
[UNICODE]
နိုင်ငံတကာပြိုင်ပွဲတွေရှိတဲ့ နှစ်တစ်နှစ်ဖြစ်တာနဲ့အညီ ဥရောပက ကလပ်အသင်းတိုင်းဟာ သူတို့ ဖြည့်တင်းချင်တဲ့နေရာတွေကို ဖြည့်တင်းဖို့ ကစားသမားသစ်တွေကို ပြိုင်ပွဲတွေမှာ အပြိုင်အဆိုင် စောင့်ကြည့်နေကြပါတယ်။
ကွင်းလယ်တိုက်စစ်နဲ့ ကွင်းလယ်ဗဟိုနေရာတွေမှာ ကစားသမား ၃ ဦးလောက်အထိ ဖြည့်တင်းဖို့ရှိနေတဲ့ အာဆင်နယ်အသင်းဟာလည်း ပြင်ပမှာ ဘစ်ဆူးမား၊ နီးဗက်စ်၊ ဂွီဒို၊ ဘာ့ဂျ်တို့ကို ချဉ်းကပ်မှုတွေ ပြုလုပ်နေသလို ယူရိုပြိုင်ပွဲမှာ ထွန်းတောက်လာနိုင်ခြေရှိတဲ့ ကြယ်ပွင့်တစ်ချို့ကိုလည်း စောင့်ကြည့်သွားဖို့ ရှိနေပါတယ်။
ဒန်နီ စီဘာယော့စ်ကို လက်လွှတ်လိုက်ပြီဖြစ်ပြီး ရှာခါ၊ ဂွမ်ဒူဇီနဲ့ တော်ရဲယားတို့ကို ရောင်းထုတ်တော့မှာဖြစ်သလို အယ်လ်နီနီကိုလည်း စာချုပ်သက်တမ်းတိုးမြှင့်ဖြစ်ဖွယ်မရှိဖြစ်နေတဲ့ အာဆင်နယ်အသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းလယ်လူ ၅ ဦးအထိ စောင့်ကြည့်သွားမှာပါ။ အာဆင်နယ်အသင်း စောင့်ကြည့်သွားမယ့် ကွင်းလယ်လူ ၅ ဦးကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ ဖလိုရီယန် နီဟောက်စ်
နိုင်ငံ – ဂျာမနီ
ကလပ် – မိုချန်ဂလက်ဘတ်
အသက် ၂၄ နှစ်
တန်ကြေး – ယူရို သန်း ၄၀ (စာချုပ်ဖျက်သိမ်းခ)
နီဟောက်စ်ဟာ ကွင်းလယ်လူတွေထဲမှာ ရှားပါးအမျိုးအစားဖြစ်တဲ့ ဘယ်ခြေညာခြေ ၂ မျိုးလုံး အသုံးပြုနိုင်သူဖြစ်ပါတယ်။ မှတ်မှတ်ရရ ကာဇိုလာမရှိတော့ကတည်းက အာဆင်နယ်ကွင်းလယ်မှာ Two-footed player မျိုးမရှိတော့တာ ခုထိပါပဲ။ ဒါ့အပြင် နီဟောက်စ်ဟာ လျှင်မြန်ပြီး အလိမ်အခေါက်နဲ့ တိကျတဲ့ အနိမ့်ဘောပေးပို့မှုတွေက သူ့ရဲ့ အားသာချက်တွေပါပဲ။ ဂျာမန်သားဟာ တစ်ပွဲပျမ်းမျှ ဘောလုံးပေးပို့မှု တိကျနှုန်း ၉၅% အထိရှိသူပါ။ ကွင်းလယ်ဗဟိုကစားသမားဖြစ်ပြီး ခံစစ်ထက် တိုက်စစ်လိုက်ပါရတာကို အားသန်သူမို့ Bos-to-Box ကစားသမားအဖြစ် ကောင်းကောင်း အသုံးချနိုင်မယ့် သူမျိုးဖြစ်ပါတယ်။

