မာတီနယ်လီနဲ့ တီယာနီကို အတူပွဲထုတ်လို့ အဆင်ပြေနိုင်ပါ့မလား

[UNICODE]

နည်းပြ အာတီတာက ဘယ်တောင်ပံမှာ ခြေစွမ်းပြသနေတဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီနဲ့ ဘယ်နောက်ခံလူ ကီယန် တီယာနီတို့ကို အတူတွဲဖက်ပြီး ပွဲထုတ်နိုင်ဖို့ မျှော်လင့်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

မာတီနယ်လီဟာ လက်တလောမှာ ခြေစွမ်းပြသနေပေမယ့် တီယာနီကတော့ ဒါဏ်ရာပြဿနာကြောင့် လက်တလာမှာ အနားယူနေရပါတယ်။ အဆိုပါကစားသမား ၂ ဦးဟာ အတူတွဲဖက်ပြီး ကစားချိန် သိပ်များများစားစား မရှိသေးပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီကုန်ခါနီးကာလမှာ မာတီနယ်လီတစ်ယောက် ပြင်းထန်တဲ့ ဒူးဒါဏ်ရာရရှိခဲ့ပြီး အဆိုပါ ဒါဏ်ရာရရှိအောင် လေ့ကျင့်ရေးကွင်းမှာ ဖျက်ထုတ်ခဲ့သူဟာ ကီယန် တီယာနီဖြစ်တာမို့ သူတို့နှစ်ဦးအကြား ဆက်ဆံရေးဟာ သိပ်ပြီး ချောချောမွေ့မွေ့မဟုတ်ဘူးလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

နည်းပြအာတီတာကတော့ အဆိုပါသတင်းတွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ဖြေရှင်းပြောဆိုသွားတာမျိုးမရှိပေမယ့် မာတီနယ်လီနဲ့ တီယာနီတို့ကို အတူတွဲဖက်ပွဲထုတ်နိုင်ဖို့ မျှော်လင့်မိကြောင်းတော့ ပြောဆိုသွားပါတယ်။

“သူတို့နှစ်ဦးအကြားမှာ အဆက်အဆံရှိပါတယ်။ ဂရာနစ်နဲ့ဆိုရင်လည်း သူက ဂါဘီကို ကောင်းကောင်း ကူညီနိုင်ပါတယ်။ ဂရာနစ်က ဇုံအလိုက်ကစားတာမို့ ဂါဘီအနေနဲ့ ကစားရတာ ပိုသက်သောင့်သက်သာရှိပြီး ပိုလွတ်လပ်နိုင်ပါတယ်။ ဒါပေမယ့် ကီရန်နဲ့ကျ (သူကိုယ်တိုင်က တိုက်စစ်ကို ကောင်းကောင်းလိုက်ပါလေ့ရှိတာမို့) နည်းနည်းကွဲပြားပါတယ်။ ဒါပေမယ့် သူတို့အကြားမှာ သိပကောင်းတဲ့ ဆက်ဆံရေးတစ်ခုရှိနေတာကို ကျွန်တော်တို့ ခံစားမိပါတယ်” လို့ အာတီတာက မီဒီယာတွေက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အသက် ၁၉ နှစ်အရွယ် လူငယ်တိုက်စစ်ကစားသမား မာတီနယ်လီကို ပုံသေနေရာ သတ်မှတ်ပြီးကစားခိုင်းတာမျိုးထက် အထောင်တိုက်စစ်နဲ့ ဘယ်တောင်ပံတိုက်စစ်တွေမှာ အလျှဉ်းသင့်သလို နေရာချထားပြီး ကစားစေကာ ပိုမိုတိုးတက်အောင် ကူညီပေးသွားမယ်လို့လည်း အာတီတာက ပြောဆိုခဲ့ပါတယ်။

Source: Metro

[ZAWGYI]

