
[UNICODE]
အာဆင်နယ်အသင်းရဲ့ အဓိကတိုက်စစ်မှူး ပီယာရီ-အမ်းမရစ် အူဘာမီယန်းက ယခုနှစ်ရာသီအစမှာ သွင်းဂိုးတွေ နည်းပါးနေတာနဲ့ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမမှုမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။
အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ အူဘာမီယန်းက ယခုနှစ်ရာသီမှာ ပရီးမီးယားလိဂ် ၆ ပွဲကစားပြီး ၁ ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။ ဂါဘွန်တိုက်စစ်မှူးရဲ့ လက်ရှိရာသီအဖွင့် စွမ်းဆောင်ရည်ဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံး ၅ ရာသီအတွင်း အဆိုးရွားဆုံး စွမ်းဆောင်ရည်ဖြစ်နေတာပါ။

ဒါပေမယ့် အူဘာမီယန်းကတော့ သူ့အနေနဲ့ရော အသင်းရော မကြာခင်မှာ သွင်းဂိုးတွေ ပြန်ရလာတော့မယ်လို့ ယုံကြည်ကြောင်းပြောဆိုသွားခဲ့ပါတယ်။
အူဘာမီယန်းက “ခုအခိုက်အတန့်မှာတော့ ကျွန်တော်တို့အသင်းက သွင်းဂိုးတွေကို အလွယ်တကူ ရှာဖွေနိုင်ခြင်းမရှိဘူး ဖြစ်နေတာပါ။ ဒါက ခုချိန်မှာ အသင်းရင်ဆိုင်နေရတဲ့ ပြဿနာပါ။ ကျွန်တော်ဆိုရင်လည်း လိဂ်မှာ ဂိုးနည်းနည်းပဲ သွင်းယူထားနိုင်နေပါတယ်” လို့ Standard ကို ပြောဆိုခဲ့ပါတယ်။

“ဒါပေမယ့် ကျွန်တော်တို့က အတွေ့အကြုံရှိတဲ့အသင်းတစ်သင်းပါ။ တိုက်စစ်မှာဆိုရင်လဲ အရည်အသွေးရော အတွေ့အကြုံပါပြည့်ဝတဲ့ ကစားသမားတွေနဲ့ပါ။ ကျွန်တော်တို့ ဒီအခြေအနေကို ပြောင်းလဲနိုင်မယ်ဆိုတာ သိနားလည်ထားပြီးသားပါ။ ဒီအတွက် ကျွန်တော် စိုးရိမ်တာမျိုးတော့ မရှိပါဘူး” လို့ အသင်းခေါင်းဆောင်ကြီးက ဆိုခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ် ကစားသမားဘဝ ၃ ရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၁၇ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၇၃ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။
Source: Standard
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ အဓိကတုိက္စစ္မွဴး ပီယာရီ-အမ္းမရစ္ အူဘာမီယန္းက ယခုႏွစ္ရာသီအစမွာ သြင္းဂိုးေတြ နည္းပါးေနတာနဲ႔ပတ္သက္ျပီး သူ႔အေနနဲ႔ စိုးရိမမႈမရွိဘူးလို႔ ေျပာဆိုလိုက္ပါတယ္။
အသင္းေခါင္းေဆာင္လည္းျဖစ္တဲ့ အူဘာမီယန္းက ယခုႏွစ္ရာသီမွာ ပရီးမီးယားလိဂ္ ၆ ပြဲကစားျပီး ၁ ဂိုးသာသြင္းယူထားႏုိင္ပါေသးတယ္။ ဂါဘြန္တုိက္စစ္မွဴးရဲ႕ လက္ရွိရာသီအဖြင့္ စြမ္းေဆာင္ရည္ဟာ သူ႔ရဲ႕ ကစားသမားဘဝ ေနာက္ဆံုး ၅ ရာသီအတြင္း အဆိုးရြားဆံုး စြမ္းေဆာင္ရည္ျဖစ္ေနတာပါ။

ဒါေပမယ့္ အူဘာမီယန္းကေတာ့ သူ႔အေနနဲ႔ေရာ အသင္းေရာ မၾကာခင္မွာ သြင္းဂိုးေတြ ျပန္ရလာေတာ့မယ္လုိ႔ ယံုၾကည္ေၾကာင္းေျပာဆိုသြားခဲ့ပါတယ္။
အူဘာမီယန္းက “ခုအခိုက္အတန္႔မွာေတာ့ ကၽြန္ေတာ္တို႔အသင္းက သြင္းဂိုးေတြကို အလြယ္တကူ ရွာေဖြႏုိင္ျခင္းမရွိဘူး ျဖစ္ေနတာပါ။ ဒါက ခုခ်ိန္မွာ အသင္းရင္ဆုိင္ေနရတဲ့ ျပႆနာပါ။ ကၽြန္ေတာ္ဆိုရင္လည္း လိဂ္မွာ ဂိုးနည္းနည္းပဲ သြင္းယူထားႏုိင္ေနပါတယ္” လို႔ Standard ကို ေျပာဆိုခဲ့ပါတယ္။

“ဒါေပမယ့္ ကၽြန္ေတာ္တို႔က အေတြ႕အၾကံဳရွိတဲ့အသင္းတစ္သင္းပါ။ တုိက္စစ္မွာဆိုရင္လဲ အရည္အေသြးေရာ အေတြ႕အၾကံဳပါျပည့္ဝတဲ့ ကစားသမားေတြနဲ႔ပါ။ ကၽြန္ေတာ္တုိ႔ ဒီအေျခအေနကို ေျပာင္းလဲႏုိင္မယ္ဆိုတာ သိနားလည္ထားျပီးသားပါ။ ဒီအတြက္ ကၽြန္ေတာ္ စိုးရိမ္တာမ်ိဳးေတာ့ မရွိပါဘူး” လို႔ အသင္းေခါင္းေဆာင္ၾကီးက ဆိုခဲ့ပါတယ္။
အသက္ ၃၁ ႏွစ္အရြယ္တုိက္စစ္မွဴး အူဘာမီယန္းဟာ အာဆင္နယ္ ကစားသမားဘဝ ၃ ရာသီအတြင္း အသင္းအတြက္ ျပိဳင္ပြဲစံုမွာ ၁၁၇ ပြဲပါဝင္ကစားေပးထားျပီး သြင္းဂိုး ၇၃ ဂိုးသြင္းယူေပးထားသူျဖစ္ပါတယ္။
Source: Standard