မန်ယူနဲ့ လီဗာပူးလ်တို့ ဆာကာကို ချဉ်းကပ်ကြတော့မှာလား

[UNICODE]

BBC Sport ရဲ့ သုံးသပ်သူ ဂါ့သ် ခရွတ်စ်က ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းကြီးတွေဖြစ်ကြတဲ့ မန်ယူနဲ့ လီဗာပူးလ်အသင်းတွေအနေနဲ့ အာဆင်နယ်အသင်းက လူငယ်ကြယ်ပွင့် ဘူကာယို ဆာကာကို ခေါ်ယူတာမျိုး ပြုလုပ်လာနိုင်တယ်လို့ ပြောဆိုသွားပါတယ်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဆာကာဟာ အာဆင်နယ်အသင်းရဲ့ ဟေးလ်အန့်ဒ်အကယ်ဒမီထွက် လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်ပြီး နောက်ဆုံး ၂ ရာသီဆက်တိုက်အသင်းရဲ့ အရေးအပါဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနေသူဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိရာသီမှာ ၇ ဂိုးသွင်း ၆ ဂိုးဖန်တီးပေးထားသလို ယမန်နှစ်ရာသီတုန်းကလည်း ၃ ဂိုးသွင်းယူကာ ၁၀ ဂိုးဖန်တီးပေးခဲ့ပါတယ်။

CIES ရဲ့ တန်ဖိုးဖြတ်မှုမှာ ပေါင် ၁၀၆ သန်းအထိ ထိုက်တန်တဲ့ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဆာကာကို အာဆင်နယ်အသင်းဘက်က ယမန်နှစ်ရာသီကုန်ချိန်ကမှ ကာလရှည်စာချုပ်သက်တမ်း တိုးမြှင့်ထားတာပါ။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ ကျရှုံးနေမှုတွေ၊ အကျပ်အတည်းတွေနဲ့ ဥရောပဝင်ခွင့်လက်လွှတ်ရမှုတွေကြောင့် ဂန်းနားတွေအနေနဲ့ လာမယ့်နွေရာသီမှာ အဆိုပါကြယ်ပွင့်လေးကို ထိမ်းသိမ်းဖို့ ခက်ခဲနိုင်တယ်လို့ ခရွတ်စ်က ဆိုခဲ့ပါတယ်။

စပါးကစားသမားဟောင်းလည်းဖြစ်တဲ့ ခရွတ်စ်က ဘူကာယို ဆာကာလို အရည်အသွေးပြည့်ဝတဲ့ လူငယ်ကြယ်ပွင့်တစ်ယောက်ကို မန်ယူ၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီးတို့လိုအသင်းတွေက ပစ်မှတ်မထားဘူးလို့ ယုံကြည်နေသူတွေရှိနေမယ်ဆိုရင် သူတို့ဟာရူးနေသူတွေသာ ဖြစ်လိမ့်မယ်လို့ ဆိုသွားခဲ့ပါတယ်။

“မန်ယူ ဒါမှမဟုတ် လီဗာပူးလ်က ဆာကာအတွက် သူတို့အိတ်ထဲက ငွေကို မထုတ်ချင်ကြဘူးလို့ ထင်နေတာလား။ ဒီအသင်းတွေက သူ့ကို ခေါ်ယူဖို့ မကြိုးစားလောက်ပါဘူးလို့ ထင်နေတာကမှ ရူးကြောင်ကြောင် အတွေးပါ” လို့ သူကဆိုခဲ့ပါတယ်။

“ဘူကာယို ဆာကာက ပြီးခဲ့တဲ့ရာသီတွေမှာ အာဆင်နယ်အတွက် မယုံကြည်နိုင်စရာ ခြေစွမ်းမျိုးပြသခဲ့သူပါ။ လူတိုင်းက မန်စီးတီးက ဖီးလ် ဖိုဒန်အကြောင်းကို ပိုပြောဖြစ်ကြပါတယ်။ ဒါပေမယ့် သေချာတာကတော့ ဆာကာက ဖိုဒန်ထက် မသာတောင် ဖိုဒန်ထက် မညံ့တဲ့ ကစားသမားမျိုး ဆိုတာပါပဲ။ အာဆင်နယ်ရဲ့ လက်ရှိအခြေအနေတွေက ဆာကာကို ထိမ်းသိမ်းဖို့ ခက်ခဲနိုင်ပါတယ်” လို့ ခရွတ်စ်က ထောက်ပြသွားခဲ့ပါတယ်။

Source: TBR , BBC Sports

[ZAWGYI]