၂။ ကွန်ရက်ဒ် လိုင်မာ
နိုင်ငံ – သြစတြီးယား
ကလပ် – လိုက်ပ်ဇစ်
အသက် – ၂၄
တန်ကြေး – ပေါင် သန်း ၂၀-၃၀ ကြား
ကွန်ရက်ဒ်ရဲ့ ပြီးခဲ့တဲ့ရာသီ ခြေစွမ်းအကြောင်းက ပြောစရာသိပ်မရှိပါဘူး။ အကြောင်းအရင်းကတော့ ကာလရှည် ခြေကျင်းဝတ်ဒါဏ်ရာပြဿနာကြောင့် တစ်ရာသီလုံးမှာ ၁ ပွဲပဲပါဝင်ကစားခဲ့ရတာကြောင့်ပါ။ ဒါပေမယ့်လည်း ရှေ့ရာသီတွေက သူ့ရဲ့ ခြေစွမ်းကိုပြန်ကြည့်မယ်ဆိုရင်တော့ ခွန်အား၊ ကြံ့ခိုင်မှု အပြည့်အဝနဲ့ ရုံးကန်ကစားတတ်ပြီး ကွင်းလယ်ကို စိတ်ဓာတ်ပြင်းပြင်းနဲ့ မောင်းနှင်နိုင်ကစားလေ့ရှိသူတစ်ယောက်ဖြစ်တာကို မြင်တွေ့ရပါလိမ့်မယ်။ ပြောရရင် အာဆင်နယ်အသင်းမှာ လိုအပ်နေတဲ့ကစားသမားမျိုးပါ။ သြစတြီးယားသားဟာ ၂ ယောက်တွဲကွင်းလယ်အထိုင်မှာ ပိုခြေစွမ်းကောင်းမွန်တတ်တာမို့ ပါတေးအတွက် တွဲဖက်ရှာဖွေနေတဲ့ အာဆင်နယ်အသင်း သူ့ကို စောင့်ကြည့်နေတာ သိပ်တော့မထူးဆန်းလှပါဘူး။ နောက်ပြီး ကွန်ရက်ဒ်က ညာနောက်ခံအဖြစ်လည်း ကစားနိုင်စွမ်းရှိပါတယ်။ လက်ရှိအချိန်မှာ သူ့ရဲ့တန်ကြေး သက်သာနေတာဟာ ယမန်နှစ်ရာသီတုန်းက ပွဲများများစားစား မကစားခဲ့ရတာကြောင့်သာဖြစ်ပြီး ခုလောလောဆယ် ယူရိုမှာ ခြေစွမ်းပြသနိုင်နေတာကြောင့် ပြိုင်ပွဲပြီးချိန်မှာ တန်ကြေးမြင့်လာဖို့ရှိနေပါတယ်။

၃။ ရိုင်ယန် ဂရာဗင်ဘာ့ချ်
နိုင်ငံ – နယ်သာလန်
ကလပ် – အိုင်းယက်စ်
အသက် – ၁၉
တန်ကြေး – ပေါင် ၂၇ သန်း
FIFA ဘောလုံးဂိမ်းတွေ ကစားဖူးသူတွေဆိုရင် ဂရာဗင်ဘာ့ချ်ရဲ့ အလားအလာနဲ့ ခြေစွမ်းကို ကောင်းကောင်းသိကြပါလိမ့်မယ်။ နယ်သာလန်သားလေးဟာ ၁၇ နှစ်သား အရွယ်လောက်ကတည်းက ထိပ်တန်းဆင့်ခြေစွမ်းမျိုးကို တည်တည်ငြိမ်ငြိမ်ပြသလာခဲ့သူပါ။ ပြင်သစ်ကြယ်ပွင့် ပေါလ် ပေါ့ဘာနဲ့ ကစားဟန်ချင်းဆင်တူပြီး ဗဟိုကွင်းလယ်မှာ တိုက်စစ်-ခံစစ် ဟန်ချက်မျှအောင်ကစားနိုင်သူဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ အသင်းကနေ ထွက်ခွာတော့မယ့် လူငယ်ကွင်းလယ်လူ မက်တီယို ဂွမ်ဒူဇီရဲ့နေရာကို အဆင့်မြှင့်တင်ပြီး အစားထိုးချင်ရင် ဂရာဗင်ဘာ့ချ်က အသင့်လျော်ဆုံးလို့ ဆိုရပါလိမ့်မယ်။ ဒီကောင်လေးရဲ့ အားသာချက်တွေကတော့ ပြိုင်ဘက်ဧရိယာထဲကို ဘောလုံးဆွဲဝင်တာ၊ အလိမ်အခေါက် ညက်ညောတာ၊ ဘောလုံးပေးပို့မှုတိကျတာနဲ့ ရုပ်ပိုင်းဆိုင်ရာအရ မာကျောကြံ့ခိုင်မှု အားကောင်းတာတွေပါပဲ။ ဒါ့အပြင် အရပ်အမောင်းမြင့်မားပြီး ခြေအနှုတ်အသိမ်း သွက်လက်တာကြောင့် နယ်သာလန်အမှတ်ပေးပြိုင်ပွဲတွေမှာ လိမ်ခေါက်ဖြတ်ကျော်ဖို့ ခက်ခဲလှသူလို့လည်း နာမည်ကျော်ပါတယ်။

၄။ မန်နူယယ် လိုကာတယ်လီ
နိုင်ငံ – အီတလီ
ကလပ် – ဆက်ဆူအိုလို
အသက် – ၂၃
တန်ကြေး – ပေါင် ၃၈ သန်း
လိုကာတယ်လီဟာ ယခုနှစ် ယူရိုပြိုင်ပွဲရဲ့ Hot အဖြစ်ဆုံး ကစားသမားပါ။ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေ ဝိုင်းဝိုင်းလည်နေသလို စောင့်ကြည့်မှုတွေလည်း အလုအယက်ပြုလုပ်နေကြပါတယ်။ တူရကီနဲ့ပွဲစဉ်တုန်းက နည်းပြမန်စီနီ အသုံးပြုခဲ့တဲ့ High-Pressing ကစားကွက်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ တစ်သင်းလုံးရဲ့ ဗဟိုဝင်ရိုးအဖြစ် ကစားကွက်ကို ဟန်ချက်ထိမ်းညှိပြသွားပြီးတဲ့နောက်မှာ ဥရောပရဲ့ လိုချင်သူအများဆုံး ကွင်းလယ်လူဖြစ်လာခဲ့ပါတယ်။ အီတလီမှာ ဂျော်ဂျင်ဟိုတစ်ယောက် စိတ်ကြိုက်ကစားကွက်ဖန်တီးနိုင်ဖို့နဲ့ ဘာရယ်လာတစ်ယောက် တိုက်စစ်ကို အပြည့်အဝပံ့ပိုးနိုင်ဖို့ နောက်ကျောကနေ အပြည့်အဝ ထောက်ပံ့ပေးခဲ့သလို ဗဟိုခံစစ်က ချီလီနီနဲ့ ဘိုနူချီတို့ ပြိုင်ဘက် ဧရိယာထဲအထိပါ စိတ်ချလက်ချ ရောက်နေတဲ့အထိလည်း ခံစစ်တန်းကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဒီတော့ သူ့တန်ကြေးကို ဆက်ဆူအိုလိုဘက်က ယူရို သန်း ၈၀ အထိ ဆွဲမြှင့်လိုက်တာ သိပ်တော့မထူးဆန်းလှပါဘူး။ ဘောလုံးပေးပို့မှု၊ လုယူမှု၊ ဘောလုံးလမ်းကြောင်း တွက်ချက်မှု၊ နည်းဗျူဟာကြွယ်ဝမှုနဲ့ အာရုံစူးစိုက်မှုအပိုင်းတွေအားလုံး ကောင်းမွန်သူဖြစ်ပြီး အသင်းတစ်သင်းရဲ့ ကွင်းလယ်ကျောရိုးအဖြစ် စိတ်ချလက်ချတာဝန်ပေးလို့ရတဲ့ ကြယ်ပွင့်တစ်ပွင့်ပါ။ အာဆင်နယ်အသင်းအနေနဲ့ သူနဲ့ သောမတ် ပါတေးကို တွဲဖက်ကစားခိုင်းဖို့ စိတ်ကူးယဉ်နေပြီး ဖြစ်လာခဲ့မယ်ဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားဖြစ်ပေမယ့် ရီးရဲလ်၊ ဘာစီလိုနာ၊ မန်စီးတီး၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်၊ လီဗာပူးလ်တို့နဲ့ အပြိုင်ခေါ်ယူနိုင်ပါ့မလားဆိုတာကတော့ …

၅။ ကိုရန်တင် တိုလစ်ဆို
နိုင်ငံ – ပြင်သစ်
ကလပ် – ဘိုင်ယန်မြူးနစ်
အသက် – ၂၆ နှစ်
တန်ကြေး – ပေါင် ၁၇ သန်း
တိုလစ်ဆိုကို လိုင်ယွန်မှာရှိနေစဉ်တုန်းက အာဆင်နယ်အသင်း ပစ်မှတ်ထားဖူးပါတယ်။ ခုချိန်မှာလည်း သူ့ကို စောင့်ကြည့်နေပြန်ပါတယ်။ တိုလစ်ဆိုဟာ ဂိုးသွင်းကောင်းတဲ့အပြင် ထိပ်တန်းခြေစွမ်းမျိုးကိုလည်း ပိုင်ဆိုင်ထားတဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်ပြီး ဒါဏ်ရာအိပ်မက်ဆိုးတွေက သူ့ရဲ့ အဓိက ပြဿနာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို ခုနှစ်နွေရာသီမှာ လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်ထားတာပါ။ ဒီယာဘီ၊ ဝီလ်ရှီးယား၊ ရိုစစ္စကီး၊ ကာဇိုလာတို့လို ထိပ်တန်းခြေစွမ်းရှိပေမယ့် ဒါဏ်ရာပြဿနာတွေနဲ့ လုံးချာလိုက်ခဲ့တဲ့ကစားသမားမျိုးတွေကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ အာဆင်နယ်အသင်းအနေနဲ့ ခုချိန်မှာ တိုလစ်ဆိုကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေပြန်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသားပေးကစားဟန်နဲ့ ကိုက်ညီမှုရှိပြီး ဘောလုံးပေးပို့ချက် တိကျမှုနှုန်း ၉၁% အထိရှိတဲ့ တိုလစ်ဆိုဟာ ဒါဏ်ရာကင်းစင်နေမယ်ဆိုရင်တော့ သေချာပေါက် အားကိုးရနိုင်တဲ့ ကွင်းလယ်လူတစ်ဦးဖြစ်နေမှာပါ။
