့ ပတ်သက်ပြီး နည်းပြအာတီတာက ခုလိုပြောဆိုသွားခဲ့ပါတယ်။ “(ဘာလိုဂန် အသင်းသစ်ရှာနေပြီဆိုတာ) မဟုတ်ပါဘူး။ သူ့နဲ့ ကျွန်တော်တို့အကြား အခြေအနေက စာချုပ်သစ်မှာ လက်မှတ်မထိုးရသေးတာပဲရှိတာပါ။ သူအသင်းမှာ ဆက်ရှိနေဖို့ ကျွန်တော် နားချနေပါတယ်။ သူက အသင်းရဲ့ အနာဂတ်မှာ အရေးပါလာမယ့် ကစားသမားပါ။ သူ ပထမအသင်းနဲ့ လေ့ကျင့်ခွင့်ရပြီးချိန်မှာ နေ့တိုင်း ပိုတိုးတက်လာနေပါတယ်။ သူက အောင်ပွဲတွေကို ဆာလောင်သလို ကျွန်တော်တို့နဲ့ အတူရှိနေချင်စိတ်ကိုလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသထားသူပါ။ ဒီအခြေအနေမှာ ကိစ္စတွေကို အပြီးဖြတ်နိုင်ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်” လို့ အာတီတာကဆိုခဲ့ပါတယ်။
ဒါ့အပြင် “သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ သူ့ရဲ့ ကစားသမားဘဝကို တစ်ဆင့်ချင်းမြှင့်တင်ပေးသွားမှာပါ။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာဆိုရင် သူအများကြီး လှမ်းလျှောက်နိုင်ခဲ့ပါတယ်။ ကစားပွဲတစ်ချို့မှာ ကောင်းကောင်း ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဒီလိုကစားသမားမျိုးကို ကျွန်တော်တို့ လက်လွှတ်မခံချင်ပါဘူး။ ရတဲ့နည်းနဲ့ အသင်းမှာ ဆက်ရှိနေဖို့ ကြိုးပမ်းသွားမှာပါ” လို့လည်း စပိန်လူမျိုးနည်းပြဖြစ်သူက ပြောသွားခဲ့ပါသေးတယ်။

ဘာလိုဂန်ကို လုံလောက်တဲ့ ပွဲကစားခွင့်လက်တလောမှာ မပေးနိုင်သေးတာဟာ ရှေ့မှာရှိနေတဲ့ စီနီယာကစားသမားတွေကို လေးစားမှုထားဖို့ လိုအပ်နေတာကြောင့်ဖြစ်တယ်လို့ အာတီတာက ဆက်လက်ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ ခုထက်ပိုပြီး အခွင့်အရေးပေးသွားဖို့လည်း အစီအစဉ်ဆွဲနေတယ်လို့ ပြောသွားခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ် လူငယ်တိုက်စစ်မှူးလေး ဖိုလာရင် ဘာလိုဂန်ဟာ လက်ရှိရာသီမှာမှ အသင်းကြီးထံ စတင်ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ၄ ပွဲပါဝင်ကစားပေးထားရာမှာ ၂ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးမှုပြုလုပ်ပေးထားသူဖြစ်ပါတယ်။
Source: Goal, Metro
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက လူငယ္တုိက္စစ္မွဴး ဖိုလာရင္ ဘာလိုဂန္တစ္ေယာက္ အသင္းကေန ထြက္ခြာဖို႔ အသင္းသစ္ရွာေဖြေနတယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆိုလုိက္ပါတယ္။
မီဒီယာေတြ ေဖာ္ျပေနၾကတဲ့ သတင္းေတြမွာ ဖိုလာရင္ ဘာလိုဂန္ကို ေခၚယူဖို႔ ကမ္းလွမ္းထားတဲ့အသင္း ၁၅ သင္းအထိရွိေနျပီး အဆုိပါအသင္းေတြထဲက ျပည္ပကလပ္အသင္းတသင္းထံ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီခ်က္ ရရွိထားျပီလို႔လည္း ေဖာ္ျပေနၾကတာပါ။

