
သာသနာတော်သက္ကဇ် ၂၅၆၆ ခုနှစ် မြန်မာသက္ကဇ် ၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်အတွက် ဆရာကြီး အောင်ချစ်မင်း၏ တစ်နှစ်စာ အထူးဟောစာတမ်းကြီးကို လိုတိုရှင်း စာဖတ်ပရိတ်သတ်များအတွက် ဖော်ပြပေးလိုက်ပါတယ် … ဘေးဘယာဝေးကွာပြီး အေးချမ်းသာယာသော နှစ်တစ်နှစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ …

တနင်္ဂနွေ
ယခုနှစ်တွင် အလုပ်အကိုင်ရွေးချယ်မှုများသော်လည်း အလုပ်အကိုင်တည်မြဲမှုမရှိတတ်ပါ။ အကြီးအကဲတို့နှင့်ပတ်သတ်၍ စိတ်ဆင်းရဲစရာ ကိစ္စများကြုံတွေ့ရမည်။ ရေလုပ်ငန်း၊ အုတ်လုပ်ငန်းများ၊ အိမ်ဆောက်ပစ္စည်းလုပ်ငန်းများနှင့်ပတ်သတ်သော် ငွေ၊ လူ အလိမ်ခံရတတ်ပါသည်။ ရွှေနှင့် အကျိုးဆောင်ပွဲစားလုပ်ငန်းတို့မှ အကျိုးအမြတ်ရရှိပေမည်။ ကျန်းမာရေးတွင် ဦးခေါင်းကိုက်ခဲတတ်ပြီး အမျိုးသမီးများ သားအိမ်နှင့် မီးယပ်ရောဂါဝေဒနာတို့ဖြစ်တတ်သည်။ ပညာရေးတွင် အစပိုင်းအကြပ်အတည်း ကြုံရပြီး နောက်ပိုင်းတွင် အောင်မြင်မှုရရှိအံ့။
ယတြာ။ ။ မွေးနေ့ နံနက်၇ :၁၅ အချိန်တွင် အိမ်ဘုရား၌ သပြေ (၆) ညွန့် လှူဒါန်းပြီး လိုရာဆုတောင်းပါ။

တနင်္လာ
ယခုနှစ်တွင် ဝင်ငွေကောင်းသော်လည်း အသုံးစားရိတ်များအတွက် စိတ်ပူပင်ရတတ်ပါသည်။ မိဘ၏ကောင်းကျိုး ချမ်းသာခံစားရတတ်ပါသည်။ သူတစ်ပါးတို့၏ ကိစ္စများကြောင့် ပြဿနာများ ရှင်းရတတ်သည်။ ကျောက်မျက် ရတနာလုပ်ငန်း၊ ကုန်သည်လုပ်ငန်းတို့မှ အကျိုးအမြတ်များရရှိပေမည်။ ကျန်းမာရေးနှင့် ပတ်သက်၍ သွေးအား နည်းခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းများ ကြုံတွေ့ရမည်။ ပညာရေးတွင် သူတပါးထက် အားစိုက်ထုတ်ရမည့် နှစ်ဖြစ်သည်။
ယတြာ။ ။မွေးနေ့ နံနက် ၉: ၄၅ အချိန်တွင် နှင်းဆီ (၁၀ ) ပွင့်လှူဒါန်းပြီး လိုရာဆုတောင်းပါ။

အင်္ဂါ
ယခုနှစ်တွင် စိတ်ကူးထားသော အကောင်အထည်ဖော်ပြီးလုပ်ငန်းသစ်များကို လုပ်ဆောင်ရာတွင်အောင်မြင်မှုရှိပေလိမ့်မည်။ လုပ်ငန်းတွေကိုလည်း အာရုံထည့်ပြီးသေချာလုပ်ရပါလိမ့်မည်။ စားသောက်ကုန်၊ ဆေးဆိုင်လုပ်ငန်း၊ စက်ပစ္စည်နှင့်ပတ်သက်သောလုပ်ငန်းတွေ ထူးအကျိုးပေးအောင်မြင်ပါလိမ့်မည်။ မတော်တဆမှုရှိနိုင်ပေမဲ့လည်း အသက်ဘေးမှ လွတ်မြောက်ပါလိမ့်မည်။ ပညာရေးတွင် စိတ်လေလွင့်မှုများနေတတ်ပါတယ်။ ကျန်းမာရေးတွင်အာရုံကြောနှင့်ပတ်သက်သော ဝေဒနာခံစားရတတ်သည်။
ယတြာ။ ။မွေးနေ့နံနက် ၆ :၂၀ အချိန်တွင် အုန်းနို့ခေါက်ဆွဲ (၁) ပန်းကန်လှူဒါန်းပြီး လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူး
ယခုနှစ်တွင် အလုပ်အကိုင်လုပ်သမျှ အောင်မြင်ပြီးသူတပါးမနာလိုမှုတွေရှိနေတတ်သည်။ အလုပ်တွင်နာမည်ကောင်းရတတ်သည်။ သတင်းကောင်းတွေလည်း ဆက်တိုက်ကြားရတတ်ပါသည်။ မည်သည့်အရာမဆို မရ-ရအောင် ဇွဲနှင့်လုပ်တတ်သူဖြစ်၏။ လက်မှုအနုပညာလုပ်ငန်း၊ ရွှေပန်းတိမ်လုပ်ငန်းတို့နှင့် အကျိုးပေးလိမ့်မည်။ပညာရေးတွင် ကံကောင်းတတ်သော နှစ်ဖြစ် သင်တန်းများစွာ တက်ရတတ်၏။ ကျန်းမာရေးတွင် ရင်ကြပ်ပန်းနာဝေဒနာခံစားရတတ်၏။
ယတြာ။ ။မွေးနေ့နံနက် ၇ :၃၂ အချိန် ကိတ်မုန့် (၉) ခု လှူဒါန်းပြီး လိုရာဆုတောင်းပါ။

