မာတင် အိုဒီဂတ်ကို အာဆင်နယ်အသင်း အပြီးသတ်ခေါ်ယူနိုင်တော့မလား

[UNICODE]

အာဆင်နယ်အသင်းဟာ ရာသီကုန်မှာ နော်ဝေကွင်းလယ်လူ မာတင် အိုဒီဂတ်ကို အပြီးသတ်ခေါ်ယူနိုင်တော့မယ်လို့ ယုံကြည်ချက်ပြည့်ဝနေပြီဖြစ်တယ်လို့ Daily Mail နဲ့ Goal တို့က ဖော်ပြလိုက်ပါတယ်။

ခိုင်လုံတဲ့သတင်းအရင်းအမြစ်တွေရဲ့ ဖော်ပြချက်တွေအရ အာဆင်နယ်အသင်းဟာ နော်ဝေကွင်းလယ်လူ မာတင် အိုဒီဂတ်ကို လာမယ့်နွေရာသီမှာ အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်နည်းပြ ဇီနဒင်း ဇီဒန်းနဲ့ ဆွေးနွေးမှုပြုလုပ်သွားဖို့ရှိနေပါတယ်။

ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ နော်ဝေကြယ်ပွင့်ကိုယ်တိုင်ကလည်း အာဆင်နယ်အသင်းမှာ အလွန်ပျော်ရွှင်နေပြီး ဘာနေဗျူးအခြေစိုက်ကလပ်ထံ ပြန်လိုခြင်းမရှိဘူးလို့ သိထားရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းမှာ အငှားသွားရောက်ကစားရင်း ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတဲ့ မာတင် အိုဒီဂတ်ကို လက်လွှတ်/မလွှတ် တိတိကျကျ ဆုံးဖြတ်ချက်မချမှတ်ရသေးပေမယ့် ကာယကံရှင်ရဲ့ စိတ်ဆန္ဒနဲ့ ရာသီကုန်မှာ ကစားသမားသစ်တွေခေါ်ယူဖို့အတွက် ငွေကြေးလိုအပ်ချက်ရှိနေတဲ့ အခြေအနေတွေကြောင့် နော်ဝေသားကို ရောင်းထုတ်နိုင်ခြေ ပိုများနေတယ်လို့ သတင်းတွေကဆိုပါတယ်။

သတင်းတွေအရ အိုဒီဂတ်ကိုယ်တိုင်ကလည်း ရီးရဲလ်ဘက်က သူ့ကို လက်လွှတ်လာအောင် နားချပေးဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူကို တိုက်တွန်းထားပြီး ဘာနေဗျူးကလပ်အနေနဲ့ ပေါင် သန်း ၄၀ နဲ့ ၅၁ သန်းအကြား ပမာဏနဲ့ ရောင်းထုတ်လာဖွယ်ရှိနေတယ်လို့ စပိန်မီဒီယာတွေကလည်း ဖော်ပြနေကြပါတယ်။ လက်ရှိမှာတော့ ထိပ်တန်းလောင်းကစားဒိုင်တွေကပါ အိုဒီဂတ်တစ်ယောက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လိမ့်မယ်လို့ ထင်ကြေးပေးနေကြပါပြီ။

မာတင် အိုဒီဂတ်ဟာ အာဆင်နယ်အသင်းနောက်ဆုံး ၄ ပွဲမှာ ရရှိခဲ့တဲ့ သွင်းဂိုး ၉ ဂိုးထဲက ၆ ဂိုးကို Pre-assist (ဂိုးဖန်တီးမှုမပြုလုပ်မှီ ဘောလုံးဖြန့်ဝေပေးပို့မှု) ပြုလုပ်ပေးနိုင်ခဲ့တဲ့အထိ အသင်းရဲ့ ကစားကွက်နဲ့ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိနေသူဖြစ်ပြီး နည်းပြအာတီတာသာကမ ဂန္တဝင်တွေနဲ့ ပရိတ်သတ်တွေကလည်း သူ့ကို အပြီးသတ်ခေါ်ယူပေးဖို့ အသင်းကို အပြင်းအထန်တိုက်တွန်းနေပါတယ်။

Source: Daily Mail

[ZAWGYI]

အာဆင္နယ္အသင္းဟာ ရာသီကုန္မွာ ေနာ္ေဝကြင္းလယ္လူ မာတင္ အိုဒီဂတ္ကို အျပီးသတ္ေခၚယူႏုိင္ေတာ့မယ္လို႔ ယံုၾကည္ခ်က္ျပည့္ဝေနျပီျဖစ္တယ္လုိ႔ Daily Mail နဲ႔ Goal တို႔က ေဖာ္ျပလုိက္ပါတယ္။

