
[UNICODE]
အာဆင်နယ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က ဂန်းနားတွေအနေနဲ့ ဒါဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိနေတဲ့ သောမတ် ပါတေးနေရာမှာ စွယ်စုံရကစားသမား အိန်းစလေ မိတ်လန်-နိုင်းလ်စ်ကို အစားထိုးကစားစေသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
နည်းပြဖြစ်သူ မီခယ် အာတီတာဟာ နိုင်းလ်စ်ကို ရက်ပစ်ဝီယန်နဲ့ပွဲစဉ်တုန်းက ကွင်းလယ်ဗဟိုမှာ စမ်းသပ်သုံးစွဲခဲ့ပြီး ညက်ညောတဲ့ကစားဟန်မျိုးပြန်လည် အသက်သွင်းနိုင်အောင် ၂၃ နှစ်သားကွင်းလယ်လူလေးက စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

အာတီတာကိုယ်တိုင်က နိုင်းလ်စ်ရဲ့ ဘောလုံးဖြန့်ဝေနိုင်စွမ်းနဲ့ ကွင်းလယ်တိုက်စစ်ကို ပုံဖော်နိုင်စွမ်းတွေကို တခုတ်တရချီးမွမ်းစကားဆိုသွားခဲ့ပြီး ကွင်းလယ်မှာ ဆက်လက်အသုံးပြုဖွယ်ရှိကြောင်းလည်း အရိပ်အမြွက်ထုတ်ဖော်ပြောဆိုထားပါတယ်။
စပါးနဲ့ပွဲစဉ်မှာ အဓိကကွင်းလယ်လူ သောမတ် ပါတေးတစ်ယောက် ပေါင်ခြံဒါဏ်ရာနောက်တစ်ကြိမ်ပြန်ရသွားပြီး ကာလရှည်အနားယူရဖွယ်ရှိလာတာမို့ အာဆင်နယ်အသင်းဟာ ကွင်းလယ်ဗဟိုနေရာအတွက် ကစားသမားလိုအပ်ချက်ရှိနေလာနေပြီဖြစ်တာမို့ နိုင်းလ်စ်ကို တောင်ပံခံစစ်ကနေ ကွင်းလယ်ဗဟိုမှာ နေရာချထားပြီး ကစားစေဖို့ ကမ်းဘဲလ်ကတိုက်တွန်းသွားခဲ့ပါတယ်။

“သူက ပုံမှန်ပွဲကစားခွင့်ရချင်နေပါတယ်။ သူ့အရည်အသွေးနဲ့ဆိုရင် ဒါက မှားတယ်လို့ မပြောသာပါဘူး။ နောက်ပြီး ကွင်းလယ်လူဟောင်းဖြစ်တဲ့ သူက နဂိုကတည်းက ကွင်းလယ်ဗဟိုမှာပဲ ဆော့ချင်ခဲ့တာပါ။ သူက ပွဲကိုဖတ်နိုင်စွမ်းရှိပြီးတော့ သောမတ် ပါတေးရဲ့ နေရာမှာ ဝင်ကစားနိုင်စွမ်းလည်းရှိပါတယ်”
“နိုင်းလ်စ်က ပါတေးမဟုတ်တာတော့ သေချာပါတယ်။ ဒါပေမယ့် သူက တခြားစတိုင်တစ်ခုနဲ့ကစားသမားပါ။ သူက ကစားသမားကောင်းဖြစ်ပြီး ပါတေးရဲ့နေရာကို သေချာပေါက် အစားထိုးနိုင်တဲ့သူမျိုးပါ” လို့လည်း ကမ်းဘဲလ်ကဆိုသွားခဲ့ပါတယ်။
Source: Goal
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္တုိက္စစ္မွဴးေဟာင္း ကီဗင္ ကမ္းဘဲလ္က ဂန္းနားေတြအေနနဲ႔ ဒါဏ္ရာေၾကာင့္ ကာလရွည္အနားယူရဖြယ္ရွိေနတဲ့ ေသာမတ္ ပါေတးေနရာမွာ စြယ္စံုရကစားသမား အိန္းစေလ မိတ္လန္-ႏုိင္းလ္စ္ကို အစားထိုးကစားေစသင့္တယ္လုိ႔ တိုက္တြန္းေျပာဆိုလိုက္ပါတယ္။
နည္းျပျဖစ္သူ မီခယ္ အာတီတာဟာ ႏိုင္းလ္စ္ကို ရက္ပစ္ဝီယန္နဲ႔ပြဲစဥ္တုန္းက ကြင္းလယ္ဗဟိုမွာ စမ္းသပ္သံုးစြဲခဲ့ျပီး ညက္ေညာတဲ့ကစားဟန္မ်ိဳးျပန္လည္ အသက္သြင္းႏုိင္ေအာင္ ၂၃ ႏွစ္သားကြင္းလယ္လူေလးက စြမ္းေဆာင္ျပႏုိင္ခဲ့ပါတယ္။

