
[UNICODE]
ကွင်းလယ်တိုက်စစ်ကို ဖြည့်တင်းဖို့ စီစဉ်နေတဲ့ အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်အသင်းက အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဆွီဒင်ကွင်းလယ်လူ ဒီယန် ကူလူဆက်ဗ်စကီးကို ခေါ်ယူဖို့ ပစ်မှတ်ထားလာနေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြနေကြပါတယ်။
ဆွီဒင်လက်ရွေးစင်ကွင်းလယ်လူဟာ ယမန်နှစ်ရာသီတုန်းက အတ္တလန်တာအသင်းကနေ ပါးမားအသင်းထံ အငှားသွားရောက်ကစားခဲ့ပြီး ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနိုင်ခဲ့တာကြောင့် ရာသီဝက်ကာလမှာတင် ဂျူဗင်တပ်အသင်းရဲ့ ယူရို ၃၅ သန်းနဲ့ အကြိုစာချုပ် ချုပ်ဆိုကာ ခေါ်ယူခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

ကွင်းလယ်တကြောမှာ နေရာစုံကစားနိုင်တဲ့ ကူလူဆက်ဗ်စကီးကို ဂျူဗင်တပ်အသင်းရဲ့ နည်းပြဟောင်း မော်ရီဇီယို ဆာရီက ကွင်းလယ်တိုက်စစ်နေရာအတွက် ခေါ်ယူခဲ့တာဖြစ်ပေမယ့် လက်ရှိနည်းပြသစ် အန်ဒရေ ပီယာလိုက ညာတောင်ပံကစားသမားအဖြစ်သာ အသုံးပြုနေပါတယ်။ ကွင်းလယ်မှာ လွတ်လွတ်လပ်လပ်ကစားရတာကို အားသန်တဲ့ ကာယကံရှင်ဆွီဒင်သားကတော့ ညာတောင်ပံနေရာမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုံးကန်နေရတဲ့ အခြေအနေကို သဘောမကျဖြစ်နေတယ်လို့ မီဒီယာတွေက ဆိုနေကြပါတယ်။
ကွင်းလယ်တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ စီစဉ်နေတဲ့ အာဆင်နယ်အသင်းကတော့ ကွင်းလယ်ကြောမှာ ကူလူဆက်ဗ်စကီးစိတ်ကြိုက် အတက်အဆင်းကစားခွင့်ပေးမယ်ဆိုတဲ့ အချက်နဲ့ စည်းရုံးမှုပြုလုပ်ဖို့ စီစဉ်နေတာဖြစ်တယ်လို့လည်း သတင်းတွေကဆိုထားပါတယ်။ အာဆင်နယ်အသင်းဟာ လိုင်ယွန် ကွင်းလယ်လူ ဟူဆန် အူဝါ၊ ဆားလ်ဘတ် ကွင်းလယ်လူ ဒိုမီနစ် ဆိုဘိုဇ်လိုင်တို့အပြင် ကူလူဆက်ဗ်စကီးကိုလည်း အလေးအနက်ထားပြီး ပစ်မှတ်ထားလာတာဖြစ်ပါတယ်။

ဆွီဒင်လူငယ်ကြယ်ပွင့် ကူလူဆက်ဗ်စကီးဟာ လက်ရှိဈေးကွက်ပေါက်ဈေး ယူရို ၄၅ သန်းသာ တန်ကြေးရှိပေမယ့် CIES က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး လူငယ်ကစားသမားစာရင်းမှာ ပါဝင်နေပြီး အာဆင်နယ်ခံစစ်မှူး ဘူကာယို ဆာကာရဲ့အောက် အဆင့် ၈ နေရာမှာ တန်ကြေး ယူရို ၇၅.၁ သန်းအဖြစ် သတ်မှတ်ခံထားရသူပါ။
ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး စီ ရော်နယ်ဒိုကတော့ ကူလူဆက်ဗ်စကီးဟာ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး သူ့စိတ်ကြိုက် ကွင်းလယ်တိုက်စစ်မှာသာ ထားကစားမယ်ဆိုရင် သွင်းဂိုးတွေ အမြောက်အများ ရရှိလာအောင် ကူညီပေးနိုင်မယ့်သူဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
Source: HITC
[ZAWGYI]
ကြင္းလယ္တုိက္စစ္ကို ျဖည့္တင္းဖို႔ စီစဥ္ေနတဲ့ အာဆင္နယ္အသင္းဟာ ဂ်ဴဗင္တပ္အသင္းက အသက္ ၂၀ အရြယ္သာရွိေသးတဲ့ ဆီြဒင္ကြင္းလယ္လူ ဒီယန္ ကူလူဆက္ဗ္စကီးကို ေခၚယူဖုိ႔ ပစ္မွတ္ထားလာေနတယ္လို႔ အီတလီမီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။
ဆီြဒင္လက္ေရြးစင္ကြင္းလယ္လူဟာ ယမန္ႏွစ္ရာသီတုန္းက အတၱလန္တာအသင္းကေန ပါးမားအသင္းထံ အငွားသြားေရာက္ကစားခဲ့ျပီး ေျခစြမ္းေကာင္းေတြ ဆက္တုိက္ျပသႏုိင္ခဲ့တာေၾကာင့္ ရာသီဝက္ကာလမွာတင္ ဂ်ဴဗင္တပ္အသင္းရဲ႕ ယူရို ၃၅ သန္းနဲ႔ အၾကိဳစာခ်ဳပ္ ခ်ဳပ္ဆိုကာ ေခၚယူျခင္းကို ခံခဲ့ရသူျဖစ္ပါတယ္။