နည္းျပ အာတီတာက ဘယ္ေတာင္ပံမွာ ေျခစြမ္းျပသေနတဲ့ လူငယ္တုိက္စစ္မွဴး ဂါဘရီယယ္ မာတီနယ္လီနဲ႔ ဘယ္ေနာက္ခံလူ ကီယန္ တီယာနီတို႔ကို အတူတြဲဖက္ျပီး ပြဲထုတ္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနတယ္လုိ႔ ေျပာဆိုလိုက္ပါတယ္။

မာတီနယ္လီဟာ လက္တေလာမွာ ေျခစြမ္းျပသေနေပမယ့္ တီယာနီကေတာ့ ဒါဏ္ရာျပႆနာေၾကာင့္ လက္တလာမွာ အနားယူေနရပါတယ္။ အဆုိပါကစားသမား ၂ ဦးဟာ အတူတြဲဖက္ျပီး ကစားခ်ိန္ သိပ္မ်ားမ်ားစားစား မရွိေသးပါဘူး။

ဒါ့အျပင္ ျပီးခဲ့တဲ့ရာသီကုန္ခါနီးကာလမွာ မာတီနယ္လီတစ္ေယာက္ ျပင္းထန္တဲ့ ဒူးဒါဏ္ရာရရွိခဲ့ျပီး အဆုိပါ ဒါဏ္ရာရရွိေအာင္ ေလ့က်င့္ေရးကြင္းမွာ ဖ်က္ထုတ္ခဲ့သူဟာ ကီယန္ တီယာနီျဖစ္တာမို႔ သူတို႔ႏွစ္ဦးအၾကား ဆက္ဆံေရးဟာ သိပ္ျပီး ေခ်ာေခ်ာေမြ႕ေမြ႕မဟုတ္ဘူးလို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။

နည္းျပအာတီတာကေတာ့ အဆုိပါသတင္းေတြနဲ႔ပတ္သက္ျပီး တစ္စံုတစ္ရာ ေျဖရွင္းေျပာဆိုသြားတာမ်ိဳးမရွိေပမယ့္ မာတီနယ္လီနဲ႔ တီယာနီတို႔ကို အတူတြဲဖက္ပြဲထုတ္ႏုိင္ဖုိ႔ ေမွ်ာ္လင့္မိေၾကာင္းေတာ့ ေျပာဆိုသြားပါတယ္။

“သူတို႔ႏွစ္ဦးအၾကားမွာ အဆက္အဆံရွိပါတယ္။ ဂရာနစ္နဲ႔ဆိုရင္လည္း သူက ဂါဘီကို ေကာင္းေကာင္း ကူညီႏုိင္ပါတယ္။ ဂရာနစ္က ဇံုအလုိက္ကစားတာမို႔ ဂါဘီအေနနဲ႔ ကစားရတာ ပိုသက္ေသာင့္သက္သာရွိျပီး ပိုလြတ္လပ္ႏုိင္ပါတယ္။ ဒါေပမယ့္ ကီရန္နဲ႔က် (သူကိုယ္တုိင္က တုိက္စစ္ကို ေကာင္းေကာင္းလုိက္ပါေလ့ရွိတာမို႔) နည္းနည္းကြဲျပားပါတယ္။ ဒါေပမယ့္ သူတို႔အၾကားမွာ သိပေကာင္းတဲ့ ဆက္ဆံေရးတစ္ခုရွိေနတာကို ကၽြန္ေတာ္တို႔ ခံစားမိပါတယ္” လို႔ အာတီတာက မီဒီယာေတြက ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ အသက္ ၁၉ ႏွစ္အရြယ္ လူငယ္တုိက္စစ္ကစားသမား မာတီနယ္လီကို ပံုေသေနရာ သတ္မွတ္ျပီးကစားခိုင္းတာမ်ိဳးထက္ အေထာင္တုိက္စစ္နဲ႔ ဘယ္ေတာင္ပံတုိက္စစ္ေတြမွာ အလွ်ဥ္းသင့္သလို ေနရာခ်ထားျပီး ကစားေစကာ ပိုမိုတုိးတက္ေအာင္ ကူညီေပးသြားမယ္လုိ႔လည္း အာတီတာက ေျပာဆိုခဲ့ပါတယ္။

Source: Metro

Leave a Reply