BBC Sport ရဲ႕ သံုးသပ္သူ ဂါ့သ္ ခရြတ္စ္က ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းအသင္းၾကီးေတြျဖစ္ၾကတဲ့ မန္ယူနဲ႔ လီဗာပူးလ္အသင္းေတြအေနနဲ႔ အာဆင္နယ္အသင္းက လူငယ္ၾကယ္ပြင့္ ဘူကာယို ဆာကာကို ေခၚယူတာမ်ိဳး ျပဳလုပ္လာႏုိင္တယ္လုိ႔ ေျပာဆိုသြားပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးတဲ့ ဆာကာဟာ အာဆင္နယ္အသင္းရဲ႕ ေဟးလ္အန္႔ဒ္အကယ္ဒမီထြက္ လူငယ္ၾကယ္ပြင့္တစ္ဦးျဖစ္ျပီး ေနာက္ဆံုး ၂ ရာသီဆက္တုိက္အသင္းရဲ႕ အေရးအပါဆံုးကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပသေနသူျဖစ္ပါတယ္။ သူ႔အေနနဲ႔ လက္ရွိရာသီမွာ ၇ ဂိုးသြင္း ၆ ဂိုးဖန္တီးေပးထားသလို ယမန္ႏွစ္ရာသီတုန္းကလည္း ၃ ဂိုးသြင္းယူကာ ၁၀ ဂိုးဖန္တီးေပးခဲ့ပါတယ္။

CIES ရဲ႕ တန္ဖိုးျဖတ္မႈမွာ ေပါင္ ၁၀၆ သန္းအထိ ထိုက္တန္တဲ့ကစားသမားအျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ ဆာကာကို အာဆင္နယ္အသင္းဘက္က ယမန္ႏွစ္ရာသီကုန္ခ်ိန္ကမွ ကာလရွည္စာခ်ဳပ္သက္တမ္း တုိးျမွင့္ထားတာပါ။ ဒါေပမယ့္လည္း အာဆင္နယ္အသင္းရဲ႕ က်ရံႈးေနမႈေတြ၊ အက်ပ္အတည္းေတြနဲ႔ ဥေရာပဝင္ခြင့္လက္လႊတ္ရမႈေတြေၾကာင့္ ဂန္းနားေတြအေနနဲ႔ လာမယ့္ေႏြရာသီမွာ အဆုိပါၾကယ္ပြင့္ေလးကို ထိမ္းသိမ္းဖို႔ ခက္ခဲႏုိင္တယ္လုိ႔ ခရြတ္စ္က ဆိုခဲ့ပါတယ္။

စပါးကစားသမားေဟာင္းလည္းျဖစ္တဲ့ ခရြတ္စ္က ဘူကာယို ဆာကာလို အရည္အေသြးျပည့္ဝတဲ့ လူငယ္ၾကယ္ပြင့္တစ္ေယာက္ကို မန္ယူ၊ လီဗာပူးလ္၊ ခ်ယ္လ္ဆီး၊ မန္စီးတီးတို႔လိုအသင္းေတြက ပစ္မွတ္မထားဘူးလို႔ ယံုၾကည္ေနသူေတြရွိေနမယ္ဆိုရင္ သူတို႔ဟာရူးေနသူေတြသာ ျဖစ္လိမ့္မယ္လုိ႔ ဆုိသြားခဲ့ပါတယ္။

“မန္ယူ ဒါမွမဟုတ္ လီဗာပူးလ္က ဆာကာအတြက္ သူတို႔အိတ္ထဲက ေငြကို မထုတ္ခ်င္ၾကဘူးလို႔ ထင္ေနတာလား။ ဒီအသင္းေတြက သူ႔ကို ေခၚယူဖို႔ မၾကိဳးစားေလာက္ပါဘူးလို႔ ထင္ေနတာကမွ ရူးေၾကာင္ေၾကာင္ အေတြးပါ” လို႔ သူကဆိုခဲ့ပါတယ္။

“ဘူကာယို ဆာကာက ျပီးခဲ့တဲ့ရာသီေတြမွာ အာဆင္နယ္အတြက္ မယံုၾကည္ႏုိင္စရာ ေျခစြမ္းမ်ိဳးျပသခဲ့သူပါ။ လူတုိင္းက မန္စီးတီးက ဖီးလ္ ဖိုဒန္အေၾကာင္းကို ပိုေျပာျဖစ္ၾကပါတယ္။ ဒါေပမယ့္ ေသခ်ာတာကေတာ့ ဆာကာက ဖိုဒန္ထက္ မသာေတာင္ ဖိုဒန္ထက္ မညံ့တဲ့ ကစားသမားမ်ိဳး ဆိုတာပါပဲ။ အာဆင္နယ္ရဲ႕ လက္ရွိအေျခအေနေတြက ဆာကာကို ထိမ္းသိမ္းဖို႔ ခက္ခဲႏုိင္ပါတယ္” လို႔ ခရြတ္စ္က ေထာက္ျပသြားခဲ့ပါတယ္။

Source: TBR , BBC Sports

Leave a Reply