[ZAWGYI]
ႏိုင္ငံတကာျပိဳင္ပြဲေတြရွိတဲ့ ႏွစ္တစ္ႏွစ္ျဖစ္တာနဲ႔အညီ ဥေရာပက ကလပ္အသင္းတုိင္းဟာ သူတုိ႔ ျဖည့္တင္းခ်င္တဲ့ေနရာေတြကို ျဖည့္တင္းဖို႔ ကစားသမားသစ္ေတြကို ျပိဳင္ပြဲေတြမွာ အျပိဳင္အဆုိင္ ေစာင့္ၾကည့္ေနၾကပါတယ္။
ကြင္းလယ္တုိက္စစ္နဲ႔ ကြင္းလယ္ဗဟိုေနရာေတြမွာ ကစားသမား ၃ ဦးေလာက္အထိ ျဖည့္တင္းဖို႔ရွိေနတဲ့ အာဆင္နယ္အသင္းဟာလည္း ျပင္ပမွာ ဘစ္ဆူးမား၊ နီးဗက္စ္၊ ဂီြဒို၊ ဘာ့ဂ်္တို႔ကို ခ်ဥ္းကပ္မႈေတြ ျပဳလုပ္ေနသလို ယူရိုျပိဳင္ပြဲမွာ ထြန္းေတာက္လာႏုိင္ေျခရွိတဲ့ ၾကယ္ပြင့္တစ္ခ်ိဳ႕ကိုလည္း ေစာင့္ၾကည့္သြားဖို႔ ရွိေနပါတယ္။
ဒန္နီ စီဘာေယာ့စ္ကို လက္လႊတ္လိုက္ျပီျဖစ္ျပီး ရွာခါ၊ ဂြမ္ဒူဇီနဲ႔ ေတာ္ရဲယားတို႔ကို ေရာင္းထုတ္ေတာ့မွာျဖစ္သလို အယ္လ္နီနီကိုလည္း စာခ်ဳပ္သက္တမ္းတိုးျမွင့္ျဖစ္ဖြယ္မရွိျဖစ္ေနတဲ့ အာဆင္နယ္အသင္းဟာ ယူရို ၂၀၂၀ ျပိဳင္ပြဲမွာ ကြင္းလယ္လူ ၅ ဦးအထိ ေစာင့္ၾကည့္သြားမွာပါ။ အာဆင္နယ္အသင္း ေစာင့္ၾကည့္သြားမယ့္ ကြင္းလယ္လူ ၅ ဦးကို ေအာက္ပါအတုိင္း ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဖလိုရီယန္ နီေဟာက္စ္
ႏိုင္ငံ – ဂ်ာမနီ
ကလပ္ – မိုခ်န္ဂလက္ဘတ္
အသက္ ၂၄ ႏွစ္
တန္ေၾကး – ယူရို သန္း ၄၀ (စာခ်ဳပ္ဖ်က္သိမ္းခ)
နီေဟာက္စ္ဟာ ကြင္းလယ္လူေတြထဲမွာ ရွားပါးအမ်ိဳးအစားျဖစ္တဲ့ ဘယ္ေျခညာေျခ ၂ မ်ိဳးလံုး အသံုးျပဳႏိုင္သူျဖစ္ပါတယ္။ မွတ္မွတ္ရရ ကာဇိုလာမရွိေတာ့ကတည္းက အာဆင္နယ္ကြင္းလယ္မွာ Two-footed player မ်ိဳးမရွိေတာ့တာ ခုထိပါပဲ။ ဒါ့အျပင္ နီေဟာက္စ္ဟာ လွ်င္ျမန္ျပီး အလိမ္အေခါက္နဲ႔ တိက်တဲ့ အနိမ့္ေဘာေပးပို႔မႈေတြက သူ႔ရဲ႕ အားသာခ်က္ေတြပါပဲ။ ဂ်ာမန္သားဟာ တစ္ပြဲပ်မ္းမွ် ေဘာလံုးေပးပို႔မႈ တိက်ႏႈန္း ၉၅% အထိရွိသူပါ။ ကြင္းလယ္ဗဟိုကစားသမားျဖစ္ျပီး ခံစစ္ထက္ တုိက္စစ္လိုက္ပါရတာကို အားသန္သူမို႔ Bos-to-Box ကစားသမားအျဖစ္ ေကာင္းေကာင္း အသံုးခ်ႏုိင္မယ့္ သူမ်ိဳးျဖစ္ပါတယ္။

