
[UNICODE]
အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီချက်ရရှိခဲ့ပြီဖြစ်တဲ့ နော်ဝေကြယ်ပွင့် မာတင် အိုဒီဂတ်ဟာ လန်ဒန်ကို ယမန်နေ့ညဦးပိုင်းတုန်းက သီးသန့်စင်းလုံးငှားလေယာဉ်နဲ့အတူ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ထိပ်တန်းမီဒီယာတွေရဲ့ တညီတညွတ်တည်းအတည်ပြုချက်တွေအရ အိုဒီဂတ်ဟာ အားကစားသမားတွေကို ခြွင်းချက်ပေးထားတဲ့ ကိုဗစ်ကာကွယ်ရေးစနစ်သစ်ကြောင့် ကွာရန်တင်းဝင်စရာမလိုပဲ အသင်းနဲ့ တိုက်ရိုက်ဆေးစစ်ပြီး စာချုပ်ချုပ်ဆိုတာ၊ ထုတ်ပြန်ကြေညာတာနဲ့ လေ့ကျင့်ခန်းဆင်းတာတွေ ချက်ခြင်းပြုလုပ်ခွင့်ရမှာဖြစ်တယ်လို့ သိထားရပါတယ်။

အိုဒီဂတ်ရဲ့ အငှားအပြောင်းအရွှေ့အတွက် အာဆင်နယ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်တို့အကြား အပြီးသတ်သဘောတူညီချက်ရရှိထားပြီးကြောင်း မိသားစုဝင်တချို့က အတည်ပြုထားပေမယ့် နှစ်ဘက်အသင်းတွေကတော့ သတင်းအချက်အလက်တွေ ထုတ်ပြန်ပြောဆိုကြခြင်းမရှိသေးပါဘူး။

ထိပ်တန်းသတင်းထောက် ဒေးဗစ် အွန်းစတိန်းကတော့ အိုဒီဂတ်ဟာ အာဆင်နယ်အသင်းထံကို ကာလတိုအငှားစာချုပ်နဲ့ ပြောင်းရွှေ့လလာမှာဖြစ်ပြီး တနင်္လာနေ့မှာ ဆေးစစ်မှုခံယူကာ စာချုပ်ပါတစ်ခါတစ်ချုပ်ဆိုသွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
အပြောင်းအရွှေ့ ဂုရုတစ်ယောက်အဖြစ် နာမည်ကျော်တဲ့ ဖာဘရီဇီယို ရိုမာနိုကလည်း အိုဒီဂတ်အတွက် သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးအကြားမှာ သဘောတူညီချက်ရရှိခဲ့ကြပြီးပြီဖြစ်ပြီး အငှားစာချုပ်ဟာ အနည်းဆုံး ရာသီကုန်အထိဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ ရိုမာနိုရဲ့အဆိုအရ အငှားသက်တမ်းဟာ ၆ လထက်ပိုမိုကြာမြင့်နိုင်ခြေရှိနေတယ်လို့ သိထားရတာပါ။
Source: Ornstein, Romano
[ZAWGYI]
အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီခ်က္ရရွိခဲ့ျပီျဖစ္တဲ့ ေနာ္ေဝၾကယ္ပြင့္ မာတင္ အိုဒီဂတ္ဟာ လန္ဒန္ကို ယမန္ေန႔ညဦးပိုင္းတုန္းက သီးသန္႔စင္းလံုးငွားေလယာဥ္နဲ႔အတူ ေရာက္ရွိလာခဲ့ျပီျဖစ္ပါတယ္။
ထိပ္တန္းမီဒီယာေတြရဲ႕ တညီတညြတ္တည္းအတည္ျပဳခ်က္ေတြအရ အိုဒီဂတ္ဟာ အားကစားသမားေတြကို ျခြင္းခ်က္ေပးထားတဲ့ ကိုဗစ္ကာကြယ္ေရးစနစ္သစ္ေၾကာင့္ ကြာရန္တင္းဝင္စရာမလိုပဲ အသင္းနဲ႔ တုိက္ရိုက္ေဆးစစ္ျပီး စာခ်ဳပ္ခ်ဳပ္ဆိုတာ၊ ထုတ္ျပန္ေၾကညာတာနဲ႔ ေလ့က်င့္ခန္းဆင္းတာေတြ ခ်က္ျခင္းျပဳလုပ္ခြင့္ရမွာျဖစ္တယ္လုိ႔ သိထားရပါတယ္။

အိုဒီဂတ္ရဲ႕ အငွားအေျပာင္းအေရႊ႕အတြက္ အာဆင္နယ္အသင္းနဲ႔ ရီးရဲလ္မက္ဒရစ္တို႔အၾကား အျပီးသတ္သေဘာတူညီခ်က္ရရွိထားျပီးေၾကာင္း မိသားစုဝင္တခ်ိဳ႕က အတည္ျပဳထားေပမယ့္ ႏွစ္ဘက္အသင္းေတြကေတာ့ သတင္းအခ်က္အလက္ေတြ ထုတ္ျပန္ေျပာဆိုၾကျခင္းမရွိေသးပါဘူး။

ထိပ္တန္းသတင္းေထာက္ ေဒးဗစ္ အြန္းစတိန္းကေတာ့ အိုဒီဂတ္ဟာ အာဆင္နယ္အသင္းထံကို ကာလတိုအငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕လလာမွာျဖစ္ျပီး တနလၤာေန႔မွာ ေဆးစစ္မႈခံယူကာ စာခ်ဳပ္ပါတစ္ခါတစ္ခ်ဳပ္ဆိုသြားမွာျဖစ္တယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။
အေျပာင္းအေရႊ႕ ဂုရုတစ္ေယာက္အျဖစ္ နာမည္ေက်ာ္တဲ့ ဖာဘရီဇီယို ရိုမာႏိုကလည္း အိုဒီဂတ္အတြက္ သက္ဆုိင္ရာပါဝင္ပတ္သက္သူေတြအားလံုးအၾကားမွာ သေဘာတူညီခ်က္ရရွိခဲ့ၾကျပီးျပီျဖစ္ျပီး အငွားစာခ်ဳပ္ဟာ အနည္းဆံုး ရာသီကုန္အထိျဖစ္တယ္လုိ႔ဆိုခဲ့ပါတယ္။ ရိုမာႏိုရဲ႕အဆုိအရ အငွားသက္တမ္းဟာ ၆ လထက္ပိုမိုၾကာျမင့္ႏုိင္ေျခရွိေနတယ္လို႔ သိထားရတာပါ။
Source: Ornstein, Romano