ဘီးစပ်ရွက် က အခုလို ဆေးဖက်ဝင်ပါတယ်

ဘီးစပ်ပင် (Chromolaena Odorat) ဆိုတဲ့ အပင်နာမည်ကို မရင်းနှီးတဲ့သူတွေ ရှိနိုင်ပေမယ့် အတော်များများကတော့ ရင်းနှီးနေပြီးသားတောင် ဖြစ်နိုင်ပါတယ်။ အရင်က မရင်းနှီးခဲ့ရင်တောင် အခုတလောတော့ ဘီးစပ်ရွက် က ကိုဗစ်ကို သက်သာစေတယ်ဆိုပြီး နာမည်ကြီးလာတာကြောင့် ကြားဖူးနားဝတော့ ရှိနေနိုင်ပါတယ်။

ဘီးစပ်ရွက်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် ကိုဗစ်ကိုတော့ မသက်သာစေနိုင်သလို ကာလည်း မကာကွယ်နိုင်ပါဘူး။ ဘီးစပ်ရွက်က ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဘီးစပ်ရွက် ဆိုတာ

ဘီးစပ်ရွက်ဆိုတာက အပင်ငယ် တစ်မျိုးပါ။ မြင်နေကျ အခြားအပင်တွေနဲ့ မတူပါဘူး။ အရွက်လေးက ဘဲဥပုံလေး ရှိပြီး အရွက်လေးတွေမှာ မွှေးညှင်းပါးပါးလေးတွေ ပါပါတယ်။ အနားဘေးဘက်လေးတွေမှာ အချွန်းလေးတွေပါနေတတ်ပါတယ်။ နှစ်စဉ် နွေရာသီမှာ အပွင့်လေးတွေ ပွင့်တတ်ပါတယ်။

ပင်လယ်ရေ မျက်နှာပြင် အထက် ၁၀၀၀ ကနေ ၂၈၀၀ လောက်မှာ ပေါက်ရောက်တတ်ပါတယ်။ နေရောင် ရရင် ကြီးထွားတာ မြန်ပါတယ်။

ဘီးစပ်ရွက်မှာ ဘာတွေပါ

ဘီးစပ်ရွက်မှာ

Pheno

Alkaloids

Triterpenoid

Tannin

Flavonoid

Limonenတို့ပါဝင်ပါတယ်။

ဘီးစပ်ရွက် က အခုလို ဆေးဖက်ဝင်ပါတယ်

ဘီးစပ်ရွက်မှာ အခုလို ဆေးဖက်ဝင်ပါတယ်။ ဘာတွေများ ဖြစ်မလဲ။

အဖုအကျိတ်တွေ သက်သာစေနိုင်တယ်

ဘီးစပ်ရွက်က အဖုအကျိတ်တွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အဖုအကျိတ်တွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ အဆီကျိတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

ကိုက်ခဲမှု သက်သာစေတယ်

ဘီးစပ်ရွက်ကို ရေစင်အောင်ဆေး နေရောင်အောက်မှာ အခြောက်ခံပြီး ရေနွေးလို သောက်ပေးလို့ ရပါတယ်။ ဒီလို သောက်ပေးတာက ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။

သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ပေးတယ်

သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေကို အများဆုံး ထိခိုက်စေတဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါကို ကာကွယ်ဖို့အတွက် ဘီးစပ်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

မျိုးပွားအင်္ဂါ ကျန်းမာစေနိုင်ပါတယ်

အမျိုးသမီးတွေအနေနဲ့ မျိုးပွားအင်္ဂါ ကျန်းမာစေဖို့ ဘီးစပ်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေနွေးကြမ်းလို ပုံမှန် သောက်သုံးပေးလို့ ရပါတယ်။

ဆီးချို ကာကွယ်ပေးနိုင်တယ်

ဘီးစပ်ရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုက ဆီးချို ကာကွယ်ပေးတာပါ။ ကာကွယ်ဖို့အတွက် ကြိုတင် အသုံးပြုပေးလို့ ရပါတယ်။

ပါးစပ်ထဲက အနာ သက်သာစေနိုင်တယ်

ပါးစပ်ထဲမှာ အနာဖြူဖြူလေးတွေ ဖြစ်ပြီး စားရသောက်ရခက်နေမယ်ဆိုရင် သက်သာစေဖို့ ဘီးစပ်ရွက်ကို ကျိုပြီး အာလုတ်ကျင်းပေးလို့ ရပါတယ်။ ပုံမှန်လုပ်ပေးသွားရင် သက်သာသွားမှာပါ။

နှလုံး ကျန်းမာစေနိုင်တယ်

ကျန်းမာနေစေဖို့အတွက် နှလုံး ကျန်းမာဖို့က အရေးကြီးပါတယ်။ ဒါကြောင့် နှလုံး ကျန်းမာပြီး နေ့စဉ် ဘဝမှာ ကျန်းမာနေစေဖို့လည်း ဘီးစပ်ရွက်က အသုံးတည့်ပါတယ်။

သွေးတွင်း ကိုလက်စထရော ကျစေတယ်

ကိုယ်တွင်းက သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ဆိုရင်လည်း ဘီးစပ်ရွက် ရေနွေးကြမ်းကို သောက်သုံးပေးလို့ ရပါတယ်။

ယူရစ်အက်ဆစ် ထိန်းပေးတယ်

ဘီးစပ်ရွက်ရဲ့ နောက်ထပ် အသုံးဝင်မှုတစ်ရပ်က ယူရစ်အင်ဆစ် ပမာဏကို ထိန်းပေးတာပါ။

သွေးတိုးကျစေနိုင်တယ်

သွေးတိုးတတ်တဲ့သူတွေ အနေနဲ့လည်း သွေးပေါင်ချိန်ကို ထိန်းညှိဖို့အတွက် ဘီးစပ်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

ဘီးစပ်ရွက်မှာ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ များပါတယ်။ ဒါပေမယ့် သတိပေးချင်တာ တစ်ခုက ဘီးစပ်ရွက်က ကျန်းမာရေးအတွက် အကျိုးကျေးဇူး များပေမယ့် ကိုဗစ်ကိုတော့ မကာကွယ်နိုင်သလို သက်လည်း မသက်သာစေနိုင်ပါဘူး။

Writer : Aye Thi Mon

Leave a Reply