မန်ယူကို ဘယ်လိုနည်းနဲ့မှ မရှုံးဖို့ လိုအပ်တယ်လို့ သတိပေးခံရတဲ့ အာတီတာ

[UNICODE]

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာအနေနဲ့ ဒီကနေ့ညမှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ရလဒ်ကို အရယူနိုင်ဖို့ လိုအပ်လိမ့်မယ်လို့ Sky Sports ရဲ့ သုံးသပ်သူ ဂျေမီ ရက်ဒ်နပ်က သုံးသပ်ပြောဆိုလိုက်ပါတ်။

လက်ရှိမှာ အာတီတာက ဘုတ်အဖွဲ့က အပြည့်အဝပံ့ပိုးထောက်ပံ့ပေးနေပေမယ့် မန်ယူကိုသာ အရေးနိမ့်ခဲ့မယ်ဆိုရင် ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ထိခိုက်သွားစေလိမ့်မယ်လို့ ရက်ဒ်နပ်က သတိပေးစကားဆိုလိုက်တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့ဟာ ယခုနှစ်ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အလိုရှိနေပြီး ယမန်နှစ်ရာသီတုန်းက ဆုဖလားအောင်မြင်မှုတွေ ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ အာတီတာအနေနဲ့ အဆိုပါရည်မှန်းချက်ကို ပြည့်မှီအောင်စွမ်းဆောင်ပေးနိုင်ဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိရာသီအစမှာတော့ အတန်ငယ်ရုံးကန်နေရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ရက်ဒ်နပ်က “ခုချိန်က အာဆင်နယ်အတွက် အတော်လေး ခက်ခဲတဲ့အချိန်ပါ။ တစ်ခုခုခုလွဲချော်သွားခဲ့တာနဲ့ အသင်းဘက်က ယုံကြည်မှုကို ထိခိုက်စေတဲ့အထိ သက်ရောက်မှုကြီးမားသွားပါလိမ့်မယ်။ သူတို့က ခုချိန်မှာ မန်ယူနဲ့ရင်ဆိုင်နေရတယ်။ ဒီကြားထဲ အူဘာမီယန်းကလည်း ခြေစွမ်းပျက်ယွင်းနေတယ်။ မန်ယူနဲ့ပွဲမှာ ကောင်းကောင်းစတင်နိုင်ရင် သူတို့ ရလဒ်ကောင်းမှာပါ။ တကယ်လို့ ရလဒ်မကောင်းခဲ့ရင်တော့ အခြေအနေတွေ ပြောင်းလဲသွားနိုင်ပါတယ်” လို့ Sky Sports ကို ပြောဆိုခဲ့တာပါ။

“အာတီတာက ခုချိန်အထိ အကောင်းဆုံး လုပ်ပြနိုင်နေပါတယ်။ ဒီပြဿနာကို သူ ရေရှည်ထားမယ်လို့တော့မ ထင်ပါဘူး။ ဒါပေမယ့် ခင်ဗျားဘာတွေပဲ လုပ်ပြခဲ့ လုပ်ပြခဲ့ ရှုံးပွဲနည်းနည်းလေး ဆက်လာတာနဲ့ လူတွေက အမြင်ပြောင်းလာတတ်ပါတယ်။ အာတီတာအနေနဲ့ ဒီအချက်ကို သတိထားသင့်ပါတယ်” လို့ ရက်ဒ်နပ်က ဆိုသွားခဲ့ပါသေးတယ်။

အာတီတာရဲ့ အာဆင်နယ်အသင်းဟာ မန်ယူနဲ့ပွဲမတိုင်ခင်မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲမှာ မန်စီးတီးနဲ့ လက်စတာစီးတီးတို့ကို ၁-၀ ရလဒ်တွေနဲ့ နှစ်ပွဲဆက်တိုက် အရေးနိမ့်ထားပါတယ်။ မန်ယူအသင်းကတော့ အိမ်ကွင်းမှာ တော့တင်ဟမ်ကို အရှက်တကွဲ အရေးနိမ့်ပြီးနောက်ပိုင်းမှာ ရလဒ်တွေ ဆက်တိုက်ကောင်းမွန်နေတဲ့အသင်းဖြစ်ပါတယ်။

Source: Express

[UNICODE]

အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာအေနနဲ႔ ဒီကေန႔ညမွာ ကစားမယ့္ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ပြဲစဥ္မွာ မျဖစ္မေန အႏုိင္ရလဒ္ကို အရယူႏုိင္ဖို႔ လိုအပ္လိမ့္မယ္လို႔ Sky Sports ရဲ႕ သံုးသပ္သူ ေဂ်မီ ရက္ဒ္နပ္က သံုးသပ္ေျပာဆိုလုိက္ပါတ္။

