ယူရိုပါလိဂ် အုပ်စုအဆင့်ရဲ့ အကောင်းဆုံးကစားသမားဖြစ်လာတဲ့ နီကိုလပ် ပက်ပေ

[UNICODE]

အာဆင်နယ်အသင်းက အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမား နီကိုလပ် ပက်ပေကို ယခုနှစ်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် အကောင်းဆုံး ကစားသမား (Europa League player of the group stage) အဖြစ် WhoScored.com က သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ပြင်သစ်ဖွား အိုင်ဗရီကို့စ်ကြယ်ပွင့်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ အာဆင်နယ်အသင်းအတွက် ၆ ပွဲလုံးမှာ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၃ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။ လိမ်ခေါက်ဖြတ်ကျော်မှုကလည်း ၁၉ ကြိမ်အထိ ရှိခဲ့တာပါ။

ပက်ပေအနေနဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုံးကန်နေရပေမယ့် ယူရိုပါလိဂ်မှာတော့ ဆက်တိုက်ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး Rating သတ်မှတ်ချကမှာ ပျမ်းမျှ ရမှတ် ၈.၅၃ မှတ်အထိ ရရှိခဲ့ပါတယ်။ ပက်ပေဟာ တစ်ပွဲကို ပျမ်းမျှ အခွင့်အရေးဖန်တီးမှု ၃.၃ ကြိမ်အထိရှိခဲ့ပြီး ဘောလုံးပေးပို့မှုမှာလည်း တစ်ပွဲ ပျမ်းမျှ ၄၂ ကြိမ်အထိ ပေးပို့နိုင်ခဲ့ပါတယ်။

ပက်ပေဟာ လိုင်လီအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ တူရကီကြယ်ပွင့် ယူဆက်ဖ် ယာဇီချီ (၈.၀၃ မှတ်) နဲ့ အာဆင်နယ်အသင်းဖော် ဂျိုး ဝေးလော့ခ် (၈.၀ မှတ်) တို့ကို ကျော်ဖြတ်ပြီး Europa League player of the group stage အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

အုပ်စု B မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာလည်း လူငယ်တွေရဲ့ ခြေစွမ်းပြသမှုနဲ့အတူ ၂၀၂၀-၂၁ ရာသီ ယူရိုပါလိဂ် အုပ်စုအဆင့်ရဲ့ အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ အုပ်စုအဆင့်မှာ ၆ ပွဲကစား – ၆ ပွဲနိုင်၊ သွင်းဂိုး ၂၀၊ ပေးဂိုး ၅ ဂိုး၊ ဂိုးပေါက်ကန်သွင်းမှု ၁၀၈ ကြိမ်၊ ဂိုးပေါက်တည့်မှု ၄၂ ကြိမ်၊ ပျမ်းမျှ ဘောလုံးပိုင်ဆိုင်မှု ၆၁%၊ တိကျတဲ့ ဘောလုံးပေးပို့မှု ၈၈%၊ တစ်ပွဲပျမ်းမျှ ၃.၃၃ ဂိုးနှုန်းအထိ စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

Source: WhoScored.com

[ZAWGYI]

အာဆင္နယ္အသင္းက အသက္ ၂၅ ႏွစ္အရြယ္ ေတာင္ပံကစားသမား နီကိုလပ္ ပက္ေပကို ယခုႏွစ္ရာသီ ယူရိုပါလိဂ္ျပိဳင္ပြဲရဲ႕ အုပ္စုအဆင့္ အေကာင္းဆံုး ကစားသမား (Europa League player of the group stage) အျဖစ္ WhoScored.com က သတ္မွတ္ျခင္းခံခဲ့ရပါတယ္။

ျပင္သစ္ဖြား အိုင္ဗရီကို႔စ္ၾကယ္ပြင့္ဟာ ယူရိုပါလိဂ္ျပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မွာ အာဆင္နယ္အသင္းအတြက္ ၆ ပြဲလံုးမွာ ပါဝင္ကစားခဲ့ျပီး သြင္းဂိုး ၃ ဂိုးသြင္းယူကာ ၃ ဂိုးဖန္တီးေပးႏုိင္ခဲ့သူျဖစ္ပါတယ္။ လိမ္ေခါက္ျဖတ္ေက်ာ္မႈကလည္း ၁၉ ၾကိမ္အထိ ရွိခဲ့တာပါ။

ပက္ေပအေနနဲ႔ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပသႏုိင္ဖို႔ ရံုးကန္ေနရေပမယ့္ ယူရိုပါလိဂ္မွာေတာ့ ဆက္တုိက္ေျခစြမ္းေကာင္းေတြျပသႏုိင္ခဲ့ျပီး Rating သတ္မွတ္ခ်ကမွာ ပ်မ္းမွ် ရမွတ္ ၈.၅၃ မွတ္အထိ ရရွိခဲ့ပါတယ္။ ပက္ေပဟာ တစ္ပြဲကို ပ်မ္းမွ် အခြင့္အေရးဖန္တီးမႈ ၃.၃ ၾကိမ္အထိရွိခဲ့ျပီး ေဘာလံုးေပးပို႔မႈမွာလည္း တစ္ပြဲ ပ်မ္းမွ် ၄၂ ၾကိမ္အထိ ေပးပို႔ႏုိင္ခဲ့ပါတယ္။

ပက္ေပဟာ လိုင္လီအသင္းမွာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ တူရကီၾကယ္ပြင့္ ယူဆက္ဖ္ ယာဇီခ်ီ (၈.၀၃ မွတ္) နဲ႔ အာဆင္နယ္အသင္းေဖာ္ ဂ်ိဳး ေဝးေလာ့ခ္ (၈.၀ မွတ္) တို႔ကို ေက်ာ္ျဖတ္ျပီး Europa League player of the group stage အျဖစ္ သတ္မွတ္ခံခဲ့ရတာျဖစ္ပါတယ္။

အုပ္စု B မွာ ပါဝင္ယွဥ္ျပိဳင္ခဲ့ရတဲ့ အာဆင္နယ္အသင္းဟာလည္း လူငယ္ေတြရဲ႕ ေျခစြမ္းျပသမႈနဲ႔အတူ ၂၀၂၀-၂၁ ရာသီ ယူရိုပါလိဂ္ အုပ္စုအဆင့္ရဲ႕ အေကာင္းဆံုးအသင္းအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

အာဆင္နယ္အသင္းဟာ အုပ္စုအဆင့္မွာ ၆ ပြဲကစား – ၆ ပြဲႏုိင္၊ သြင္းဂိုး ၂၀၊ ေပးဂိုး ၅ ဂိုး၊ ဂိုးေပါက္ကန္သြင္းမႈ ၁၀၈ ၾကိမ္၊ ဂိုးေပါက္တည့္မႈ ၄၂ ၾကိမ္၊ ပ်မ္းမွ် ေဘာလံုးပိုင္ဆုိင္မႈ ၆၁%၊ တိက်တဲ့ ေဘာလံုးေပးပို႔မႈ ၈၈%၊ တစ္ပြဲပ်မ္းမွ် ၃.၃၃ ဂိုးႏႈန္းအထိ စြမ္းေဆာင္ႏုိင္ခဲ့တာျဖစ္ပါတယ္။

Source: WhoScored.com

Leave a Reply