မော်ရင်ဟိုနဲ့ နှိုင်းယှဉ်ခံခဲ့ရတဲ့ မီခယ် အာတီတာ

[UNICODE]

လက်ရှိအာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာရဲ့ ပွဲကြိုပြင်ဆင်ပုံတွေနဲ့ ပြိုင်ဘက်ကို စိတ်ရှည်ရှည်စောင့်ပြီး ချက်ကောင်းကို ထိုးနှက်တက်တဲ့ပုံစံက ခေတ်ကောင်းစဉ်ကာလက ဂျိုဇီ မော်ရင်ဟိုကို ပြန်မြင်နေရသလိုမျိုးပဲလို့ မန်ယူဂန္တဝင်ဟောင်း ဂယ်ရီ နဗီးလ်က နှိုင်းယှဉ်ချီးမွမ်းစကားဆိုလိုက်ပါတယ်။

၂၀၀၀ ခုနှစ်မှာ ဘင်ဖီကာအသင်းနဲ့အတူ နည်းပြလောကထဲကို ဝင်ရောက်လာပြီး ၂၀၀၃ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားရယူကာ ကမ္ဘာဘောလုံးစင်မြင့်မှာ နာမည်ရလာခဲ့တဲ့ မော်ရင်ဟိုဟာ တစ်ပွဲချင်းစီကို အသေးစိတ် Game Plan ချမှတ်ကာ အာရုံစိုက်ချဉ်းကပ်မှုတွေကြောင့် ထင်ရှားခဲ့ပါတယ်။

ခုချိန်မှာလည်း မန်ယူ ဂန္တဝင်ဟောင်း ဂယ်ရီ နဗီးလ်က အာတီတာရဲ့ တစ်ပွဲချင်းစီကို အသေးစိတ် နည်းဗျူဟာ ပြင်ဆင်တတ်တဲ့ အကျင့်ကြောင့် ခေတ်ကောင်းစဉ်ကာလက မော်ရင်ဟိုကို ပြန်မြင်နေရသလိုပဲလို့ သူ့ရဲ့ ကိုယ်ပိုင် Youtube Channel မှာ ပြုလုပ်တဲ့ Podcast မှာ ပြောဆိုလိုက်ပါတယ်။

“သူ့ရဲ့ ပွဲကြိုအစီအမံတွေက ထိရောက်တယ်၊ ပုံစံကျတယ်၊ စုစုစည်းစည်းရှိတယ်။ နောက်ပြီး အရမ်းလည်း ကောင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်က မန်ယူနဲ့ ချယ်လ်ဆီးရင်ဆိုင်တော့ နှစ်သင်းဆီကနေ ဒီလိုခံစားချက်မျိုး လုံးဝမရခဲ့ပါဘူး။ ဒါပေမယ့် အာဆင်နယ်က မန်ယူကို ရင်ဆိုင်ချိန်မှာတော့ ဒီခံစားချက်ကို ရခဲ့ပါတယ်” လို့ Sky Sports ရဲ့ သုံးသပ်သူ နဗီးလ်က ဆိုခဲ့ပါတယ်။

“အဲ့ဒီပွဲတုန်းက မန်ယူက ဂိုးတွေသွင်းမယ်ဆိုတဲ့ စိတ်နဲ့လာခဲ့ပေမယ့် တကယ်တမ်း ကွင်းထဲမှာ သူတို့ ဘာလုပ်ရမယ်မှန်း မယ်မယ်ရရသိမနေခဲ့ပါဘူး။ အာတီတာကတော့ သူဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်နေသလိုမျိုးပါ။ ပြီးတော့ သူ ကြိုတင်စီစဉ်လာတဲ့အတိုင်း အတိအကျ လုပ်ပြသွားခဲ့တာပါ။ သူ့ရဲ့ ပွဲကြိုပြင်ဆင်မှုတွေနဲ့ စွမ်းဆောင်ချက်တွေက လွန်ခဲ့တဲ့ နှစ်အတန်ကြာတုန်းက အမိုက်စားမော်ရင်ဟိုကို ပြန်သတိရစေပါတယ်” လို့ နဗီးလ်က နှိုင်းယှဉ်သုံးသပ်သွားတာဖြစ်ပါတယ်။

“သူတို့ရဲ့ လုပ်ပုံကိုင်ပုံက လက်ဝှေ့သမားတွေလိုပါပဲ။ ချက်ကောင်းကိုထိုးဖို့ စိတ်ရှည်ရှည်နဲ့စောင့်ပြီးမှ တစ်ဖက်လူကို အပိုင်ထိုးတာမျိုးပါ။ လုံးဝ အမှောက်ပါပဲ။ စီစဉ်ထားတဲ့အတိုင်း ကွက်တိဖြစ်အောင်လည်း လုပ်ပါတယ်။ သူတို့ခွင်ထဲဝင်သွားရင်တော့ဖြင့် ပွဲပြီးပါပြီ။ အာတီတာက မန်ယူနဲ့ပွဲစဉ်မှာ ဒီလိုပုံစံအတိုင်း ကောင်းကောင်းစီမံပြသွားတာပါ” လို့လည်း မန်ယူ ဂန္တဝင်ဟောင်းက ဆိုခဲ့ပါသေးတယ်။

Source: Football London

[ZAWGYI]

