ယူရို ၂၀၂၀ ပြိုင်ပွဲမှာ စမစ်-ရိုးနဲ့ ဆာကာတို့ နှစ်ဦးလုံးကို မြင်ရတော့မလား

[UNICODE]

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဂါရက်သ် ဆောက်သ်ဂိတ်က သူ့အနေနဲ့ အာဆင်နယ်အသင်းက လူငယ်ကစားသမားတွေဖြစ်ကြတဲ့ အီမီလီ စမစ်-ရိုးနဲ့ ဘူကာယို ဆာကာတို့ရဲ့ ခြေစွမ်းနဲ့ ပင်ကိုယ်အရည်အသွေးတွေကို အထူးသဘောကျကြောင်းနဲ့ အခွင့်အရေးပေးဖို့ ရည်ရွယ်ထားကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

အသက် ၂၀ အရွယ် စမစ်-ရိုးနဲ့ အသက် ၁၉ နှစ်အရွယ် ဆာကာတို့ကို ယခုလထဲမှာ ကစားရဖို့ရှိနေတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာ ပါဝင်ကစားခိုင်းဖို့ အခွင့်အလမ်းများနေတယ်လို့ ဆောက်သ်ဂိတ်က ဆိုခဲ့ပြီး ကျေနပ်လောက်ဖွယ်ခြေစွမ်းမျိုးရှိခဲ့မယ်ဆိုရင် နွေရာသီမှာကစားမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲဆီ ခေါ်ဆောင်သွားနိုင်ခြေရှိနေတယ်လို့ ဆိုပါတယ်။

“အီမီလီ စမစ်-ရိုးက အာဆင်နယ်မှာ သူနဲ့ထိုက်တန်တဲ့ အခွင့်အရေးကို ဖမ်းဆုပ်နိုင်ခဲ့ပါပြီ။ ဒီကလေး နှစ်ယောက်က စိတ်ဝင်စားဖို့ကောင်းသလို ပင်ကိုယ်အရည်အသွေးလည်း ရှိတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ငွေကြေးမသုံးစွဲရပဲ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တာမို့ အာဆင်နယ်လို ထိပ်တန်းအသင်းအတွက် ဂုဏ်ယူစရာပါ” လို့ ဆောက်သ်ဂိတ်က ဆိုခဲ့ပါတယ်။

ဒါ့အပြင် လက်ရွေးစင်အခွင့်အရေးနဲ့ ပတ်သက်လို့လည်း “အင်္ဂလန်လက်ရွေးစင်အသင်းမှာ ခြေစွမ်းထက်လူငယ်တွေအတွက် အခွင့်အရေး အမြဲရှိပါတယ်။ သူတို့နဲ့ ထိုက်တန်တဲ့ အခွင့်အရေးမျိုးတွေ ရလာမှာပါ။ ဆာကာနဲ့ စမစ်-ရိုးက အသင်းအတွက် လတ်ဆတ်တဲ့ လေကောင်းလေးသန့်လို လူငယ်မျိုးတွေပါပဲ။ သူတို့သာ အခွင့်အရေးကို အသုံးချနိုင်ခဲ့မယ်ဆိုရင် လက်ရွေးစင်အသင်းအတွက်လည်း အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်” လို့ ဆောက်သ်ဂိတ်က talkSPORT သတင်းဌာနကို ပြောဆိုသွားခဲ့ပါတယ်။

ဘူကာယို ဆာကာဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်ပြီး အီမီလီ စမစ်-ရိုးကတော့ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖူးခြင်းမရှိသေးပါဘူး။

ယူရို ၂၀၂၀ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အပြီးသတ်လူစာရင်းကို မတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမယ်လို့ FA က ကြေညာချက်ထုတ်ပြန်ထားပြီး ဆာကာ၊ စမစ်-ရိုးတို့အပြင် ဖီးလ် ဖိုဒန်၊ ဂျက် ဂရီးလစ်ရှ်၊ မေဆင် မောင့်တို့လိုမျိုး တခြားမျက်နှာသစ်တွေဟာလည်း အပြီးသတ်လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ ရေပန်းစားနေကြပါတယ်။

Source: talkSPORT, Standard

[ZAWGYI]

အဂၤလန္လက္ေရြးစင္အသင္းရဲ႕ နည္းျပခ်ဳပ္ ဂါရက္သ္ ေဆာက္သ္ဂိတ္က သူ႔႔အေနနဲ႔ အာဆင္နယ္အသင္းက လူငယ္ကစားသမားေတြျဖစ္ၾကတဲ့ အီမီလီ စမစ္-ရိုးနဲ႔ ဘူကာယို ဆာကာတို႔ရဲ႕ ေျခစြမ္းနဲ႔ ပင္ကိုယ္အရည္အေသြးေတြကို အထူးသေဘာက်ေၾကာင္းနဲ႔ အခြင့္အေရးေပးဖို႔ ရည္ရြယ္ထားေၾကာင္း ထုတ္ေျပာလာခဲ့ပါတယ္။

