ယူရိုပါလိဂ်ဖလားကို အရယူဖို့ ရည်မှန်းချက်ထားနေတဲ့ အာဆင်နယ် ခံစစ်မှူး

[UNICODE]

အာဆင်နယ်အသင်းရဲ့ ဝါရင့်ခံစစ်မှူး ဒေးဗစ် လူးဝီးစ်က အသင်းနဲ့အတူ ရာသီကုန်မှာ ယူရိုပါလိဂ်ဆုဖလား ရယူနိုင်ဖို့ ရည်မှန်းချက်ထားရှိထားတယ်လို့ နော်ဝေကလပ် မိုလ်ဒီအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂန်းနားတွေဟာ မိုလ်ဒီကို အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာ ယူရိုပါလိဂ် အုပ်စုအဆင့်မှာ ၃ ပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့တာမို့ နောက်တစ်ဆင့်ဖြစ်တဲ့ ၃၂ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ရမှတ် ၁ မှတ်သာ ထပ်မံစုဆောင်းဖို့ လိုအပ်တော့တာပါ။

အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ်လူမျိုး ခံစစ်မှူး လူးဝီးစ်ကတော့ ယမန်နှစ်ရာသီတုန်းက ပြည်တွင်းရှုံးထွက်ဖလားဖြစ်တဲ့ FA ဖလားကို သိမ်းပိုက်နိုင်ခဲ့သလို ယခုရာသီမှာလည်း ယူရိုပါလိဂ်ဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုသွားခဲ့ပါတယ်။

“ကျွန်တော်တို့က ထိပ်သီးအသင်းကြီးတစ်သင်းလေ။ ပြိုင်ပွဲတိုင်းမှာ ဆုဖလား ရယူနိုင်ဖို့ မျှော်မှန်းချက် ကြီးကြီးမားမားထားရှိထားရမှာပေါ့။ ဒီပြိုင်ပွဲက ခြားနားပါတယ်။ ကျွန်တော်တို့အားလုံး အကောင်းဆုံးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါမှ ကျွန်တော်တို့ ဗိုလ်လုပွဲဆီကို ချီတက်နိုင်မှာဖြစ်ပြီး ဆုဖလား ရယူဖို့ အခွင့်အရေးရနိုင်မှာပါ” လို့ ချယ်လ်ဆီးအသင်းနဲ့အတူ ယူရိုပါလိဂ်ဆုဖလားကို ၂ ကြိမ် ရယူခဲ့ဖူးတဲ့ လူးဝီးစ်က ဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ တစ်လှမ်းချင်း ရွေ့လျားရပါမယ်။ ဒီနေ့ခေတ်မှာ အသင်းကောင်းတွေကို ရင်ဆိုင်ရတာက ခက်ခဲပါတယ်။ ဒါပေမယ့် ဒီအတွက်နဲ့တော့ ရည်မှန်းချက်ကိုတော့ လက်လွှတ်လိုက်စရာအကြောင်းမရှိပါဘူး။ အသင်းတိုင်း ကောင်းမွန်တိုးတက်လာကြတာကို သိပါတယ်။ ကျွန်တော်တို့ ရိုးရိုးရှင်းရှင်းနဲ့ တစ်လှမ်းချင်း ချီတွက်သွားရင် ရည်မှန်းချက်ပန်းတိုင်ဆီကို ရောက်မှာပါ” လို့လည်း လူးဝီးစ်က ဆိုသွားခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ်ရာသီမှာ ယူရိုပါလိဂ်ဆုဖလားကို ရယူနိုင်ဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေတဲ့အသင်းဖြစ်ပြီး အသင်းရဲ့သမိုင်းကြောင်းတစ်လျှောက်မှာ အဆိုပါဆုဖလားကို တစ်ကြိမ်မှ ကိုင်မြှောက်နိုင်ခဲ့ခြင်းမရှိသေးပေမယ့် ၂၀၁၈ ခုနှစ်တုန်းက ဆီမီးဖိုင်နယ်နဲ့ ၂၀၁၉ ခုနှစ်မှာ ဗိုလ်လုပွဲအဆင့်ဆီကို တက်လှမ်းခဲ့ဖူးပါတယ်။

Source: The Standard

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ ဝါရင့္ခံစစ္မွဴး ေဒးဗစ္ လူးဝီးစ္က အသင္းနဲ႔အတူ ရာသီကုန္မွာ ယူရိုပါလိဂ္ဆုဖလား ရယူႏုိင္ဖို႔ ရည္မွန္းခ်က္ထားရွိထားတယ္လုိ႔ ေနာ္ေဝကလပ္ မိုလ္ဒီအသင္းကို အႏုိင္ရရွိခဲ့တဲ့ ပြဲစဥ္အျပီးမွာ ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။