လက္ရွိမွာ အာတီတာက ဘုတ္အဖြဲ႕က အျပည့္အဝပ့ံပိုးေထာက္ပံ့ေပးေနေပမယ့္ မန္ယူကိုသာ အေရးနိမ့္ခဲ့မယ္ဆိုရင္ ဘုတ္အဖြဲ႕ရဲ႕ ေထာက္ခံမႈကို ထိခိုက္သြားေစလိမ့္မယ္လို႔ ရက္ဒ္နပ္က သတိေပးစကားဆိုလုိက္တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ဘုတ္အဖြဲ႕ဟာ ယခုႏွစ္ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔ အလိုရွိေနျပီး ယမန္ႏွစ္ရာသီတုန္းက ဆုဖလားေအာင္ျမင္မႈေတြ ရရွိေအာင္ ဦးေဆာင္ေပးႏုိင္ခဲ့တဲ့ အာတီတာအေနနဲ႔ အဆုိပါရည္မွန္းခ်က္ကို ျပည့္မွီေအာင္စြမ္းေဆာင္ေပးႏုိင္ဖို႔ ၾကိဳးပမ္းေနေပမယ့္ လက္ရွိရာသီအစမွာေတာ့ အတန္ငယ္ရံုးကန္ေနရပါတယ္။

ဒါနဲ႔ ပတ္သက္ျပီး ရက္ဒ္နပ္က “ခုခ်ိန္က အာဆင္နယ္အတြက္ အေတာ္ေလး ခက္ခဲတဲ့အခ်ိန္ပါ။ တစ္ခုခုခုလြဲေခ်ာ္သြားခဲ့တာနဲ႔ အသင္းဘက္က ယံုၾကည္မႈကို ထိခုိက္ေစတဲ့အထိ သက္ေရာက္မႈၾကီးမားသြားပါလိမ့္မယ္။ သူတို႔က ခုခ်ိန္မွာ မန္ယူနဲ႔ရင္ဆိုင္ေနရတယ္။ ဒီၾကားထဲ အူဘာမီယန္းကလည္း ေျခစြမ္းပ်က္ယြင္းေနတယ္။ မန္ယူနဲ႔ပြဲမွာ ေကာင္းေကာင္းစတင္ႏုိင္ရင္ သူတို႔ ရလဒ္ေကာင္းမွာပါ။ တကယ္လို႔ ရလဒ္မေကာင္းခဲ့ရင္ေတာ့ အေျခအေနေတြ ေျပာင္းလဲသြားႏုိင္ပါတယ္” လို႔ Sky Sports ကို ေျပာဆိုခဲ့တာပါ။

“အာတီတာက ခုခ်ိန္အထိ အေကာင္းဆံုး လုပ္ျပႏုိင္ေနပါတယ္။ ဒီျပႆနာကို သူ ေရရွည္ထားမယ္လုိ႔ေတာ့မ ထင္ပါဘူး။ ဒါေပမယ့္ ခင္ဗ်ားဘာေတြပဲ လုပ္ျပခဲ့ လုပ္ျပခဲ့ ရံႈးပြဲနည္းနည္းေလး ဆက္လာတာနဲ႔ လူေတြက အျမင္ေျပာင္းလာတတ္ပါတယ္။ အာတီတာအေနနဲ႔ ဒီအခ်က္ကို သတိထားသင့္ပါတယ္” လို႔ ရက္ဒ္နပ္က ဆိုသြားခဲ့ပါေသးတယ္။

အာတီတာရဲ႕ အာဆင္နယ္အသင္းဟာ မန္ယူနဲ႔ပြဲမတုိင္ခင္မွာကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ ပြဲမွာ မန္စီးတီးနဲ႔ လက္စတာစီးတီးတို႔ကို ၁-၀ ရလဒ္ေတြနဲ႔ ႏွစ္ပြဲဆက္တုိက္ အေရးနိမ့္ထားပါတယ္။ မန္ယူအသင္းကေတာ့ အိမ္ကြင္းမွာ ေတာ့တင္ဟမ္ကို အရွက္တကြဲ အေရးနိမ့္ျပီးေနာက္ပိုင္းမွာ ရလဒ္ေတြ ဆက္တုိက္ေကာင္းမြန္ေနတဲ့အသင္းျဖစ္ပါတယ္။

Source: Express

Leave a Reply