မာတီနယ်လီကို နည်းမှန်လမ်းမှန်နဲ့ မြေတောင်မြှောက်ပေးနေတာလို့ အာတီတာ တုန့်ပြန်

[UNICODE]

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက သူ့အနေနဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီကို သဘောကျနှစ်ခြိုက်ခြင်းမရှိတာကြောင့် ပွဲကစားခွင့်အခွင့်အရေး လုံလုံလောက်လောက် ပေးခြင်းမရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေကို ငြင်းဆိုလိုက်ပါတယ်။

စပိန်လူမျိုးနည်းပြက သူဟာ ဝေဖန်နေသူအားလုံးထက်ပိုပြီး မာတီနယ်လီကို သဘောကျနှစ်ခြိုက်သူဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်လေးကို နည်းမှန်လမ်းမှန်နဲ့ တိုးတက်အောင် မြေတောင်မြှောက်ပေးနေတာသာဖြစ်တယ်လို့ ခုခံပြောဆိုသွားပါတယ်။

“သူ လွန်ခဲ့တဲ့ နှစ်တွေမှာ ပွဲကစားချိန် ဘယ်လောက်ရခဲ့သလဲဆိုတာကို ပြန်ကြည့်သင့်ပါတယ်။ ကျွန်တော် လက်အောက်မှာ ဘယ်လောက်ကစားခွင့်ရခဲ့သလဲဆိုတာနဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။ ခင်ဗျားတို့ မှတ်တမ်းတွေကြည့်ပြီးမှ ကျွန်တော်တို့ ဒီကိစ္စကို ဆက်ဆွေးနွေးပါမယ်။ ခု ဝေဖန်ချက်တွေက အသင်းနိုင်ပွဲပျောက်ချိန်တိုင်းမှာပဲ အမြဲတမ်းထွက်ပေါ်လာတာက ထူးဆန်းတယ်မဟုတ်လား” လို့ အာတီတာက ဝေဖန်မှုတွေကို တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။

အာတီတာက မာတီနယ်လီဟာ ဆယ်ကျော်သက်အရွယ်မှာတင် ဆိုးရွားတဲ့ဒူးဒါဏ်ရာပြဿနာ ရင်ဆိုင်ခဲ့ရဖူးတဲ့ လူငယ်တစ်ယောက်ဖြစ်တာမို့ ကြံ့ခိုင်မှု၊ စိတ်ဒါဏ်ရာအခြေအနေနဲ့ ပွဲစဉ်အနေအထားတွေအပေါ်မူတည်ပြီး ချိန်ညှိပွဲထွက်ခွင့်ပေးနေတာသာဖြစ်တယ်လို့ ဆိုခဲ့ပြီး မလိုလားအပ်တဲ့ ဖိအားတွေ မဝင်အောင် ကာကွယ်နေတာလို့လည်း ဆိုပါတယ်။

“ဂါဘီက အပတ်တိုင်းတိုးတက်မှုရှိနေတဲ့ လူငယ်ကစားသမားတစ်ယောက်ပါ။ သူ့အနေနဲ့ သူနဲ့ထိုက်တန်တဲ့ ပွဲကစားချိန်ကို မှန်မှန်ကန်ကန်ရရှိသွားမယ်ဆိုတာ ကျွန်တော် ကတိပေးနိုင်ပါတယ်။ သူအကောင်းဆုံးလုပ်ပြနိုင်မယ်ဆိုတာကို ကျွန်တော် ယုံကြည်သလို ဒီထက်တိုးတက်လာမယ်ဆိုတာကိုလည်း သိထားပြီးသားပါ။ ဒီနေ့ပွဲစဉ်မှာဆိုရင် သူ တောင်ပံမှာကစားချိန်မှာ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သလိ No.9 role မှာကစားချိန်မှာလည်း အကောင်းဆုံး ကြိုးစားကစားသွားတာကို မြင်ကြမှာပါ” လို့ အာတီတာက ဆိုခဲ့ပါတယ်။

၁၉ နှစ်အရွယ် လူငယ်တိုက်စစ်ကစားသမား ဂါဘရီယယ် မာတီနယ်လီဟာ အာဆင်နယ်အသင်းအတွက် ၄၄ ပွဲအထိပါဝင်ကစားပေးထားပြီး အဆိုပါပွဲစဉ်တွေထဲက ၃ ပုံ ၂ ပုံနီးပါးဟာ နည်းပြအာတီတာ လက်အောက်မှာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

Source: Arsenal Media

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက သူ႔အေနနဲ႔ လူငယ္တုိက္စစ္မွဴး ဂါဘရီယယ္ မာတီနယ္လီကို သေဘာက်ႏွစ္ျခိဳက္ျခင္းမရွိတာေၾကာင့္ ပြဲကစားခြင့္အခြင့္အေရး လံုလံုေလာက္ေလာက္ ေပးျခင္းမရွိဘူးဆိုတဲ့ ေဝဖန္ခ်က္ေတြကို ျငင္းဆိုလုိက္ပါတယ္။