အသက္ ၂၀ အရြယ္ စမစ္-ရိုးနဲ႔ အသက္ ၁၉ ႏွစ္အရြယ္ ဆာကာတို႔ကို ယခုလထဲမွာ ကစားရဖို႔ရွိေနတဲ့ ကမၻာ့ဖလား ေျခစစ္ပြဲစဥ္ေတြမွာ ပါဝင္ကစားခုိင္းဖို႔ အခြင့္အလမ္းမ်ားေနတယ္လုိ႔ ေဆာက္သ္ဂိတ္က ဆိုခဲ့ျပီး ေက်နပ္ေလာက္ဖြယ္ေျခစြမ္းမ်ိဳးရွိခဲ့မယ္ဆိုရင္ ေႏြရာသီမွာကစားမယ့္ ယူရုိ ၂၀၂၀ ျပိဳင္ပြဲဆီ ေခၚေဆာင္သြားႏုိင္ေျခရွိေနတယ္လုိ႔ ဆုိပါတယ္။

“အီမီလီ စမစ္-ရိုးက အာဆင္နယ္မွာ သူနဲ႔ထိုက္တန္တဲ့ အခြင့္အေရးကို ဖမ္းဆုပ္ႏိုင္ခဲ့ပါျပီ။ ဒီကေလး ႏွစ္ေယာက္က စိတ္ဝင္စားဖို႔ေကာင္းသလို ပင္ကိုယ္အရည္အေသြးလည္း ရွိတယ္ဆိုတာကို ကၽြန္ေတာ္တို႔ သိပါတယ္။ ေငြေၾကးမသံုးစြဲရပဲ အကယ္ဒမီကေန ထြက္ေပၚလာခဲ့တာမို႔ အာဆင္နယ္လို ထိပ္တန္းအသင္းအတြက္ ဂုဏ္ယူစရာပါ” လို႔ ေဆာက္သ္ဂိတ္က ဆုိခဲ့ပါတယ္။

ဒါ့အျပင္ လက္ေရြးစင္အခြင့္အေရးနဲ႔ ပတ္သက္လို႔လည္း “အဂၤလန္လက္ေရြးစင္အသင္းမွာ ေျခစြမ္းထက္လူငယ္ေတြအတြက္ အခြင့္အေရး အျမဲရွိပါတယ္။ သူတို႔နဲ႔ ထိုက္တန္တဲ့ အခြင့္အေရးမ်ိဳးေတြ ရလာမွာပါ။ ဆာကာနဲ႔ စမစ္-ရိုးက အသင္းအတြက္ လတ္ဆတ္တဲ့ ေလေကာင္းေလးသန္႔လို လူငယ္မ်ိဳးေတြပါပဲ။ သူတို႔သာ အခြင့္အေရးကို အသံုးခ်ႏိုင္ခဲ့မယ္ဆိုရင္ လက္ေရြးစင္အသင္းအတြက္လည္း အက်ိဳးရွိမယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေဆာက္သ္ဂိတ္က talkSPORT သတင္းဌာနကို ေျပာဆိုသြားခဲ့ပါတယ္။

ဘူကာယို ဆာကာဟာ ျပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္အတြင္းမွာ အဂၤလန္လက္ေရြးစင္အသင္းမွာ စတင္ေရြးခ်ယ္ျခင္းခံခဲ့ရသူျဖစ္ျပီး အီမီလီ စမစ္-ရိုးကေတာ့ လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံရဖူးျခင္းမရွိေသးပါဘူး။

ယူရို ၂၀၂၀ ျပိဳင္ပြဲဝင္မယ့္ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ အျပီးသတ္လူစာရင္းကို မတ္လ ၁၈ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာသြားမယ္လုိ႔ FA က ေၾကညာခ်က္ထုတ္ျပန္ထားျပီး ဆာကာ၊ စမစ္-ရိုးတို႔အျပင္ ဖီးလ္ ဖိုဒန္၊ ဂ်က္ ဂရီးလစ္ရွ္၊ ေမဆင္ ေမာင့္တို႔လိုမ်ိဳး တျခားမ်က္ႏွာသစ္ေတြဟာလည္း အျပီးသတ္လူစာရင္းမွာ ပါဝင္ခြင့္ရဖို႔ ေရပန္းစားေနၾကပါတယ္။

Source: talkSPORT, Standard

Leave a Reply