ဂန္းနားေတြဟာ မိုလ္ဒီကို အႏိုင္ရရွိခဲ့ျပီးတဲ့ေနာက္မွာ ယူရိုပါလိဂ္ အုပ္စုအဆင့္မွာ ၃ ပြဲဆက္ႏုိင္ပြဲရယူႏုိင္ခဲ့တာမို႔ ေနာက္တစ္ဆင့္ျဖစ္တဲ့ ၃၂ သင္း ရံႈးထြက္အဆင့္ကို တက္ေရာက္ႏုိင္ဖို႔ ရမွတ္ ၁ မွတ္သာ ထပ္မံစုေဆာင္းဖို႔ လိုအပ္ေတာ့တာပါ။

အသက္ ၃၃ ႏွစ္အရြယ္ရွိေနျပီျဖစ္တဲ့ ဘရာဇီးလ္လူမ်ိဳး ခံစစ္မွဴး လူးဝီးစ္ကေတာ့ ယမန္ႏွစ္ရာသီတုန္းက ျပည္တြင္းရံႈးထြက္ဖလားျဖစ္တဲ့ FA ဖလားကို သိမ္းပိုက္ႏုိင္ခဲ့သလို ယခုရာသီမွာလည္း ယူရိုပါလိဂ္ဆုဖလားကို ရယူႏုိင္ဖို႔ ပစ္မွတ္ထားေနတယ္လို႔ ဆိုသြားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔က ထိပ္သီးအသင္းၾကီးတစ္သင္းေလ။ ျပိဳင္ပြဲတုိင္းမွာ ဆုဖလား ရယူႏုိင္ဖို႔ ေမွ်ာ္မွန္းခ်က္ ၾကီးၾကီးမားမားထားရွိထားရမွာေပါ့။ ဒီျပိဳင္ပြဲက ျခားနားပါတယ္။ ကၽြန္ေတာ္တို႔အားလံုး အေကာင္းဆံုးလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ ဒါမွ ကၽြန္ေတာ္တို႔ ဗိုလ္လုပြဲဆီကို ခ်ီတက္ႏုိင္မွာျဖစ္ျပီး ဆုဖလား ရယူဖို႔ အခြင့္အေရးရႏိုင္မွာပါ” လို႔ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ယူရိုပါလိဂ္ဆုဖလားကို ၂ ၾကိမ္ ရယူခဲ့ဖူးတဲ့ လူးဝီးစ္က ဆိုခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ တစ္လွမ္းခ်င္း ေရြ႕လ်ားရပါမယ္။ ဒီေန႔ေခတ္မွာ အသင္းေကာင္းေတြကို ရင္ဆုိင္ရတာက ခက္ခဲပါတယ္။ ဒါေပမယ့္ ဒီအတြက္နဲ႔ေတာ့ ရည္မွန္းခ်က္ကိုေတာ့ လက္လႊတ္လိုက္စရာအေၾကာင္းမရွိပါဘူး။ အသင္းတုိင္း ေကာင္းမြန္တိုးတက္လာၾကတာကို သိပါတယ္။ ကၽြန္ေတာ္တို႔ ရိုးရိုးရွင္းရွင္းနဲ႔ တစ္လွမ္းခ်င္း ခ်ီတြက္သြားရင္ ရည္မွန္းခ်က္ပန္းတိုင္ဆီကို ေရာက္မွာပါ” လို႔လည္း လူးဝီးစ္က ဆိုသြားခဲ့ပါေသးတယ္။

အာဆင္နယ္အသင္းဟာ ယခုႏွစ္ရာသီမွာ ယူရိုပါလိဂ္ဆုဖလားကို ရယူႏုိင္ဖို႔ ထိပ္ဆံုးကေန ေရပန္းစားေနတဲ့အသင္းျဖစ္ျပီး အသင္းရဲ႕သမုိင္းေၾကာင္းတစ္ေလွ်ာက္မွာ အဆုိပါဆုဖလားကို တစ္ၾကိမ္မွ ကိုင္ေျမွာက္ႏုိင္ခဲ့ျခင္းမရွိေသးေပမယ့္ ၂၀၁၈ ခုႏွစ္တုန္းက ဆီမီးဖိုင္နယ္နဲ႔ ၂၀၁၉ ခုႏွစ္မွာ ဗိုလ္လုပြဲအဆင့္ဆီကို တက္လွမ္းခဲ့ဖူးပါတယ္။

Source: The Standard

Leave a Reply