
[UNICODE]
အာဆင်နယ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အခြေမကျဖြစ်နေတဲ့ နယ်သာလန်ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့အတွက် အိုးလ်ထရက်ဖို့ဒ်ကလပ်က တာဝန်ရှိသူတွေထံ ဆက်သွယ်စုံစမ်းနေပြီဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူဟာ ယမန်နှစ်ရာသီတုန်းက အိုင်းယက်စ်အသင်းကနေ မန်ယူအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၃၈ ပွဲကစားကာ ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပေးခဲ့ပါတယ်။

လက်တလောမှာ ဒါဏ်ရာပြဿနာကြောင့် ယူရိုပြိုင်ပွဲနဲ့ လွဲချော်ထားတဲ့ နယ်သာလန်သားဟာ ယမန်နှစ်ရာသီတုန်းက အိုးလ်ထရက်ဖို့ဒ်အခြေစိုက်ကလပ်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုံးကန်ခဲ့ရသူပါ။
ဒါပေမယ့်လည်း ကွင်းလယ်လူ အမြောက်အများကို လက်လွှတ်ဖို့ရှိနေတဲ့ အာဆင်နယ်အသင်းကတော့ ဗန်ဒီဘိခ်ရဲ့ အရည်အသွေးအပေါ် သံသယမရှိပဲ အံဝင်အောင်အသုံးချနိုင်မယ်ဆိုရင် နဂိုစွမ်းရည်တွေပြန်လည်ပြသလာနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဒါကြောင့်လည်း လက်ရှိအချိန်မှာ အိုးလ်ထရက်ဖို့ဒ်ကလပ်က တာဝန်ရှိသူတွေထံ ဆက်သွယ်မှုတွေပြုလုပ်ထားပြီး ကစားသမားအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို စုံစမ်းနေတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ယမန်နှစ်ရာသီတုန်းက ဗန်ဒီဘိခ်ကို မထင်မှတ်ပဲ ဝယ်ယူခဲ့တာဖြစ်ပြီး ခုရာသီမှာ ပြန်လည်ရောင်းထုတ်ချင်နေတဲ့အသင်းပါ။
အသက် ၁၈ နှစ်အရွယ် ၂၀၁၅ ခုနှစ်မှာကတည်းက အိုင်းယက်စ်အသင်းနဲ့အတူ ထွန်းတောက်လာခဲ့တဲ့ ဗန်ဒီဘိခ်ဟာ လုပ်အားနှုန်းကောင်းမွန်သူဖြစ်ပြီး ကွင်းလယ်ဗဟိုကစားသမားဖြစ်ပေမယ့် ဂိုးသွင်းကောင်းသူအဖြစ် ဥရောပဘောလုံးလောကမှာ ထင်ရှားပါတယ်။ ဗန်ဒီဘိခ်ဟာ နယ်သာလန်မှာရှိနေစဉ်တုန်းက အိုင်းယက်စ်အသင်းအတွက် ၁၇၅ ပွဲကစားပြီး ၄၁ ဂိုးအထိသွင်းပေးခဲ့သူပါ။
Source: 90MIN, HITC
[ZAWGYI]
အာဆင္နယ္အသင္းဟာ မန္ခ်က္စတာ ယူႏုိက္တက္အသင္းမွာ အေျခမက်ျဖစ္ေနတဲ့ နယ္သာလန္ကြင္းလယ္လူ ဒြန္နီ ဗန္ဒီဘိခ္ကို ေခၚယူဖို႔အတြက္ အိုးလ္ထရက္ဖို႔ဒ္ကလပ္က တာဝန္ရွိသူေတြထံ ဆက္သြယ္စံုစမ္းေနျပီျဖစ္ပါတယ္။
အသက္ ၂၄ ႏွစ္အရြယ္ နယ္သာလန္လက္ေရြးစင္ကြင္းလယ္လူဟာ ယမန္ႏွစ္ရာသီတုန္းက အုိင္းယက္စ္အသင္းကေန မန္ယူအသင္းထံကို ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၄၀ နဲ႔ ေျပာင္းေရႊ႕လာခဲ့ျပီး ၃၈ ပြဲကစားကာ ၂ ဂိုးသြင္း၊ ၁ ဂိုးဖန္တီးေပးခဲ့ပါတယ္။

လက္တေလာမွာ ဒါဏ္ရာျပႆနာေၾကာင့္ ယူရိုျပိဳင္ပြဲနဲ႔ လြဲေခ်ာ္ထားတဲ့ နယ္သာလန္သားဟာ ယမန္ႏွစ္ရာသီတုန္းက အိုးလ္ထရက္ဖို႔ဒ္အေျခစိုက္ကလပ္မွာ ေျခစြမ္းျပသႏုိင္ဖို႔ ရံုးကန္ခဲ့ရသူပါ။
ဒါေပမယ့္လည္း ကြင္းလယ္လူ အေျမာက္အမ်ားကို လက္လႊတ္ဖို႔ရွိေနတဲ့ အာဆင္နယ္အသင္းကေတာ့ ဗန္ဒီဘိခ္ရဲ႕ အရည္အေသြးအေပၚ သံသယမရွိပဲ အံဝင္ေအာင္အသံုးခ်ႏုိင္မယ္ဆိုရင္ နဂိုစြမ္းရည္ေတြျပန္လည္ျပသလာႏုိင္လိမ့္မယ္လုိ႔ ယံုၾကည္ေနပါတယ္။

ဒါေၾကာင့္လည္း လက္ရွိအခ်ိန္မွာ အိုးလ္ထရက္ဖို႔ဒ္ကလပ္က တာဝန္ရွိသူေတြထံ ဆက္သြယ္မႈေတြျပဳလုပ္ထားျပီး ကစားသမားအတြက္ သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကးကို စံုစမ္းေနတာျဖစ္ပါတယ္။ မန္ယူအသင္းဟာ ယမန္ႏွစ္ရာသီတုန္းက ဗန္ဒီဘိခ္ကို မထင္မွတ္ပဲ ဝယ္ယူခဲ့တာျဖစ္ျပီး ခုရာသီမွာ ျပန္လည္ေရာင္းထုတ္ခ်င္ေနတဲ့အသင္းပါ။
အသက္ ၁၈ ႏွစ္အရြယ္ ၂၀၁၅ ခုႏွစ္မွာကတည္းက အုိင္းယက္စ္အသင္းနဲ႔အတူ ထြန္းေတာက္လာခဲ့တဲ့ ဗန္ဒီဘိခ္ဟာ လုပ္အားႏႈန္းေကာင္းမြန္သူျဖစ္ျပီး ကြင္းလယ္ဗဟိုကစားသမားျဖစ္ေပမယ့္ ဂိုးသြင္းေကာင္းသူအျဖစ္ ဥေရာပေဘာလံုးေလာကမွာ ထင္ရွားပါတယ္။ ဗန္ဒီဘိခ္ဟာ နယ္သာလန္မွာရွိေနစဥ္တုန္းက အိုင္းယက္စ္အသင္းအတြက္ ၁၇၅ ပြဲကစားျပီး ၄၁ ဂိုးအထိသြင္းေပးခဲ့သူပါ။
Source: 90MIN, HITC