၂။ ကြန္ရက္ဒ္ လိုင္မာ
ႏိုင္ငံ – ၾသစၾတီးယား
ကလပ္ – လိုက္ပ္ဇစ္
အသက္ – ၂၄
တန္ေၾကး – ေပါင္ သန္း ၂၀-၃၀ ၾကား
ကြန္ရက္ဒ္ရဲ႕ ျပီးခဲ့တဲ့ရာသီ ေျခစြမ္းအေၾကာင္းက ေျပာစရာသိပ္မရွိပါဘူး။ အေၾကာင္းအရင္းကေတာ့ ကာလရွည္ ေျခက်င္းဝတ္ဒါဏ္ရာျပႆနာေၾကာင့္ တစ္ရာသီလံုးမွာ ၁ ပြဲပဲပါဝင္ကစားခဲ့ရတာေၾကာင့္ပါ။ ဒါေပမယ့္လည္း ေရွ႕ရာသီေတြက သူ႔ရဲ႕ ေျခစြမ္းကိုျပန္ၾကည့္မယ္ဆိုရင္ေတာ့ ခြန္အား၊ ၾကံ့ခိုင္မႈ အျပည့္အဝနဲ႔ ရံုးကန္ကစားတတ္ျပီး ကြင္းလယ္ကို စိတ္ဓာတ္ျပင္းျပင္းနဲ႔ ေမာင္းႏွင္ႏုိင္ကစားေလ့ရွိသူတစ္ေယာက္ျဖစ္တာကို ျမင္ေတြ႕ရပါလိမ့္မယ္။ ေျပာရရင္ အာဆင္နယ္အသင္းမွာ လိုအပ္ေနတဲ့ကစားသမားမ်ိဳးပါ။ ၾသစၾတီးယားသားဟာ ၂ ေယာက္တြဲကြင္းလယ္အထိုင္မွာ ပိုေျခစြမ္းေကာင္းမြန္တတ္တာမို႔ ပါေတးအတြက္ တြဲဖက္ရွာေဖြေနတဲ့ အာဆင္နယ္အသင္း သူ႔ကို ေစာင့္ၾကည့္ေနတာ သိပ္ေတာ့မထူးဆန္းလွပါဘူး။ ေနာက္ျပီး ကြန္ရက္ဒ္က ညာေနာက္ခံအျဖစ္လည္း ကစားႏုိင္စြမ္းရွိပါတယ္။ လက္ရွိအခ်ိန္မွာ သူ႔ရဲ႕တန္ေၾကး သက္သာေနတာဟာ ယမန္ႏွစ္ရာသီတုန္းက ပြဲမ်ားမ်ားစားစား မကစားခဲ့ရတာေၾကာင့္သာျဖစ္ျပီး ခုေလာေလာဆယ္ ယူရိုမွာ ေျခစြမ္းျပသႏိုင္ေနတာေၾကာင့္ ျပိဳင္ပြဲျပီးခ်ိန္မွာ တန္ေၾကးျမင့္လာဖို႔ရွိေနပါတယ္။

၃။ ရိုင္ယန္ ဂရာဗင္ဘာ့ခ်္
ႏိုင္ငံ – နယ္သာလန္
ကလပ္ – အိုင္းယက္စ္
အသက္ – ၁၉
တန္ေၾကး – ေပါင္ ၂၇ သန္း