ကြင္းလယ္တေၾကာမွာ ေနရာစံုကစားႏုိင္တဲ့ ကူလူဆက္ဗ္စကီးကို ဂ်ဴဗင္တပ္အသင္းရဲ႕ နည္းျပေဟာင္း ေမာ္ရီဇီယို ဆာရီက ကြင္းလယ္တုိက္စစ္ေနရာအတြက္ ေခၚယူခဲ့တာျဖစ္ေပမယ့္ လက္ရွိနည္းျပသစ္ အန္ဒေရ ပီယာလိုက ညာေတာင္ပံကစားသမားအျဖစ္သာ အသံုးျပဳေနပါတယ္။ ကြင္းလယ္မွာ လြတ္လြတ္လပ္လပ္ကစားရတာကို အားသန္တဲ့ ကာယကံရွင္ဆီြဒင္သားကေတာ့ ညာေတာင္ပံေနရာမွာ ပံုမွန္ေျခစြမ္းျပသႏုိင္ဖို႔ ရံုးကန္ေနရတဲ့ အေျခအေနကို သေဘာမက်ျဖစ္ေနတယ္လို႔ မီဒီယာေတြက ဆိုေနၾကပါတယ္။
ကြင္းလယ္တုိက္စစ္ကို အင္အားျဖည့္တင္းဖို႔ စီစဥ္ေနတဲ့ အာဆင္နယ္အသင္းကေတာ့ ကြင္းလယ္ေၾကာမွာ ကူလူဆက္ဗ္စကီးစိတ္ၾကိဳက္ အတက္အဆင္းကစားခြင့္ေပးမယ္ဆိုတဲ့ အခ်က္နဲ႔ စည္းရံုးမႈျပဳလုပ္ဖို႔ စီစဥ္ေနတာျဖစ္တယ္လုိ႔လည္း သတင္းေတြကဆိုထားပါတယ္။ အာဆင္နယ္အသင္းဟာ လိုင္ယြန္ ကြင္းလယ္လူ ဟူဆန္ အူဝါ၊ ဆားလ္ဘတ္ ကြင္းလယ္လူ ဒိုမီနစ္ ဆိုဘိုဇ္လုိင္တို႔အျပင္ ကူလူဆက္ဗ္စကီးကိုလည္း အေလးအနက္ထားျပီး ပစ္မွတ္ထားလာတာျဖစ္ပါတယ္။

ဆီြဒင္လူငယ္ၾကယ္ပြင့္ ကူလူဆက္ဗ္စကီးဟာ လက္ရွိေစ်းကြက္ေပါက္ေစ်း ယူရို ၄၅ သန္းသာ တန္ေၾကးရွိေပမယ့္ CIES က ထုတ္ျပန္ထားတဲ့ ကမၻာ့တန္ဖိုးအျမင့္ဆံုး လူငယ္ကစားသမားစာရင္းမွာ ပါဝင္ေနျပီး အာဆင္နယ္ခံစစ္မွဴး ဘူကာယို ဆာကာရဲ႕ေအာက္ အဆင့္ ၈ ေနရာမွာ တန္ေၾကး ယူရို ၇၅.၁ သန္းအျဖစ္ သတ္မွတ္ခံထားရသူပါ။
ဂ်ဴဗင္တပ္အသင္းရဲ႕ တုိက္စစ္မွဴး စီ ေရာ္နယ္ဒိုကေတာ့ ကူလူဆက္ဗ္စကီးဟာ ပါရမီရွင္တစ္ေယာက္ျဖစ္ျပီး သူ႔စိတ္ၾကိဳက္ ကြင္းလယ္တုိက္စစ္မွာသာ ထားကစားမယ္ဆိုရင္ သြင္းဂိုးေတြ အေျမာက္အမ်ား ရရွိလာေအာင္ ကူညီေပးႏုိင္မယ့္သူျဖစ္တယ္လုိ႔ သံုးသပ္ထားပါတယ္။
Source: HITC