အာတီတာကိုယ္တုိင္က ႏုိင္းလ္စ္ရဲ႕ ေဘာလံုးျဖန္႔ေဝႏုိင္စြမ္းနဲ႔ ကြင္းလယ္တုိက္စစ္ကို ပံုေဖာ္ႏုိင္စြမ္းေတြကို တခုတ္တရခ်ီးမြမ္းစကားဆိုသြားခဲ့ျပီး ကြင္းလယ္မွာ ဆက္လက္အသံုးျပဳဖြယ္ရွိေၾကာင္းလည္း အရိပ္အျမြက္ထုတ္ေဖာ္ေျပာဆိုထားပါတယ္။
စပါးနဲ႔ပြဲစဥ္မွာ အဓိကကြင္းလယ္လူ ေသာမတ္ ပါေတးတစ္ေယာက္ ေပါင္ျခံဒါဏ္ရာေနာက္တစ္ၾကိမ္ျပန္ရသြားျပီး ကာလရွည္အနားယူရဖြယ္ရွိလာတာမို႔ အာဆင္နယ္အသင္းဟာ ကြင္းလယ္ဗဟိုေနရာအတြက္ ကစားသမားလိုအပ္ခ်က္ရွိေနလာေနျပီျဖစ္တာမို႔ ႏိုင္းလ္စ္ကို ေတာင္ပံခံစစ္ကေန ကြင္းလယ္ဗဟိုမွာ ေနရာခ်ထားျပီး ကစားေစဖို႔ ကမ္းဘဲလ္ကတုိက္တြန္းသြားခဲ့ပါတယ္။

“သူက ပံုမွန္ပြဲကစားခြင့္ရခ်င္ေနပါတယ္။ သူ႕အရည္အေသြးနဲ႔ဆိုရင္ ဒါက မွားတယ္လို႔ မေျပာသာပါဘူး။ ေနာက္ျပီး ကြင္းလယ္လူေဟာင္းျဖစ္တဲ့ သူက နဂိုကတည္းက ကြင္းလယ္ဗဟိုမွာပဲ ေဆာ့ခ်င္ခဲ့တာပါ။ သူက ပြဲကိုဖတ္ႏုိင္စြမ္းရွိျပီးေတာ့ ေသာမတ္ ပါေတးရဲ႕ ေနရာမွာ ဝင္ကစားႏုိင္စြမ္းလည္းရွိပါတယ္”
“ႏုိင္းလ္စ္က ပါေတးမဟုတ္တာေတာ့ ေသခ်ာပါတယ္။ ဒါေပမယ့္ သူက တျခားစတုိင္တစ္ခုနဲ႔ကစားသမားပါ။ သူက ကစားသမားေကာင္းျဖစ္ျပီး ပါေတးရဲ႕ေနရာကို ေသခ်ာေပါက္ အစားထိုးႏုိင္တဲ့သူမ်ိဳးပါ” လို႔လည္း ကမ္းဘဲလ္ကဆိုသြားခဲ့ပါတယ္။
Source: Goal