ဒါနဲ႔ ပတ္သက္ျပီး နည္းျပအာတီတာက ခုလိုေျပာဆိုသြားခဲ့ပါတယ္။ “(ဘာလိုဂန္ အသင္းသစ္ရွာေနျပီဆိုတာ) မဟုတ္ပါဘူး။ သူ႔နဲ႔ ကၽြန္ေတာ္တို႔အၾကား အေျခအေနက စာခ်ဳပ္သစ္မွာ လက္မွတ္မထိုးရေသးတာပဲရွိတာပါ။ သူအသင္းမွာ ဆက္ရွိေနဖို႔ ကၽြန္ေတာ္ နားခ်ေနပါတယ္။ သူက အသင္းရဲ႕ အနာဂတ္မွာ အေရးပါလာမယ့္ ကစားသမားပါ။ သူ ပထမအသင္းနဲ႔ ေလ့က်င့္ခြင့္ရျပီးခ်ိန္မွာ ေန႔တုိင္း ပိုတိုးတက္လာေနပါတယ္။ သူက ေအာင္ပြဲေတြကို ဆာေလာင္သလို ကၽြန္ေတာ္တို႔နဲ႔ အတူရွိေနခ်င္စိတ္ကိုလည္း ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ျပသထားသူပါ။ ဒီအေျခအေနမွာ ကိစၥေတြကို အျပီးျဖတ္ႏုိင္ဖို႔ ကၽြန္ေတာ္တို႔ စီစဥ္ေနပါတယ္” လို႔ အာတီတာကဆိုခဲ့ပါတယ္။
ဒါ့အျပင္ “သူ႔ကို အသင္းမွာ ဆက္ရွိေစခ်င္ပါတယ္။ သူ႔ရဲ႕ ကစားသမားဘဝကို တစ္ဆင့္ခ်င္းျမွင့္တင္ေပးသြားမွာပါ။ ျပီးခဲ့တဲ့လအနည္းငယ္အတြင္းမွာဆိုရင္ သူအမ်ားၾကီး လွမ္းေလွ်ာက္ႏုိင္ခဲ့ပါတယ္။ ကစားပြဲတစ္ခ်ိဳ႕မွာ ေကာင္းေကာင္း ပါဝင္ကစားႏုိင္ခဲ့ပါတယ္။ ဒီလိုကစားသမားမ်ိဳးကို ကၽြန္ေတာ္တို႔ လက္လႊတ္မခံခ်င္ပါဘူး။ ရတဲ့နည္းနဲ႔ အသင္းမွာ ဆက္ရွိေနဖို႔ ၾကိဳးပမ္းသြားမွာပါ” လို႔လည္း စပိန္လူမ်ိဳးနည္းျပျဖစ္သူက ေျပာသြားခဲ့ပါေသးတယ္။

ဘာလိုဂန္ကို လံုေလာက္တဲ့ ပြဲကစားခြင့္လက္တေလာမွာ မေပးႏုိင္ေသးတာဟာ ေရွ႕မွာရွိေနတဲ့ စီနီယာကစားသမားေတြကို ေလးစားမႈထားဖို႔ လိုအပ္ေနတာေၾကာင့္ျဖစ္တယ္လုိ႔ အာတီတာက ဆက္လက္ေျပာဆိုခဲ့ျပီး ေနာက္ပိုင္းမွာ ခုထက္ပိုျပီး အခြင့္အေရးေပးသြားဖို႔လည္း အစီအစဥ္ဆြဲေနတယ္လုိ႔ ေျပာသြားခဲ့ပါတယ္။
အသက္ ၁၉ ႏွစ္အရြယ္ လူငယ္တုိက္စစ္မွဴးေလး ဖိုလာရင္ ဘာလိုဂန္ဟာ လက္ရွိရာသီမွာမွ အသင္းၾကီးထံ စတင္ေရာက္ရွိလာသူျဖစ္ျပီး အသင္းအတြက္ ၄ ပြဲပါဝင္ကစားေပးထားရာမွာ ၂ ဂိုးသြင္းယူကာ ၁ ဂိုးဖန္တီးမႈျပဳလုပ္ေပးထားသူျဖစ္ပါတယ္။
Source: Goal, Metro