လက္ရွိအာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာရဲ႕ ပြဲၾကိဳျပင္ဆင္ပံုေတြနဲ႔ ျပိဳင္ဘက္ကို စိတ္ရွည္ရွည္ေစာင့္ျပီး ခ်က္ေကာင္းကို ထိုးႏွက္တက္တဲ့ပံုစံက ေခတ္ေကာင္းစဥ္ကာလက ဂ်ိဳဇီ ေမာ္ရင္ဟိုကို ျပန္ျမင္ေနရသလိုမ်ိဳးပဲလို႔ မန္ယူဂႏၱဝင္ေဟာင္း ဂယ္ရီ နဗီးလ္က ႏိႈင္းယွဥ္ခ်ီးမြမ္းစကားဆိုလုိက္ပါတယ္။

၂၀၀၀ ခုႏွစ္မွာ ဘင္ဖီကာအသင္းနဲ႔အတူ နည္းျပေလာကထဲကို ဝင္ေရာက္လာျပီး ၂၀၀၃ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ဖလားရယူကာ ကမၻာေဘာလံုးစင္ျမင့္မွာ နာမည္ရလာခဲ့တဲ့ ေမာ္ရင္ဟိုဟာ တစ္ပြဲခ်င္းစီကို အေသးစိတ္ Game Plan ခ်မွတ္ကာ အာရံုစိုက္ခ်ဥ္းကပ္မႈေတြေၾကာင့္ ထင္ရွားခဲ့ပါတယ္။

ခုခ်ိန္မွာလည္း မန္ယူ ဂႏၱဝင္ေဟာင္း ဂယ္ရီ နဗီးလ္က အာတီတာရဲ႕ တစ္ပြဲခ်င္းစီကို အေသးစိတ္ နည္းဗ်ဴဟာ ျပင္ဆင္တတ္တဲ့ အက်င့္ေၾကာင့္ ေခတ္ေကာင္းစဥ္ကာလက ေမာ္ရင္ဟိုကို ျပန္ျမင္ေနရသလိုပဲလို႔ သူ႔ရဲ႕ ကိုယ္ပိုင္ Youtube Channel မွာ ျပဳလုပ္တဲ့ Podcast မွာ ေျပာဆိုလုိက္ပါတယ္။

“သူ႔ရဲ႕ ပြဲၾကိဳအစီအမံေတြက ထိေရာက္တယ္၊ ပံုစံက်တယ္၊ စုစုစည္းစည္းရွိတယ္။ ေနာက္ျပီး အရမ္းလည္း ေကာင္းခဲ့ပါတယ္။ လြန္ခဲ့တဲ့တစ္ပတ္က မန္ယူနဲ႔ ခ်ယ္လ္ဆီးရင္ဆုိင္ေတာ့ ႏွစ္သင္းဆီကေန ဒီလိုခံစားခ်က္မ်ိဳး လံုးဝမရခဲ့ပါဘူး။ ဒါေပမယ့္ အာဆင္နယ္က မန္ယူကို ရင္ဆုိင္ခ်ိန္မွာေတာ့ ဒီခံစားခ်က္ကို ရခဲ့ပါတယ္” လို႔ Sky Sports ရဲ႕ သံုးသပ္သူ နဗီးလ္က ဆိုခဲ့ပါတယ္။

“အဲ့ဒီပြဲတုန္းက မန္ယူက ဂိုးေတြသြင္းမယ္ဆိုတဲ့ စိတ္နဲ႔လာခဲ့ေပမယ့္ တကယ္တမ္း ကြင္းထဲမွာ သူတို႔ ဘာလုပ္ရမယ္မွန္း မယ္မယ္ရရသိမေနခဲ့ပါဘူး။ အာတီတာကေတာ့ သူဘာလုပ္ရမယ္ဆိုတာကို ေကာင္းေကာင္းနားလည္ေနသလိုမ်ိဳးပါ။ ျပီးေတာ့ သူ ၾကိဳတင္စီစဥ္လာတဲ့အတုိင္း အတိအက် လုပ္ျပသြားခဲ့တာပါ။ သူ႔ရဲ႕ ပြဲၾကိဳျပင္ဆင္မႈေတြနဲ႔ စြမ္းေဆာင္ခ်က္ေတြက လြန္ခဲ့တဲ့ ႏွစ္အတန္ၾကာတုန္းက အမိုက္စားေမာ္ရင္ဟိုကို ျပန္သတိရေစပါတယ္” လို႔ နဗီးလ္က ႏိႈင္းယွဥ္သံုးသပ္သြားတာျဖစ္ပါတယ္။

“သူတို႔ရဲ႕ လုပ္ပံုကိုင္ပံုက လက္ေဝွ႔သမားေတြလိုပါပဲ။ ခ်က္ေကာင္းကိုထိုးဖို႔ စိတ္ရွည္ရွည္နဲ႔ေစာင့္ျပီးမွ တစ္ဖက္လူကို အပိုင္ထိုးတာမ်ိဳးပါ။ လံုးဝ အေမွာက္ပါပဲ။ စီစဥ္ထားတဲ့အတုိင္း ကြက္တိျဖစ္ေအာင္လည္း လုပ္ပါတယ္။ သူတို႔ခြင္ထဲဝင္သြားရင္ေတာ့ျဖင့္ ပြဲျပီးပါျပီ။ အာတီတာက မန္ယူနဲ႔ပြဲစဥ္မွာ ဒီလိုပံုစံအတုိင္း ေကာင္းေကာင္းစီမံျပသြားတာပါ” လို႔လည္း မန္ယူ ဂႏၱဝင္ေဟာင္းက ဆိုခဲ့ပါေသးတယ္။

Source: Football London

Leave a Reply