ခုိင္လံုတဲ့သတင္းအရင္းအျမစ္ေတြရဲ႕ ေဖာ္ျပခ်က္ေတြအရ အာဆင္နယ္အသင္းဟာ ေနာ္ေဝကြင္းလယ္လူ မာတင္ အိုဒီဂတ္ကို လာမယ့္ေႏြရာသီမွာ အျပီးသတ္ေခၚယူႏုိင္ဖို႔အတြက္ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီနဒင္း ဇီဒန္းနဲ႔ ေဆြးေႏြးမႈျပဳလုပ္သြားဖို႔ရွိေနပါတယ္။

ထိပ္တန္းသတင္းေထာက္ ဖာဘရီဇီယို ရိုမာႏိုရဲ႕ အဆုိအရ ေနာ္ေဝၾကယ္ပြင့္ကိုယ္တုိင္ကလည္း အာဆင္နယ္အသင္းမွာ အလြန္ေပ်ာ္ရႊင္ေနျပီး ဘာေနဗ်ဴးအေျခစိုက္ကလပ္ထံ ျပန္လိုျခင္းမရွိဘူးလို႔ သိထားရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အာဆင္နယ္အသင္းမွာ အငွားသြားေရာက္ကစားရင္း ေျခစြမ္းေကာင္းေတြ ဆက္တုိက္ျပသေနတဲ့ မာတင္ အိုဒီဂတ္ကို လက္လႊတ္/မလႊတ္ တိတိက်က် ဆံုးျဖတ္ခ်က္မခ်မွတ္ရေသးေပမယ့္ ကာယကံရွင္ရဲ႕ စိတ္ဆႏၵနဲ႔ ရာသီကုန္မွာ ကစားသမားသစ္ေတြေခၚယူဖို႔အတြက္ ေငြေၾကးလိုအပ္ခ်က္ရွိေနတဲ့ အေျခအေနေတြေၾကာင့္ ေနာ္ေဝသားကို ေရာင္းထုတ္ႏုိင္ေျခ ပိုမ်ားေနတယ္လုိ႔ သတင္းေတြကဆိုပါတယ္။

သတင္းေတြအရ အိုဒီဂတ္ကိုယ္တုိင္ကလည္း ရီးရဲလ္ဘက္က သူ႔ကို လက္လႊတ္လာေအာင္ နားခ်ေပးဖို႔ သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူကို တုိက္တြန္းထားျပီး ဘာေနဗ်ဴးကလပ္အေနနဲ႔ ေပါင္ သန္း ၄၀ နဲ႔ ၅၁ သန္းအၾကား ပမာဏနဲ႔ ေရာင္းထုတ္လာဖြယ္ရွိေနတယ္လုိ႔ စပိန္မီဒီယာေတြကလည္း ေဖာ္ျပေနၾကပါတယ္။ လက္ရွိမွာေတာ့ ထိပ္တန္းေလာင္းကစားဒိုင္ေတြကပါ အိုဒီဂတ္တစ္ေယာက္ အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕လိမ့္မယ္လုိ႔ ထင္ေၾကးေပးေနၾကပါျပီ။

မာတင္ အိုဒီဂတ္ဟာ အာဆင္နယ္အသင္းေနာက္ဆံုး ၄ ပြဲမွာ ရရွိခဲ့တဲ့ သြင္းဂိုး ၉ ဂိုးထဲက ၆ ဂိုးကို Pre-assist (ဂိုးဖန္တီးမႈမျပဳလုပ္မွီ ေဘာလံုးျဖန္႔ေဝေပးပို႔မႈ) ျပဳလုပ္ေပးႏုိင္ခဲ့တဲ့အထိ အသင္းရဲ႕ ကစားကြက္နဲ႔ စြမ္းေဆာင္ရည္အေပၚ သက္ေရာက္မႈရွိေနသူျဖစ္ျပီး နည္းျပအာတီတာသာကမ ဂႏၱဝင္ေတြနဲ႔ ပရိတ္သတ္ေတြကလည္း သူ႔ကို အျပီးသတ္ေခၚယူေပးဖို႔ အသင္းကို အျပင္းအထန္တုိက္တြန္းေနပါတယ္။

Source: Daily Mail

Leave a Reply