စပိန္လူမ်ိဳးနည္းျပက သူဟာ ေဝဖန္ေနသူအားလံုးထက္ပိုျပီး မာတီနယ္လီကို သေဘာက်ႏွစ္ျခိဳက္သူျဖစ္ျပီး ဘရာဇီးလ္ၾကယ္ပြင့္ေလးကို နည္းမွန္လမ္းမွန္နဲ႔ တိုးတက္ေအာင္ ေျမေတာင္ေျမွာက္ေပးေနတာသာျဖစ္တယ္လုိ႔ ခုခံေျပာဆိုသြားပါတယ္။

“သူ လြန္ခဲ့တဲ့ ႏွစ္ေတြမွာ ပြဲကစားခ်ိန္ ဘယ္ေလာက္ရခဲ့သလဲဆိုတာကို ျပန္ၾကည့္သင့္ပါတယ္။ ကၽြန္ေတာ္ လက္ေအာက္မွာ ဘယ္ေလာက္ကစားခြင့္ရခဲ့သလဲဆိုတာနဲ႔ ခ်ိန္ထိုးၾကည့္ႏုိင္ပါတယ္။ ခင္ဗ်ားတို႔ မွတ္တမ္းေတြၾကည့္ျပီးမွ ကၽြန္ေတာ္တုိ႔ ဒီကိစၥကို ဆက္ေဆြးေႏြးပါမယ္။ ခု ေဝဖန္ခ်က္ေတြက အသင္းႏုိင္ပြဲေပ်ာက္ခ်ိန္တုိင္းမွာပဲ အျမဲတမ္းထြက္ေပၚလာတာက ထူးဆန္းတယ္မဟုတ္လား” လို႔ အာတီတာက ေဝဖန္မႈေတြကို တုန္႔ျပန္ေျပာဆိုသြားခဲ့ပါတယ္။

အာတီတာက မာတီနယ္လီဟာ ဆယ္ေက်ာ္သက္အရြယ္မွာတင္ ဆိုးရြားတဲ့ဒူးဒါဏ္ရာျပႆနာ ရင္ဆုိင္ခဲ့ရဖူးတဲ့ လူငယ္တစ္ေယာက္ျဖစ္တာမို႔ ၾကံ့ခိုင္မႈ၊ စိတ္ဒါဏ္ရာအေျခအေနနဲ႔ ပြဲစဥ္အေနအထားေတြအေပၚမူတည္ျပီး ခ်ိန္ညွိပြဲထြက္ခြင့္ေပးေနတာသာျဖစ္တယ္လို႔ ဆိုခဲ့ျပီး မလိုလားအပ္တဲ့ ဖိအားေတြ မဝင္ေအာင္ ကာကြယ္ေနတာလို႔လည္း ဆိုပါတယ္။

“ဂါဘီက အပတ္တုိင္းတိုးတက္မႈရွိေနတဲ့ လူငယ္ကစားသမားတစ္ေယာက္ပါ။ သူ႔အေနနဲ႔ သူနဲ႔ထိုက္တန္တဲ့ ပြဲကစားခ်ိန္ကို မွန္မွန္ကန္ကန္ရရွိသြားမယ္ဆိုတာ ကၽြန္ေတာ္ ကတိေပးႏုိင္ပါတယ္။ သူအေကာင္းဆံုးလုပ္ျပႏုိင္မယ္ဆုိတာကို ကၽြန္ေတာ္ ယံုၾကည္သလို ဒီထက္တုိးတက္လာမယ္ဆိုတာကိုလည္း သိထားျပီးသားပါ။ ဒီေန႔ပြဲစဥ္မွာဆိုရင္ သူ ေတာင္ပံမွာကစားခ်ိန္မွာ ဂိုးဖန္တီးမႈျပဳလုပ္ႏုိင္ခဲ့သလိ No.9 role မွာကစားခ်ိန္မွာလည္း အေကာင္းဆံုး ၾကိဳးစားကစားသြားတာကို ျမင္ၾကမွာပါ” လို႔ အာတီတာက ဆိုခဲ့ပါတယ္။

၁၉ ႏွစ္အရြယ္ လူငယ္တုိက္စစ္ကစားသမား ဂါဘရီယယ္ မာတီနယ္လီဟာ အာဆင္နယ္အသင္းအတြက္ ၄၄ ပြဲအထိပါဝင္ကစားေပးထားျပီး အဆုိပါပြဲစဥ္ေတြထဲက ၃ ပံု ၂ ပံုနီးပါးဟာ နည္းျပအာတီတာ လက္ေအာက္မွာ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

Source: Arsenal Media

Leave a Reply