မာတီနယ်လီဟာ အာဆင်နယ်တိုက်စစ်ရဲ့ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းလား

[UNICODE]

လက်ရှိမှာ ဒါဏ်ရာကြောင့် အနားယူနေရတဲ့ ဘရာဇီးလ်လူမျိုး လူငယ်တိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီဟာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကို လုံးဝပြောင်းလဲသွားအောင် အသွင်ပြောင်းလဲပေးနိုင်မယ့် သူဖြစ်တယ်လို့ TBR သတင်းဌာနက သုံးသပ်ဖော်ပြလိုက်ပါတယ်။

အမြန်နှုန်းမြင့်မားပြီး အဆုံးသတ်စွမ်းရည်လည်းထက်မြက်တဲ့ မာတီနယ်လီဟာ ဘယ်တောင်ပံတိုက်စစ်မှာသာမက အထောင်တိုက်စစ်မှာလည်း ကစားနိုင်သူဖြစ်ပြီး လက်ရှိအာဆင်နယ်အသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည် ကျဆင်းနေမှုကို အဆုံးသတ်ပေးနိုင်မယ့် ကစားသမားဖြစ်တယ်လို့ အဆိုပါသတင်းဌာနက သုံးသပ်ပါတယ်။

တကယ်လို့ မာတီနယ်လီပြန်လည်ပါဝင်လာနိုင်ပြီး အူဘာမီယန်းကို အထောင်တိုက်စစ်မှာ ပြန်ထားနိုင်မယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည်ဟာ သိသိသာသာတိုးတက်ထက်မြက်လာမှာဖြစ်တယ်လို့ TBR က ဆိုပါတယ်။

အထူးသဖြင့် တီယာနီ၊ ဆာကာ၊ မာတီနယ်လီနဲ့ အူဘာမီယန်းတို့ ဦးဆောင်လာမယ့် အာဆင်နယ်အသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်ဟာ ပြိုင်ဘက်အသင်းရဲ့ တတိယဇုံကို ထိုးဖောက်ဝင်ရောက်ရာမှာ ပိုမိုထက်မြက်လာနိုင်တယ်လို့လည်း သတင်းမှာဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၉ နှစ်ရွယ်သာရှိသေးတဲ့ မာတီနယ်လီဟာ ယမန်နှစ်ရာသီအစတုန်းကမှ ဘရာဇီးလ်ကလပ် အီတူယာနိုအသင်းကနေ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ၂၆ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၁၀ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ထိခိုက်ဒါဏ်ရာရရှိခဲ့တာမို့ ၂၀၂၀ နှစ်ကုန်အထိ ကာလရှည်အနားယူနေရသူပါ။ လက်ရှိမှာအသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်နေပြီဖြစ်ပေမယ့် အသင်းကတော့ သူ့ရဲ့ ဒါဏ်ရာအခြေအနေကို စိတ်မချသေးတာမို့ ပွဲကစားခွင့်မပေးသေးပဲ စောင့်ကြည့်မှုပြုလုပ်သွားဖို့ရှိနေပါတယ်။

Source: TBR

[ZAWGYI]

လက္ရွိမွာ ဒါဏ္ရာေၾကာင့္ အနားယူေနရတဲ့ ဘရာဇီးလ္လူမ်ိဳး လူငယ္တုိက္စစ္မွဴး ဂါဘရီယယ္ မာတီနယ္လီဟာ အာဆင္နယ္အသင္းရဲ႕ တုိက္စစ္ကို လံုးဝေျပာင္းလဲသြားေအာင္ အသြင္ေျပာင္းလဲေပးႏုိင္မယ့္ သူျဖစ္တယ္လို႔ TBR သတင္းဌာနက သံုးသပ္ေဖာ္ျပလိုက္ပါတယ္။

အျမန္ႏႈန္းျမင့္မားျပီး အဆံုးသတ္စြမ္းရည္လည္းထက္ျမက္တဲ့ မာတီနယ္လီဟာ ဘယ္ေတာင္ပံတုိက္စစ္မွာသာမက အေထာင္တုိက္စစ္မွာလည္း ကစားႏုိင္သူျဖစ္ျပီး လက္ရွိအာဆင္နယ္အသင္းရဲ႕ တုိက္စစ္စြမ္းေဆာင္ရည္ က်ဆင္းေနမႈကို အဆံုးသတ္ေပးႏုိင္မယ့္ ကစားသမားျဖစ္တယ္လုိ႔ အဆုိပါသတင္းဌာနက သံုးသပ္ပါတယ္။

တကယ္လို႔ မာတီနယ္လီျပန္လည္ပါဝင္လာႏုိင္ျပီး အူဘာမီယန္းကို အေထာင္တိုက္စစ္မွာ ျပန္ထားႏုိင္မယ္ဆိုရင္ အာဆင္နယ္အသင္းရဲ႕ တုိက္စစ္စြမ္းေဆာင္ရည္ဟာ သိသိသာသာတိုးတက္ထက္ျမက္လာမွာျဖစ္တယ္လုိ႔ TBR က ဆိုပါတယ္။

အထူးသျဖင့္ တီယာနီ၊ ဆာကာ၊ မာတီနယ္လီနဲ႔ အူဘာမီယန္းတို႔ ဦးေဆာင္လာမယ့္ အာဆင္နယ္အသင္းရဲ႕ ဘယ္ျခမ္းတုိက္စစ္ဟာ ျပိဳင္ဘက္အသင္းရဲ႕ တတိယဇံုကို ထိုးေဖာက္ဝင္ေရာက္ရာမွာ ပိုမိုထက္ျမက္လာႏုိင္တယ္လုိ႔လည္း သတင္းမွာေဖာ္ျပသြားခဲ့ပါတယ္။

အသက္ ၁၉ ႏွစ္ရြယ္သာရွိေသးတဲ့ မာတီနယ္လီဟာ ယမန္ႏွစ္ရာသီအစတုန္းကမွ ဘရာဇီးလ္ကလပ္ အီတူယာႏိုအသင္းကေန အာဆင္နယ္အသင္းထံကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၆ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး အသင္းအတြက္ ၂၆ ပြဲပါဝင္ကစားေပးခဲ့ရာမွာ ၁၀ ဂိုးသြင္းယူႏုိင္ခဲ့ျပီး ၂ ဂိုးဖန္တီးေပးႏုိင္ခဲ့ပါတယ္။

ျပီးခဲ့တဲ့ ဇြန္လတုန္းကေတာ့ အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္မွာ ထိခုိက္ဒါဏ္ရာရရွိခဲ့တာမို႔ ၂၀၂၀ ႏွစ္ကုန္အထိ ကာလရွည္အနားယူေနရသူပါ။ လက္ရွိမွာအသင္းနဲ႔ ေလ့က်င့္ခန္းျပန္ဆင္းႏုိင္ေနျပီျဖစ္ေပမယ့္ အသင္းကေတာ့ သူ႔ရဲ႕ ဒါဏ္ရာအေျခအေနကို စိတ္မခ်ေသးတာမို႔ ပြဲကစားခြင့္မေပးေသးပဲ ေစာင့္ၾကည့္မႈျပဳလုပ္သြားဖို႔ရွိေနပါတယ္။

Source: TBR

Leave a Reply