
[UNICODE]
အာဆင်နယ်အသင်းကနေ စတုဂတ်အသင်းမှာ အငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ လူငယ်ခံစစ်မှူး ကွန်စတန်တီနို့စ် မာဗရိုပါနို့စ်ဟာ ဘွန်ဒက်စ်လီဂါရဲ့ ခံစစ်စွမ်းဆောင်ရည် အကောင်းဆုံးကစားသမားတွေစာရင်းမှာ အဆင့် ၅ ချိတ်နေတယ်လို့ Football Insider က ဖော်ပြသွားပါတယ်။
၂၃ နှစ်အရွယ် ဂရိခံစစ်မှူးဟာ အာဆင်နယ်အသင်းကို စတင်ရောက်ရှိလာချိန်မှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒါဏ်ရာပြဿနာတွေကြောင့် ရုံးကန်ခဲ့ရပြီး လက်ရှိရာသီမှာလည်း စတုဂတ်အသင်းထံ အငှားထွက်ကစားနေခဲ့ရသူပါ။

ဒါပေမယ့်လည်း မာဗရိုပါနို့စ်ဟာ သူပါဝင်ကစားတဲ့ပွဲစဉ်တွေတိုင်း မိနစ် ၉၀ မှာ ပျမ်းမျှရမှတ် ၉.၈၉ မှတ် ရရှိအောင် စွမ်းဆောင်ထားနိုင်နေပြီး ဒါဟာ ဘွန်ဒက်စ်လီဂါရဲ့ ခံစစ်စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားစာရင်းမှာ အဆင့် ၅ နေရာမှာ ရပ်တည်စေဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်ဖြစ်လာခဲ့ပါတယ်။

အရပ် ၆ ပေ ၄ လက်မမြင့်ပြီး အမြင့်ဘောရှင်းထုတ်မှု အားကောင်းတဲ့ မာဗရိုပါနို့စ်ဟာ ဘွန်ဒက်စ်လီဂါမှာ အံဝင်ခွင်ကျဖြစ်နေပြီး ဂျာမန်လိဂ်ရဲ့ ဖြတ်ကျော်ရ အခက်ဆုံး ခံစစ်မှူးအဖြစ်လည်း သတ်မှတ်ခြင်းခံထားရပါတယ်။ ဂရိသားရဲ့ အမြင့်ဘော ရှင်းထုတ်မှုစွမ်းဆောင်ရည်က ၇၁.၄၃% ဖြစ်ပြီး ဒီအရေအတွက်ကလည်း ဘွန်ဒက်စ်လီဂါမှာ တတိယမြောက် အမြင့်မားဆုံး စွမ်းဆောင်ရည်ပါ။
အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာကိုယ်တိုင်ကလည်း အငှားထွက်ကစားပြီး ခြေစွမ်းပြသနေတဲ့ မာဗရိုပါနို့စ်နဲ့ ဝီလီယံ ဆာလီဘားတို့ရဲ့ ခြေစွမ်းကို သေချာစောင့်ကြည့်နေပြီး ရာသီကုန်မှာ အသင်းထံ ပြန်ခေါ်သွားမယ်လို့ ဆိုနေပါတယ်။
Source: Football Insider
[ZAWGYI]
အာဆင္နယ္အသင္းကေန စတုဂတ္အသင္းမွာ အငွားစာခ်ဳပ္နဲ႔သြားေရာက္ကစားေနတဲ့ လူငယ္ခံစစ္မွဴး ကြန္စတန္တီႏို႔စ္ မာဗရိုပါႏို႔စ္ဟာ ဘြန္ဒက္စ္လီဂါရဲ႕ ခံစစ္စြမ္းေဆာင္ရည္ အေကာင္းဆံုးကစားသမားေတြစာရင္းမွာ အဆင့္ ၅ ခ်ိတ္ေနတယ္လို႔ Football Insider က ေဖာ္ျပသြားပါတယ္။
၂၃ ႏွစ္အရြယ္ ဂရိခံစစ္မွဴးဟာ အာဆင္နယ္အသင္းကို စတင္ေရာက္ရွိလာခ်ိန္မွာ ေျခစြမ္းေကာင္းျပသႏုိင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဒါဏ္ရာျပႆနာေတြေၾကာင့္ ရံုးကန္ခဲ့ရျပီး လက္ရွိရာသီမွာလည္း စတုဂတ္အသင္းထံ အငွားထြက္ကစားေနခဲ့ရသူပါ။

ဒါေပမယ့္လည္း မာဗရိုပါႏို႔စ္ဟာ သူပါဝင္ကစားတဲ့ပြဲစဥ္ေတြတုိင္း မိနစ္ ၉၀ မွာ ပ်မ္းမွ်ရမွတ္ ၉.၈၉ မွတ္ ရရွိေအာင္ စြမ္းေဆာင္ထားႏုိင္ေနျပီး ဒါဟာ ဘြန္ဒက္စ္လီဂါရဲ႕ ခံစစ္စြမ္းေဆာင္ရည္ အေကာင္းဆံုး ကစားသမားစာရင္းမွာ အဆင့္ ၅ ေနရာမွာ ရပ္တည္ေစဖို႔ လံုေလာက္တဲ့ စြမ္းေဆာင္ရည္ျဖစ္လာခဲ့ပါတယ္။

အရပ္ ၆ ေပ ၄ လက္မျမင့္ျပီး အျမင့္ေဘာရွင္းထုတ္မႈ အားေကာင္းတဲ့ မာဗရိုပါႏို႔စ္ဟာ ဘြန္ဒက္စ္လီဂါမွာ အံဝင္ခြင္က်ျဖစ္ေနျပီး ဂ်ာမန္လိဂ္ရဲ႕ ျဖတ္ေက်ာ္ရ အခက္ဆံုး ခံစစ္မွဴးအျဖစ္လည္း သတ္မွတ္ျခင္းခံထားရပါတယ္။ ဂရိသားရဲ႕ အျမင့္ေဘာ ရွင္းထုတ္မႈစြမ္းေဆာင္ရည္က ၇၁.၄၃% ျဖစ္ျပီး ဒီအေရအတြက္ကလည္း ဘြန္ဒက္စ္လီဂါမွာ တတိယေျမာက္ အျမင့္မားဆံုး စြမ္းေဆာင္ရည္ပါ။
အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာကုိယ္တုိင္ကလည္း အငွားထြက္ကစားျပီး ေျခစြမ္းျပသေနတဲ့ မာဗရိုပါႏို႔စ္နဲ႔ ဝီလီယံ ဆာလီဘားတို႔ရဲ႕ ေျခစြမ္းကို ေသခ်ာေစာင့္ၾကည့္ေနျပီး ရာသီကုန္မွာ အသင္းထံ ျပန္ေခၚသြားမယ္လုိ႔ ဆိုေနပါတယ္။
Source: Football Insider