မာတီနယ်လီဟာ ဆန်းချက်ဇ်လို အသင်းရဲ့ ပေါက်ကွဲအားမြင့်တိုက်စစ်မှူးဖြစ်လာမလား

[UNICODE]

ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ ပါဝင်ကစားပြီး ခြေစွမ်းကောင်းပြသနိုင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီကို တချိန်ကအသင်းမှာ ခြေစွမ်းကောင်းတွေပြသခဲ့ဖူးတဲ့ ချီလီတောင်ပံတိုက်စစ်ကြယ်ပွင့် အလက်ဆစ် ဆန်းချက်ဇ်နဲ့ ခိုင်းနှိုင်းချီးမွမ်းမှုတွေ ရှိလာနေပါတယ်။

အသက် ၁၉ နှစအရွယ်သာရှိသေးတဲ့ မာတီနယ်လီဟာ ယမန်နှစ်ရာသီအစတုန်းကမှ ဘရာဇီးလ် စတုတ္ထတန်းကလပ် အီတူယာနိုအသင်းကနေ အာဆင်နယ်အသင်းထံံ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ၂၇ ပွဲပါဝင်ကစားကာ ၁၀ ဂိုးသွင်းယူပြီ ၂ ဂိုးဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာတော့ ပြင်းထန်တဲ့ ဒူးဒါဏ်ရာရရှိခဲ့ပြီး ကာလရှည်အနားယူခဲ့ရပေမယ့် ဒါဏ်ရာကနေ ပြန်လည်သက်သာချိန်မှာလည်း ခြေစွမ်းကောင်းအပြင် ပိုမိုကောင်းမွန်တဲ့ ပေါက်ကွဲအားနဲ့ ရုံးအားကိုပါ ပြသနိုင်နေတာကြောင့် ပရိသတ်တွေက သူ့ကို အထူးတလည်သဘောကျနေကြတာဖြစ်ပါတယ်။

မာတီနယ်လီဟာ ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာဆိုရင် အသင်းရဲ့ ဘယ်ခြမ်းကွင်းလယ်တိုက်စစ်ကစားသမားအဖြစ် ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ အသင်းဖေါ်တွေကို ကူညီပေးနိုင်ခဲ့တဲ့အပြင် အဆိုပါပွဲစဉ်မှာ အာဆင်နယ်ဘက်ခြမ်းက ဖျက်ထုတ်မှုအများဆုံးကစားသမား အဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်လေးရဲ့ တိုက်စစ်မှာရော ခံစစ်မှာပါ အင်တိုက်အားတိုက် ရုံးကန်ကစားတဲ့ ကစားဟန်အပေါ် ပရိတ်သတ်တွေနဲ့ ကျွမ်းကျင်သူတွေက တိုက်စစ်ကြယ်ပွင့်ဟောင်း အလက်ဆစ် ဆန်းချက်ဇ်နဲ့ နှိုင်းယှဉ်ချီးမွမ်းမှုတွေပြုလုပ်နေကြတာဖြစ်ပြီး ဆန်းချက်ဇ်လက်သစ်ဖြစ်လာလိမ့်မယ်လို့ ဆိုနေကြပါတယ်။

လက်ရှိ အင်တာမီလန်အသင်းမှာကစားနေတဲ့ ချီလီကြယ်ပွင့် အလက်ဆစ် ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းမှာကစားခဲ့တဲ့ ၃ ရာသီ ခွဲအတွင်းမှာ ပွဲပေါင်း ၁၆၆ ပွဲပါဝင်ကစားပြီး ဂိုး ၈၀ သွင်းယူကာ ၄၅ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။

[ZAWGYI]