FIFA ေဘာလံုးဂိမ္းေတြ ကစားဖူးသူေတြဆိုရင္ ဂရာဗင္ဘာ့ခ်္ရဲ႕ အလားအလာနဲ႔ ေျခစြမ္းကို ေကာင္းေကာင္းသိၾကပါလိမ့္မယ္။ နယ္သာလန္သားေလးဟာ ၁၇ ႏွစ္သား အရြယ္ေလာက္ကတည္းက ထိပ္တန္းဆင့္ေျခစြမ္းမ်ိဳးကို တည္တည္ျငိမ္ျငိမ္ျပသလာခဲ့သူပါ။ ျပင္သစ္ၾကယ္ပြင့္ ေပါလ္ ေပါ့ဘာနဲ႔ ကစားဟန္ခ်င္းဆင္တူျပီး ဗဟိုကြင္းလယ္မွာ တုိက္စစ္-ခံစစ္ ဟန္ခ်က္မွ်ေအာင္ကစားႏုိင္သူျဖစ္ပါတယ္။ အာဆင္နယ္အေနနဲ႔ အသင္းကေန ထြက္ခြာေတာ့မယ့္ လူငယ္ကြင္းလယ္လူ မက္တီယို ဂြမ္ဒူဇီရဲ႕ေနရာကို အဆင့္ျမွင့္တင္ျပီး အစားထိုးခ်င္ရင္ ဂရာဗင္ဘာ့ခ်္က အသင့္ေလ်ာ္ဆံုးလို႔ ဆိုရပါလိမ့္မယ္။ ဒီေကာင္ေလးရဲ႕ အားသာခ်က္ေတြကေတာ့ ျပိဳင္ဘက္ဧရိယာထဲကို ေဘာလံုးဆြဲဝင္တာ၊ အလိမ္အေခါက္ ညက္ေညာတာ၊ ေဘာလံုးေပးပို႔မႈတိက်တာနဲ႔ ရုပ္ပိုင္းဆိုင္ရာအရ မာေက်ာၾကံ့ခိုင္မႈ အားေကာင္းတာေတြပါပဲ။ ဒါ့အျပင္ အရပ္အေမာင္းျမင့္မားျပီး ေျခအႏႈတ္အသိမ္း သြက္လက္တာေၾကာင့္ နယ္သာလန္အမွတ္ေပးျပိဳင္ပြဲေတြမွာ လိမ္ေခါက္ျဖတ္ေက်ာ္ဖို႔ ခက္ခဲလွသူလို႔လည္း နာမည္ေက်ာ္ပါတယ္။

၄။ မန္ႏူယယ္ လိုကာတယ္လီ
ႏိုင္ငံ – အီတလီ
ကလပ္ – ဆက္ဆူအိုလို
အသက္ – ၂၃
တန္ေၾကး – ေပါင္ ၃၈ သန္း
လိုကာတယ္လီဟာ ယခုႏွစ္ ယူရိုျပိဳင္ပြဲရဲ႕ Hot အျဖစ္ဆံုး ကစားသမားပါ။ သူ႔ကို အလိုရွိေနတဲ့ ကလပ္အသင္းေတြ ဝိုင္းဝိုင္းလည္ေနသလို ေစာင့္ၾကည့္မႈေတြလည္း အလုအယက္ျပဳလုပ္ေနၾကပါတယ္။ တူရကီနဲ႔ပြဲစဥ္တုန္းက နည္းျပမန္စီနီ အသံုးျပဳခဲ့တဲ့ High-Pressing ကစားကြက္ရဲ႕ အလယ္ဗဟိုတည့္တည့္မွာ တစ္သင္းလံုးရဲ႕ ဗဟိုဝင္ရိုးအျဖစ္ ကစားကြက္ကို ဟန္ခ်က္ထိမ္းညွိျပသြားျပီးတဲ့ေနာက္မွာ ဥေရာပရဲ႕ လိုခ်င္သူအမ်ားဆံုး ကြင္းလယ္လူျဖစ္လာခဲ့ပါတယ္။ အီတလီမွာ ေဂ်ာ္ဂ်င္ဟိုတစ္ေယာက္ စိတ္ၾကိဳက္ကစားကြက္ဖန္တီးႏိုင္ဖို႔နဲ႔ ဘာရယ္လာတစ္ေယာက္ တုိက္စစ္ကို အျပည့္အဝပ့ံပိုးႏုိင္ဖို႔ ေနာက္ေက်ာကေန အျပည့္အဝ ေထာက္ပံ့ေပးခဲ့သလို ဗဟိုခံစစ္က ခ်ီလီနီနဲ႔ ဘိုႏူခ်ီတို႔ ျပိဳင္ဘက္ ဧရိယာထဲအထိပါ စိတ္ခ်လက္ခ် ေရာက္ေနတဲ့အထိလည္း ခံစစ္တန္းကို ကာကြယ္ေပးႏုိင္ခဲ့ပါတယ္။ ဒီေတာ့ သူ႔တန္ေၾကးကို ဆက္ဆူအိုလိုဘက္က ယူရို သန္း ၈၀ အထိ ဆြဲျမွင့္လိုက္တာ သိပ္ေတာ့မထူးဆန္းလွပါဘူး။ ေဘာလံုးေပးပို႔မႈ၊ လုယူမႈ၊ ေဘာလံုးလမ္းေၾကာင္း တြက္ခ်က္မႈ၊ နည္းဗ်ဴဟာၾကြယ္ဝမႈနဲ႔ အာရံုစူးစိုက္မႈအပိုင္းေတြအားလံုး ေကာင္းမြန္သူျဖစ္ျပီး အသင္းတစ္သင္းရဲ႕ ကြင္းလယ္ေက်ာရိုးအျဖစ္ စိတ္ခ်လက္ခ်တာဝန္ေပးလို႔ရတဲ့ ၾကယ္ပြင့္တစ္ပြင့္ပါ။ အာဆင္နယ္အသင္းအေနနဲ႔ သူနဲ႔ ေသာမတ္ ပါေတးကို တြဲဖက္ကစားခုိင္းဖို႔ စိတ္ကူးယဥ္ေနျပီး ျဖစ္လာခဲ့မယ္ဆိုရင္ေတာ့ အတုိင္းထက္အလြန္ တံခြန္နဲ႔ကုကၠားျဖစ္ေပမယ့္ ရီးရဲလ္၊ ဘာစီလိုနာ၊ မန္စီးတီး၊ ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္၊ လီဗာပူးလ္တို႔နဲ႔ အျပိဳင္ေခၚယူႏုိင္ပါ့မလားဆိုတာကေတာ့ …

၅။ ကိုရန္တင္ တိုလစ္ဆို
ႏိုင္ငံ – ျပင္သစ္
ကလပ္ – ဘုိင္ယန္ျမဴးနစ္
အသက္ – ၂၆ ႏွစ္
တန္ေၾကး – ေပါင္ ၁၇ သန္း
တိုလစ္ဆိုကို လိုင္ယြန္မွာရွိေနစဥ္တုန္းက အာဆင္နယ္အသင္း ပစ္မွတ္ထားဖူးပါတယ္။ ခုခ်ိန္မွာလည္း သူ႔႔ကို ေစာင့္ၾကည့္ေနျပန္ပါတယ္။ တိုလစ္ဆိုဟာ ဂိုးသြင္းေကာင္းတဲ့အျပင္ ထိပ္တန္းေျခစြမ္းမ်ိဳးကိုလည္း ပိုင္ဆုိင္ထားတဲ့ ကြင္းလယ္လူတစ္ေယာက္ျဖစ္ျပီး ဒါဏ္ရာအိပ္မက္ဆိုးေတြက သူ႔ရဲ႕ အဓိက ျပႆနာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဘုိင္ယန္ျမဴးနစ္အသင္းက သူ႔ကို ခုႏွစ္ေႏြရာသီမွာ လက္လႊတ္လိုက္ဖို႔ ဆံုးျဖတ္ထားတာပါ။ ဒီယာဘီ၊ ဝီလ္ရွီးယား၊ ရိုစစၥကီး၊ ကာဇုိလာတို႔လို ထိပ္တန္းေျခစြမ္းရွိေပမယ့္ ဒါဏ္ရာျပႆနာေတြနဲ႔ လံုးခ်ာလိုက္ခဲ့တဲ့ကစားသမားမ်ိဳးေတြကို ပိုင္ဆုိင္ခဲ့ဖူးတဲ့ အာဆင္နယ္အသင္းအေနနဲ႔ ခုခ်ိန္မွာ တိုလစ္ဆိုကို ေခၚယူဖို႔လည္း စိတ္ဝင္စားေနျပန္ပါတယ္။ ေဘာလံုးပိုင္ဆုိင္မႈ အသားေပးကစားဟန္နဲ႔ ကိုက္ညီမႈရွိျပီး ေဘာလံုးေပးပို႔ခ်က္ တိက်မႈႏႈန္း ၉၁% အထိရွိတဲ့ တိုလစ္ဆိုဟာ ဒါဏ္ရာကင္းစင္ေနမယ္ဆိုရင္ေတာ့ ေသခ်ာေပါက္ အားကိုးရႏုိင္တဲ့ ကြင္းလယ္လူတစ္ဦးျဖစ္ေနမွာပါ။