ကြာသပတေး
ယခုနှစ်တွင် လုပ်ငန်းခွင်ပြဿနာများ သူမတူအောင် များနိုင်ပေလိမ့်မည်။ သတိနှင့်ဆင်ခြင်လုပ်နိုင်မှသာ လုပ်ငန်းများ အဆင်ပြေနိုင်ပေလိမ့်မည်။ လောင်းကစားကြောင့် စိတ်ပျက်စရာများကြုံတွေ့ရတတ်သည်။ အတွေးအခေါ်တွေ မှားယွင်ပြီး မိတ်ဆွေကောင်းနှင့် ငွေကြေး ဆုံးရှုံးတတ်သည်။ နှလုံးနှင့် ပတ်သတ်၍ ဝေဒနာခံစားရတတ်သည်။မြေကိစ္စစကားများအမှုဖြစ်တတ်သည်။ ပညာရေးနှင့်ပတ်သက်ပြီး စိတ်လေစရာတွေဖြစ်ပေါ်လာတတ်သည်။
ယတြာ။ ။မွေးနေ့နံနက် ၈ :၂၇ အချိန်တွင် စံပယ် (၈) ကုံး လှူဒါန်းပြီး လိုရာဆုတောင်းပါ။

သောကြာနေ့
ယခုနှစ်တွင် ခရီးသွား၍ စီးပွားရှာရာတွင် အောင်မြင်မှုရှိသော်လည်း ခရီးစဉ်အခက်ခဲမကြာခန ကြုံတွေ့ရတတ်သည်။ မျက်နှာပွင့်လန်ပြီး ဆုံးဖြတ်ရခက်ခဲတတ်ပါသည်။ အလုပ်ကိစ္စများအောင်မြင်မှုရှိနိုင်သော်လည်း အနှောက်ယှက်များရှိနေတတ်၏။ စိတ်ရှည်သီးခံပြီးအလုပ်ကိုလုပ်ပါ။ အဆင်ပြေအောင်မြင်မှု ရရှိပေလိမ့်မည်။ အဖျော်ယမကာ၊ ဟိုတယ် ဆက်စပ်သောလုပ်ငန်းများ အဆင်ပြေအကျိုးပေးလိမ့်မည်။ ပညာရေးတွင်ထူးချွန်မည်။ကျန်းမာရေးတွင် သွေးတိုးရောဂါခံစားရတတ်၏။
ယတြာ။ ။မွေးနေ့နံနက် ၇ :၁၈ အချိန်တွင် ရွက်လှ (၈) ညွန့် လှူဒါန်းပြီး လိုရာဆုတောင်းပါ။

စနေ့နေ့
ယခုနှစ်တွင် လုပ်ငန်းဟောင်းမှ အကြွေးများ ဝင်လာပီး ကူညီပေးတတ်သော မိတ်ဆွေတို့ကြောင့် စီးပွားရေးလုပ်ငန်း ချဲ့ထွင်လာနိုင်မည်။ ငွေရှာဖွေရလွယ်ကူသလို အကြောင်းအမျိုးမျိုးကြောင့် ငွေကုန်ကြေးကျများတတ်သည်။ ဆွေမျိုးများထံမှ ကူညီမစမှုများ ရရှိပေလိမ့်မည်။ အောက်လက်ငယ်သားထံမှ ဝမ်းသာဖွယ် သတင်းကောင်းကြားရမည်။ ကျန်းမာရေးတွင် ခါးနှင့် အဆစ်မြစ်ကိုက်ခဲသော ဝေဒနာခံစားရတတ်သည်။
ယတြာ။ ။မွေးနေ့ နံနက် ၈း၁၁ အချိန်တွင် မေမြို့ပန်း (၁၉) ပွင့် လှူဒါန်းပြီး လိုရာဆုတောင်းပါ ။