ခ်ယ္လ္ဆီးနဲ႔ပြဲစဥ္မွာ ပါဝင္ကစားျပီး ေျခစြမ္းေကာင္းျပသႏုိင္ခဲ့တဲ့ လူငယ္တုိက္စစ္မွဴး ဂါဘရီယယ္ မာတီနယ္လီကို တခ်ိန္ကအသင္းမွာ ေျခစြမ္းေကာင္းေတြျပသခဲ့ဖူးတဲ့ ခ်ီလီေတာင္ပံတုိက္စစ္ၾကယ္ပြင့္ အလက္ဆစ္ ဆန္းခ်က္ဇ္နဲ႔ ခိုင္းႏိႈင္းခ်ီးမြမ္းမႈေတြ ရွိလာေနပါတယ္။

အသက္ ၁၉ ႏွစအရြယ္သာရွိေသးတ့ဲ မာတီနယ္လီဟာ ယမန္ႏွစ္ရာသီအစတုန္းကမွ ဘရာဇီးလ္ စတုတၳတန္းကလပ္ အီတူယာႏိုအသင္းကေန အာဆင္နယ္အသင္းထံံ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး အသင္းအတြက္ ၂၇ ပြဲပါဝင္ကစားကာ ၁၀ ဂိုးသြင္းယူၿပီ ၂ ဂိုးဖန္တီးေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ဇြန္လမွာေတာ့ ျပင္းထန္တဲ့ ဒူးဒါဏ္ရာရရွိခဲ့ျပီး ကာလရွည္အနားယူခဲ့ရေပမယ့္ ဒါဏ္ရာကေန ျပန္လည္သက္သာခ်ိန္မွာလည္း ေျခစြမ္းေကာင္းအျပင္ ပိုမိုေကာင္းမြန္တဲ့ ေပါက္ကြဲအားနဲ႔ ရံုးအားကိုပါ ျပသႏုိင္ေနတာေၾကာင့္ ပရိသတ္ေတြက သူ႔ကို အထူးတလည္သေဘာက်ေနၾကတာျဖစ္ပါတယ္။

မာတီနယ္လီဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ပြဲစဥ္မွာဆိုရင္ အသင္းရဲ႕ ဘယ္ျခမ္းကြင္းလယ္တုိက္စစ္ကစားသမားအျဖစ္ ပြဲထြက္လာခဲ့ျပီး တုိက္စစ္မွာ အသင္းေဖၚေတြကို ကူညီေပးႏုိင္ခဲ့တဲ့အျပင္ အဆိုပါပြဲစဥ္မွာ အာဆင္နယ္ဘက္ျခမ္းက ဖ်က္ထုတ္မႈအမ်ားဆံုးကစားသမား အျဖစ္ပါ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္ေလးရဲ႕ တုိက္စစ္မွာေရာ ခံစစ္မွာပါ အင္တုိက္အားတုိက္ ရံုးကန္ကစားတဲ့ ကစားဟန္အေပၚ ပရိတ္သတ္ေတြနဲ႔ ကၽြမ္းက်င္သူေတြက တိုက္စစ္ၾကယ္ပြင့္ေဟာင္း အလက္ဆစ္ ဆန္းခ်က္ဇ္နဲ႔ ႏိႈင္းယွဥ္ခ်ီးမြမ္းမႈေတြျပဳလုပ္ေနၾကတာျဖစ္ျပီး ဆန္းခ်က္ဇ္လက္သစ္ျဖစ္လာလိမ့္မယ္လုိ႔ ဆိုေႏၾကပါတယ္။

လက္ရွိ အင္တာမီလန္အသင္းမွာကစားေနတဲ့ ခ်ီလီၾကယ္ပြင့္ အလက္ဆစ္ ဆန္းခ်က္ဇ္ဟာ အာဆင္နယ္အသင္းမွာကစားခဲ့တဲ့ ၃ ရာသီ ခြဲအတြင္းမွာ ပြဲေပါင္း ၁၆၆ ပြဲပါဝင္ကစားျပီး ဂိုး ၈၀ သြင္းယူကာ ၄၅ ဂိုးဖန္တီးမႈျပဳလုပ္ႏုိင္ခဲ့သူျဖစ္ပါတယ္။

Leave a Reply